#Local_News
Published 31 July 2026
■ ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းရှိ နိုင်ငံတကာအဆင့်မီ ဝဇီရာဂုဏ်ပြုခံကဇာတ်ရုံကြီး ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် သဘင်အငြိမ့်ဖျော်ဖြေပွဲကို ယနေ့ ဇူလိုင် ၃၁ ရက် ညနေ ၄ နာရီမှ ည ၈ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) က အသိပေးထားသည်။
■ အဆိုပါ သဘင်အငြိမ့်ဖျော်ဖြေပွဲတွင် မင်းသမီး ဝင်းသပြေထွန်း၊ ဇွဲရတီတို့က ပါဝင်ဖျော်ဖြေမည်ဖြစ်ပြီး နိုင်ငံကျော်ဟာသလူရွှင်တော်များကလည်း ဟာသအငြိမ့်ခန်း များဖြင့် ပါဝင်တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
■ ထို့ပြင် ရွာစား သီရိမောင်မောင်၊ ပတ္တလားတီးဝိုင်းဖြင့် မွန်ပြည်နယ် ကိုကိုနိုင်၊ ရတနာမင်း ကျောက်ဆည်ဆင်အဖွဲ့တို့၏ ဖျော်ဖြေတင်ဆက်မှုများအပြင် ဆပ်ကပ်နှင့် မျက်လှည့်အစီအစဉ်များကိုလည်း ပဒေသာပွဲစဉ်အဖြစ် ထည့်သွင်းတင်ဆက်သွားမည်ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
■ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) က သဘင်ချစ်ပရိသတ်များအနေဖြင့် အဆိုပါဖွင့်ပွဲအထိမ်းအမှတ်ဖျော်ဖြေပွဲသို့လာရောက်ကြည့်ရှုအားပေးကြရန် ဖိတ်ကြားထားသည်။
#YMG/SW #Yangon_Times
#Local_News
(နိုင်ငံခြားရေးမူဝါဒ၊ အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံများ ဆက်ဆံရေး)
++++++++++++++++++++++++++++++++
Published 31 July 2026
၁။ နိုင်ငံခြားရေးမူဝါဒနှင့် နိုင်ငံတကာဆက်ဆံရေး အခြေခံမူများ
◾️အခြေခံဥပဒေပါ လွတ်လပ်ပြီး တက်ကြွသော၊ ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကို ဆွဲကိုင်၍ ဟန်ချက်ညီသော နိုင်ငံတကာဆက်ဆံရေးကို တည်ဆောက်လျက်ရှိသည်။
◾️အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍသီးသီးတွင် ပူးပေါင်း ဆောင်ရွက်ကာ ငြိမ်းချမ်းစွာ အတူရှင်တွဲနေထိုင်ရေး မူကြီး (၅) ရပ်နှင့်အညီ ဆက်ဆံရေးကို ခိုင်မာအောင်တည်ဆောက်သွားမည် ဖြစ်သည်။
၂။ အာဆီယံအပေါ်ရပ်တည်ချက်
◾️အာဆီယံထုတ်ပြန်ချက် (၅) ချက် သည် အာဆီယံ အဖွဲ့၏ တရားဝင် ထုတ်ပြန်ချက် မဟုတ်ဘဲ အစည်းအဝေးဥက္ကဋ္ဌ၏ ထုတ်ပြန်ချက် နောက်ဆက်တွဲအဖြစ်သာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
◾️ယင်းကို အကောင်အထည်ဖော်ရာတွင်-
(၁) အထောက်အကူ ပြုခြင်း၊(၂) နိုင်ငံအတွက် အကျိုးရှိစေခြင်း၊ (၃) အာဆီယံ ပဋိညာဉ်နှင့် ကိုက်ညီခြင်း ဟူသည့် အချက် (၃) ချက်အပေါ် အခြေခံပြီး ဖြစ်သင့်ဖြစ်နိုင်သည်များကိုသာ ညှိနှိုင်းပူးပေါင်း ဆောင်ရွက် လျက်ရှိသည်။
၃။ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်ဆက်ဆံရေး
◾️ အချို့သော အာဆီယံနိုင်ငံများ၏ ခွဲခြားဆက်ဆံမှုများအပေါ် သည်းခံ၍ အဖွဲ့ဝင်နိုင်ငံတစ်ခု၏ တာဝန်ဝတ္တရားများနှင့်အညီ ပူးပေါင်းဆောင်ရွက်ခဲ့သကဲ့သို့၊ လိုအပ်သည့် တုံ့ပြန်မှုများကိုလည်း Case by Case တုံ့ပြန်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
◾️ပကတိအခြေအနေများအပေါ် အခြေခံကာ အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို စောင့်ရှောက်ပြီး မြန်မာနိုင်ငံကဦးဆောင်သည့် "မြန်မာ့ကိုယ်ပိုင်နည်းလမ်း" ဖြင့် အာဆီယံနှင့်ဆက်ဆံရေးတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်သည်။
#Local_News
(အာကာသနည်းပညာ၊ ဂြိုဟ်တုလွှတ်တင်ရေးနှင့် အာကာသယာဉ်မှူးများ)
++++++++++++++++++++++++++++++++
Published 31 July 2026
၁။ မြန်မာအာကာသအေဂျင်စီ (Myanmar Space Agency) ဖွဲ့စည်းခြင်း
◾️အာကာသနည်းပညာကဏ္ဍတွင် ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် မြန်မာအာကာသ အေဂျင်စီကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး ဖြစ်ပါသည်။
၂။ ဂြိုဟ်တု မြေပြင်ထိန်းချုပ်ရေးနှင့် လက်တွေ့အသုံးချမှုများ
◾️ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်း တည်ဆောက်ခြင်းလုပ်ငန်းကို အောင်မြင်စွာဆောင်ရွက် နိုင်ခဲ့ပါ သည်။
◾️ဂြိုဟ်တုနည်းပညာနှင့် AI နည်းပညာကို ပေါင်းစပ်ကာ စိုက်ပျိုးရေး၊ သဘာဝဘေးအန္တရာယ် စီမံခန့် ခွဲရေးနှင့် မြေပုံချမှု စီမံခန့်ခွဲရေးစသည့် လူမှုစီးပွားရေးကဏ္ဍများတွင် လက်တွေ့အသုံးချနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။
၃။ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် ကိုယ်ပိုင်ဂြိုဟ်တုလွှတ်တင်ရေး
◾️ရုရှားနိုင်ငံနှင့် အစိုးရအချင်းချင်း သဘောတူညီချက် လက်မှတ်ရေးထိုးထားသကဲ့သို့ တရုတ်၊ အိန္ဒိယ၊ ဘီလာရုစ်အပါအဝင် နိုင်ငံတကာအာကာသအဖွဲ့အစည်းများနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
◾️မကြာမီကာလတွင် မြန်မာနိုင်ငံပိုင် ဂြိုဟ်တုကို တရုတ်နိုင်ငံနှင့်ပူးပေါင်းလွှတ်တင်နိုင်ရန် လူ့စွမ်းအားအရင်းအမြစ်နှင့် နည်းပညာပိုင်းဆိုင်ရာများကို စတင်ပြင်ဆင်နေပြီ ဖြစ်ပါသည်။
◾️မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နာနိုဂြိုဟ်တု (Nano Satellite) နှင့် မိုက်ခရိုဂြိုဟ်တု (Micro Satellite) များကိုလည်း တည်ဆောက်လွှတ်တင်သွားမည် ဖြစ်ပါသည်။
၄။ မြန်မာ့အာကာသယာဉ်မှူး အစီအစဉ်
◾️မြန်မာအာကာသယာဉ်မှူးများ အာကာသခရီးစဉ်တွင် လိုက်ပါနိုင်ရေးအတွက် ရုရှားနိုင်ငံနှင့် ပူးပေါင်းကာ အာကာသယာဉ်မှူးလောင်းများကို စိစစ်ရွေးချယ် လေ့ကျင့်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။
◾️အနာဂတ်တွင် မြန်မာနိုင်ငံသား အာကာသယာဉ်မှူးတစ်ဦး နိုင်ငံတကာအာကာသစခန်း (ISS) ၌ တာဝန်ထမ်းဆောင်နိုင်ရန် ရည်မှန်းထားပြီး ယင်းသည် နိုင်ငံနှင့်နိုင်ငံသားတို့အတွက် ဂုဏ်ယူဖွယ်ရာ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာမည်ဖြစ်ပါသည်။
#Local_News
(ပြည်တွင်းငြိမ်းချမ်းရေးနှင့်တိုင်းရင်းသားစည်းလုံးညီညွတ်ရေး)
၁။ ငြိမ်းချမ်းရေးနှင့် နိုင်ငံတော်တည်ဆောက်ရေး အခြေခံလိုအပ်ချက်
◾️ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး - ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရန်နှင့် တိုင်းပြည် တည်ငြိမ်အေးချမ်းမှု ရရှိရန်အတွက် ငြိမ်းချမ်းရေးသည် မဖြစ်မနေ လိုအပ်သည်။
◾️စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု - တိုင်းပြည် တည်ငြိမ်အေးချမ်းမှု ရှိမှသာလျှင် ပြည်သူများ၏ လူမှုစီးပွား ဘဝနှင့် နိုင်ငံတော်စီးပွားရေးကို ဖူလုံတိုးတက်အောင် ဆောင်ရွက်နိုင်မည် ။
၂။ အစိုးရ၏ ငြိမ်းချမ်းရေး မူဝါဒနှင့် ဖိတ်ခေါ်မှုများ
◾️ဥပဒေဘောင်တွင်း ဖြေရှင်းရေး - နိုင်ငံရေး သဘောထားကွဲလွဲမှုများကြောင့် လက်နက်ကိုင်လမ်းစဉ် ရောက်ရှိနေသူများကို ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ပြီး ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာရန် အလေးအနက် ထပ်မံဖိတ်ခေါ်ထားသည်။
◾️ငြိမ်းချမ်းရေးတံခါး ထာဝရဖွင့် - "ငြိမ်းချမ်းရေးတံခါးကို ထာဝရဖွင့်ထားသည်" ဟူသော ခံယူချက်ဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အားလုံးကို တွေ့ဆုံဆွေးနွေးရန် အမြဲတမ်း ဖိတ်ခေါ်လျက် ရှိပါသည်။
◾️ကန့်သတ်ချက်မရှိ ဆွေးနွေးရေး - NCA လက်မှတ် ရေးထိုးထားသည့် အဖွဲ့များသာမက မထိုးရ သေးသည့် အဖွဲ့များကိုပါ ကန့်သတ်ကမ်းလှမ်းချက် မထားဘဲ ပွင့်လင်းစွာ ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပါသည်။
◾️လက်ရှိ ဆွေးနွေးမှု ရလဒ် - အစိုးရ၏ ပွင့်လင်းသော ဖိတ်ခေါ်မှုများကြောင့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်း (၁၃) ဖွဲ့ နှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါသည်။
၃။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် သမိုင်းပေးတာဝန်
◾️သမိုင်းကြောင်းနောက်ခံ - မြန်မာနိုင်ငံသည် လွတ်လပ်ရေး မဆုံးရှုံးခင်ကတည်းက တိုင်းရင်းသား အားလုံး စုစုစည်းစည်း နေထိုင်ခဲ့ကြသည့် နိုင်ငံဖြစ်ပါသည်။
◾️ကွဲပြားမှုများ ပေါ်ပေါက်လာခြင်း - လွတ်လပ်ရေး ဆုံးရှုံးပြီးနောက်ပိုင်း သွေးခွဲမှုများနှင့် လွတ်လပ်ရေး ရပြီး နောက်ပိုင်း တွေးခေါ်မှု ကွဲပြားချက်များကြောင့် တိုင်းရင်းသားအချင်းချင်းအကြား စည်းလုံး ညီညွတ်မှု ပျက်ပြားခဲ့ရပါသည်။
◾️အနာဂတ်အတွက် စည်းလုံးညီညွတ်မှု - ယခုအခါ တိုင်းရင်းသားအားလုံး စုစည်းညီညွတ်စွာဖြင့် နိုင်ငံသစ်ကို အတူတကွ တည်ဆောက်ရန် လိုအပ်ပြီး၊ ယင်းညီညွတ်မှုခွန်အားသည် အနာဂတ်မျိုးဆက် သစ်များအတွက် တန်ဖိုးမဖြတ်နိုင်သော သမိုင်းမော်ကွန်း ဖြစ်လာမည် ဖြစ်ပါသည်။
၄။ လက်တွေ့ကျသော ဆွေးနွေးညှိနှိုင်းမှု
◾️NSPNC ၏ အခန်းကဏ္ဍ - ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) မှတစ်ဆင့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပြုသဘောဆောင်သည့် ဆွေးနွေးညှိနှိုင်းမှုများကို ဆက်လက် လုပ်ဆောင်လျက် ရှိပါသည်။
◾️ဖြစ်သင့်ဖြစ်နိုင်သည်များကို ဆွေးနွေးရေး - တိုင်းရင်းသားပြည်သူ အများစု အေးချမ်းစေရန် ငြိမ်းချမ်း ရေး တည်ဆောက်ရာတွင် မဖြစ်နိုင်သည်များကို တောင်းဆိုနေမည့်အစား ဖြစ်သင့်ဖြစ်နိုင်သည်များကိုသာ ညှိနှိုင်းတောင်းဆိုကြရန် လိုအပ်သည်။
#Local_News
Published 31 July 2026
■ သရက်သီးစိုက်ပျိုးရေး နည်းပညာသင်တန်း ကို မန္တလေးမြို့၌ အခမဲ့ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းသိရသည်။
■ အဆိုပါသင်တန်းကို မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) နဲ့ တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံကိုယ်စားလှယ်ရုံး (DHCC) တို့ ပူးပေါင်းဖွင့်လှစ်သွားမည်ဖြစ်သည်။
■ ယင်းသင်တန်းကို သင်တန်းကြေး အခမဲ့ဖြင့် ၂၀၂၆ ခုနှစ် ဩဂုတ် ၃ ရက်မှ ၄ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ MRCCI ရုံး (ရတနာပုံစူပါစင်တာ စတုတ္ထထပ်) တွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
■ သင်တန်းတက်ရောက်လိုသူများသည် သတ်မှတ်လျှောက်လွှာပုံစံကို ဖြည့်စွက်၍ ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက် ညနေ ၂ နာရီ နောက်ဆုံးထားကာ MRCCI ရုံးသို့ ပေးပို့လျှောက်ထားရမည် ဖြစ်ပြီး သင်တန်းဆရာများက စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
၂၀၂၆ ကမ္ဘာ့ဉာဏ်ရည်တုကွန်ဖရန့်(WAIC)မှာ ခင်းကျင်းပြသနေတဲ့ ဉာဏ်ရည်တုဆန်းသစ်တီထွင်မှုတွေကနေ ကျန်းမာရေးစီမံခန့်ခွဲမှုရဲ့ တိုးတက်ပြောင်းလဲမှုကို ဖော်ပြနေပါတယ်။
#Asia_Technology
Published 30 July 2026
#ရှန်ဟိုင်း
#YMG #Yangon_Times #Yangon_Media_Group
ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ရွှေကြာသင်္ကန်းဆက်ကပ်လှုဒါန်းပူဇော်ခြင်းနဲ့ ၁၃၈၈ ခုနှစ် ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာ အခါတော်နေ့)အခမ်းအနားများကို ယမန်နေ့ မနက် ၅ နာရီမှစတင်၍ စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများမှာ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပခဲ့တယ်လိံ သိရပါတယ်။
#Local_News
Published 30 July 2026
#ရွှေတိဂုံစေတီတော်မြတ်ကြီး #ရွှေကြာသင်္ကန်း
#YMG/NN #Yangon_Times
Page 43 of 2438