မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF နဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA တို့ ပူးပေါင်းဖွင့်လှစ်နေတဲ့ Regional Training Center ဒေသအလိုက် လေ့ကျင့်ရေးစင်တာတွေမှာ လေ့ကျင့်သင်ကြားဖို့အတွက် အသက်(၁၄)နှစ်အောက် အမျိုးသားနဲ့အမျိုးသမီး ကစားသမားရွေးချယ်ပွဲတွေကို ဇူလိုင် ၃၁ ရက်ကစပြီး ဩဂုတ်လအတွင်း ဒေသ(၈)ခုမှာ ကျင်းပသွားမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။
#Local_News
Published 30 July 2026
#MFF #FIFA
#YMG/SW #Yangon_Times
ပြည်တွင်း၌ ကုန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် နိုင်ငံပိုင်စက်ရုံများနဲ့ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်နေတဲ့ PPP စက်ရုံများမှ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ကျဖို စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက တိုက်တွန်းပြောကြားခဲ့ပါတယ်။
#Local_News
Published 30 July 2026
#PPPစက်ရုံ
#YMG/SW #Yangon_Times
ရန်ကုန်မြို့၊ ဗဟန်းမြိံနယ်ရှိ ကမ္ဘောဇရိပ်သာ(ချင်းချောင်းနန်းတော်)နဲ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တိုတွင် ကြေးပြားကမ္ပည်းတပ်ဆင်
လိုက်ပြီဖြစ်ရာ ရန်ကုန်တိုင်း၌ ကြေးပြားကမ္ပည်းမော်ကွန်းတပ်ဆင်နိုင်ခဲ့တဲ့ ရှေးဟောင်းအဆောက်အအုံခြောက်ခုအထိရှိလာပြီလို့ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် က ပြောကြားခဲ့ပါတယ်။
#Local_News
Published 30 July 2026
#ချင်းချောင်းနန်းတော် #ဗိုလ်ချုပ်ပြတိုက်
#YMG/NN #Yangon_Times
#Daily_News
Published 30 July 2026
၁။ ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဓမ္မစကြာအခါတော်နေ့ ရွှေကြာသင်္ကန်းဆက်ကပ်လှုဒါန်း
၂။ FIFA/MFF Regional Training Center များအတွက် အသက်(၁၄)နှစ်အောက် ကစားသမားရွေးချယ်ပွဲများ ဒေသ(၈)ခု၌ကျင်းပမည်
၃။ ချင်းချောင်းနန်းတော်နှင့်ဗိုလ်ချုပ်ပြတိုက်အပါအဝင် ရန်ကုန်၌ကြေးပြားကမ္ပည်းမော်ကွန်းတပ်ဆင်နိုင်ခဲ့သည့် အဆောက်အအုံခြောက်ခုရှိလာ
၄။ ရှန်ဟိုင်း၌ ကမ္ဘာ့ဉာဏ်ရည်တုဆိုင်ရာကျန်းမာရေးဆန်းသစ်တီထွင်မှုများမိတ်ဆက်ပြသ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 30 July 2026
■ မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများ ပိုမိုစိတ်ချမ်းမြေ့စွာသွားလာနိုင်စေရေးအတွက် ခေတ်မီလေအေးပေးစက်ပါ DEMU တွဲဆိုင်းသစ်များဖြင့် လူစီးအမြန်ရထားများ ပြေးဆွဲပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ ၃ နာရီ ၅ မိနစ်တွင် အမှတ် (၃၂) အစုန် နေပြည်တော်-ရန်ကုန် DEMU လူစီးအမြန်ရထားသည် သင်္ဃန်းကျွန်းနှင့် မလွှကုန်းဘူတာအကြား မိုင်တိုင်အမှတ် ၃/၉-၁၀ သုဝဏ္ဏခုံးတံတားကိုဖြတ်သန်းစဉ် ရထား၏ညာဘက်မှ ခဲဖြင့်ပစ်ပေါက်ခံရမှုကြောင့် ရထားတွဲဆိုင်းပါ ပထမဆုံးတွဲအမှတ် DEMU F(C)-4029 ၏ ညာဘက်ခြမ်းခရီးသည် အတက်/ အဆင်းတံခါးပေါက် အောက်ဆုံးမှန်ထိမှန်၍ ကြေမွအက်ကွဲမှုဖြစ်ပွားပြီး ခရီးသည်များထိခိုက်မှုမရှိကြောင်း သိရသည်။
■ အဆိုပါ ဖြစ်ပွားရာနေရာသို့ သင်္ဃန်းကျွန်းရထားရဲစခန်းနှင့် တိုးကြောင်ကလေးရထားရဲစခန်း တာဝန်ရှိသူ များသွားရောက်၍ တရားခံဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိပြီး ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေနှင့်အညီ အရေးယူနိုင်ရေး သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ယင်းဖြစ်စဉ်ကြောင့် ရထားကြန့်ကြာမှု ငါးမိနစ်ဖြစ်ပေါ်ခဲ့ပြီး အခြားရထားများ ကြန့်ကြာမှုမရှိဘဲပုံမှန်အတိုင်းပြေးဆွဲခဲ့ကြကြောင်း သိရသည်။
■ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ပြီးဖြစ်သည့် ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ၊ အခန်း ၁၈၊ ပုဒ်မ ၇၉ (ခ) အရ ရထားကို တစ်စုံတစ်ရာဖြင့် ပစ်ပေါက်ခြင်း သို့မဟုတ် တစ်စုံတစ်ရာ ပြုလုပ်ခြင်းအတွက် ပြစ်ဒဏ်အနေဖြင့် ပုဒ်မ (၈၄) အရ ထိုသူကို အနည်းဆုံး ၅ နှစ်မှ နှစ် ၂၀ အထိ မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်ကိုလည်း ချမှတ်နိုင်ကြောင်းသိရှိရပြီး ဥပဒေနှင့်အညီ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူများ အဆင်ပြေကောင်းမွန်စွာ ခရီးသွားလာနိုင်ရေးအတွက် အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်းသွားရန်လိုအပ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 30 July 2026
■ ကလေးသူငယ်များအား ဆေးများတိုက်ကျွေးပြီး အသိစိတ်ကင်းမဲ့ချိန်တွင် လိင်တူဆက်ဆံခိုင်းကာ Telegram တွင် ငွေကြေးအကျိုးအမြတ်ရယူ၍ ရောင်းစားခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်များချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
■ ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်နေ မောင်----၊ ၁၁ နှစ်သည် ကျောင်းဆင်းပြီး အိမ်ပြန်လာချိန် ကျောင်းအတူတက်ခဲ့ဖူးသည့် သူငယ်ချင်းဖြစ်သူကိုတွေ့ရှိပြီး သူငယ်ချင်းဖြစ်သူနှင့်အတူလာသည့် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်နေမျိုးမင်းထွန်း (ခ) ဖိုးသားက နေအိမ်သို့အလည်လိုက်ခဲ့ရန် ခေါ်ဆောင်သဖြင့် ညီဖြစ်သူကိုအတူခေါ်ပြီးလိုက်ပါသွားခဲ့ကြောင်း၊ မျိုးမင်းထွန်း (ခ) ဖိုးသား၏ နေအိမ်သို့ရောက်သောအခါ အားဆေးသောက်ရမည်ဟုပြောကာ ၎င်းသောက်သုံးနေသည့် စိတ်ငြိမ်ဆေးလုံး ၁၀ လုံးစီနှင့် ဆန်ချိုအရက်အား အချိုရည်ဟုပြောဆိုပြီး လိမ်လည်တိုက်ကျွေးခဲ့ကြောင်း စိစစ်သိရှိရသည်။
■ ဆေးသောက်ပြီး ကလေးများ အသိစိတ်ကင်းမဲ့နေချိန်တွင် ကလေးတစ်ဦးအား ၎င်းမှလိင်တူဆက်ဆံခဲ့ပြီး ကျန်ကလေးနှစ်ဦးအား ကလေးအချင်းချင်း လိင်တူဆက်ဆံခိုင်းကာ ဗီဒီယိုဖိုင်များ ရိုက်ကူးခဲ့ကြောင်း၊ ကလေးများက မျိုးမင်းထွန်း (ခ) ဖိုးသား၏ အိမ်သို့ ကျောင်းပိတ်ရက်များတွင် သွားရောက်ညအိပ်ခဲ့ရာ ရက်ပေါင်း ၂၀ ခန့် ညအိပ်ခဲ့ဖူးကြောင်း၊ ထိုအချိန်တိုင်းတွင် မျိုးမင်းထွန်း (ခ) ဖိုးသားက အလားတူဆောင်ရွက်ခဲ့ပြီး ဗီဒီယိုဖိုင်များ အကြိမ်ကြိမ်ရိုက်ကူးကာ Telegram အကောင့်ဖွင့်၍ Member ဝင်များထံမှ အခကြေးငွေများရယူ၍ ရောင်းချခဲ့ကြောင်း စိစစ်သိရှိရသည့်အတွက် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့စု (ရန်ကုန်) မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ အင်းစိန်မြို့မရဲစခန်း (ပ) ၁၆၉/၂၀၂၆ နှင့် (ပ) ၁၇၀/ ၂၀၂၆၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ တို့ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ဇူလိုင် ၂၇ ရက်တွင် အင်းစိန်ခရိုင်တရားရုံးမှ တရားခံ မျိုးမင်းထွန်း (ခ) ဖိုးသားအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အမှုတစ်မှုချင်းစီအတွက် အလုပ်နှင့်ထောင်ဒဏ် (၂၀) နှစ်စီ သီးခြားကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 30 July 2026
■ ငလျင်အန္တရာယ်ဆိုင်ရာ အသိပညာများ တိုးမြှင့်ရရှိစေရန်နှင့် အရေးပေါ်အခြေအနေများတွင် ထိရောက်မှန်ကန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ Earthquake Bootcamp 2026 ကို လာမည့် ဩဂုတ်လအတွင်း မြန်မာနိုင်ငံ ငလျင်ကော်မတီက စီစဉ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
■ သင်တန်းကို ဩဂုတ် ၈ ရက်၊ ၁၅ ရက်၊ ၂၂ ရက်နှင့် ၂၉ ရက်တို့တွင် ရန်ကုန်မြို့ လှိုင်တက္ကသိုလ်နယ်မြေအတွင်းရှိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၌ ကျင်းပမည်ဖြစ်ပြီး ငလျင်ဆိုင်ရာ အခြေခံသဘောတရားများ၊ သဘာဝဘေးအန္တရာယ်လျော့ပါးရေးနည်းလမ်းများနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ လက်တွေ့လေ့ကျင့်မှုများကို ထည့်သွင်းသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
■ ထို့ပြင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး၊ လူမှုအသိုင်းအဝိုင်းဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများကို စိတ်ဝင်စားသူများ၊ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့် အတွေ့အကြုံနှင့် အသိပညာများ အပြန်အလှန်ဖလှယ်လိုသူများလည်းပါဝင်တက်ရောက်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
■ အဆိုပါ Bootcamp သို့ လျှောက်ထားသူများအတွက် အသက်အရွယ်ကန့်သတ်ချက် သတ်မှတ်ထားခြင်းမရှိသည့်အပြင် ယခင်က ငလျင် သို့မဟုတ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အတွေ့အကြုံရှိထားရန်လည်း မလိုအပ်ကြောင်း မြန်မာနိုင်ငံငလျင်ကော်မတီက အသိပေးထားသည်။
■ ငလျင်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ၊ ကြိုတင်ပြင်ဆင်နိုင်စွမ်းများနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်စွမ်းများကို မြှင့်တင်လိုသည့် လူငယ်များအနေဖြင့် Earthquake Bootcamp 2026 တွင် ပါဝင်လျှောက်ထားနိုင်ပြီး စိတ်ဝင်စားသူများသည် မြန်မာနိုင်ငံငလျင်ကော်မတီ ထုတ်ပြန်ထားသည့် Registration Link မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 44 of 2438