မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာ တစ်နှစ်သင်တန်း ကိုရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အနုပညာအထက်တန်းကျောင်းမှာ ဖွင့်လှစ်သင်ကြားပေးနေတယ်လို့သိရပါတယ်။
#Local_News
Published 27 July 2026
#မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ်
#YMG/NN #Yangon_Times
#Daily_News
Published 27 July 2026
၁။ မန္တလေး-ပြင်ဦးလွင် Mountain Bike လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲ ကျင်းပမည်
၂။ ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းကို ဆွတ်ဘွမ်ကုမ္ပဏီပိုင် ကုန်ချိန်းကွင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်မည်
၃။ ဒေသအနှံနေရာကွက်၍ မိုးကြီးနိုင်သောကြောင့် ရေကြီး၊မြေပြိုခြင်းများ သတိပြုရန်အသိပေး
၄။ ကမ္ဘာ့ပထမဆုံးလူသားပုံသဏ္ဍာန်စက်ရုပ် လက်ဝှေ့လိဂ်ပြိုင်ပွဲ တရုတ်၌ကျင်းပ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 27 July 2026
■ ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံရေးရရှိစေရန်၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် စားဆီကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ “ဧရာဝတီစားဆီဖူလုံဖို့ ဝိုင်းဝန်းကြိုးပမ်းကြပါစို့” ခေါင်းစဉ်ဖြင့် စားဆီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၂၆ ရက်က ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
■ အလုပ်ရုံဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မျိုးကောင်းမျိုးသန့်အသုံးပြုစိုက်ပျိုးရေး၊ ဆီထွက်သီးနှံတိုးချဲ့ထုတ်လုပ်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ အစားအစာဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် စားဆီထုတ်လုပ်ရေး၊ GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ရေး၊ စားဆီမူဝါဒနှင့် ပြည်တွင်းစားဆီဈေးကွက်အခြေအနေများကို သက်ဆိုင်ရာဌာနများနှင့်ပညာရှင်များကဆွေးနွေးတင်ပြခဲ့ကြသည်။
■ ထို့အပြင် စိုက်ပျိုးရေးပညာရှင်များ၊ ဆီစက်လုပ်ငန်းရှင်များနှင့် တောင်သူများက ဖွဲနုဆီထုတ်လုပ်နိုင်ရေး၊ မြေပဲ၊ နှမ်း၊ နေကြာနှင့် ပဲပုပ်စိုက်ပျိုးမှုတိုးတက်ရေး၊ အရည်အသွေးပြည့်မီသည့် စားဆီထုတ်လုပ်ရေးနှင့် ပိုးသတ်ဆေးဓာတ်ကြွင်း လျော့ချနိုင်ရေးတို့ကို စကားဝိုင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
■ ယင်းနောက် တက်ရောက်လာသူများကို ခရိုင်အလိုက် အုပ်စု (၈) စုခွဲ၍ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု၊ ဈေးကွက်နှင့် ဈေးနှုန်းအခြေအနေများကို ဆွေးနွေးစေခဲ့ပြီး စွမ်းအင်ချွေတာနိုင်သည့် အသေးစားဆီညှစ်စက်ဖြင့် မြေပဲဆီကြိတ်ခွဲထုတ်လုပ်မှုကို သရုပ်ပြသခဲ့ကြောင်း သိရသည်။
■ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၂၆ ရက်မှ ၂၇ ရက်အထိ နှစ်ရက်ကြာ သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 27 July 2026
■ မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ် ပြုလုပ်ခြင်း အတတ်ပညာ သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ဇူလိုင် ၂၆ ရက်၊ က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အနုပညာအထက်တန်းကျောင်း (ရန်ကုန်) ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနဲ့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်း၍ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ် ကြိုးဆွဲရုပ်သေးအနုပညာရပ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် လက်ဆင့်ကမ်း ပြုလုပ်နည်း အတတ်ပညာများ ပျံ့နှံ့စေရန်ရည်ရွယ်၍ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
■ "မြန်မာ့ရုပ်သေးသဘင်လောကမှာ ပညာရှင်နည်းပါးလာကြောင်း ၊အထူးသဖြင့် ရိုးရာကြိုးဆွဲ ရုပ်သေးရုပ်ပြုလုပ်တဲ့ ပညာရှင်နည်းပါးကြောင်းကိုလည်း တွေ့ရှိရပါတယ်။
အခုလို ပညာရှင်နည်းပါးလာတာကိုကာကွယ်ထိန်းသိမ်းဖို့အတွက် မျိုးဆက်သစ်လူငယ်များကို လက်ဆင့်ကမ်းသင်ကြားပြီးတော့ စဉ်ဆက်မပြတ်မွေးထုတ်ပေးဖို့လိုအပ်ပါတယ် ၊မြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ တွေနဲ့ အခုလို မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ် ပြုလုပ်ခြင်း အတတ်ပညာသင်တန်းကို ဖွင့်လှစ်ဖို့အတွက် စီစဉ်အားထုတ်ခဲ့ခြင်းကို များစွာကျေးဇူးတင်ဂုဏ်ပြုပါကြောင်း ဒီနေရာက နေပြောကြားလိုပါတယ် "ဟု ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က အဖွင့်အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
■ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အနေဖြင့် သင်တန်းဖွင့်လှစ်နိုင်ရန်ပညာရှင်ရှာဖွေခြင်း ၊သင်တန်းအတွက်အထောက်အကူပြုပစ္စည်းများရှာဖွေစုဆောင်းခြင်း၊ပန်းပုသင်ခန်းစာအတွက်သစ်သားများဝယ်ယူခြင်း၊သင်တန်းသားခေါ်ယူခြင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ပြီး ဝန်ကြီးဌာနအနေဖြင့် သင်တန်းနေရာစီစဉ်ပေးခြင်း၊ သင်ရိုးညွှန်းတမ်းသတ်မှတ်ပေးခြင်း ၊သင်တန်းနည်းပြများစေလွှတ်ပေးခြင်းတို့ကို ဆောင်ရွက် ပေးခဲ့ကြောင်း
သိရသည်။
■ ထို့အပြင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ ဒေါ်စန္ဒာခင်ကလည်း " ရုပ်သေးသဘင်ဟာ ကျွန်မတို့ အခုချိန်အထိ ထွန်းကားလျှက်ရှိပါတယ်၊ ဒါပေမယ့်လို့ အဲ့ဒီကပြနိုင်တဲ့ ကြိုးဆွဲရုပ်သေးရုပ်လေးတွေကို ရိုးရာအနေနဲ့ပြုလုပ်ဖို့ ပညာရှင်ကအင်မတန် ရှားပါးပြီးတော့ တိမ်မြုပ်ပျောက်ကွယ်လု ဖြစ်သွားပါတယ် ၊ ပညာရှင်ကြီးတွေ သက်ကြီးသွားတာကတစ်ကြောင်းပေါ့နော် ၊နောက်လူငယ်တွေ ဆက်ပြီးမခံယူတာက တစ်ကြောင်းပေါ့နော် ၊ ရန်ကုန်မှာ ဆိုရင် သင်တန်းပို့ချတဲ့ ဆရာဦး အောင်သန်းထွန်းနဲ့မန္တလေးက လေး၊ငါးဦးပဲရှိတယ်။
■ ဒါ့ကြောင့်ကျွန်မတို့အဖွဲ့ကရုပ်သေးရုပ်ပြုလုပ်တဲ့ ပညာရပ် သင်တန်းလေးကိုသင်ကြားပေးချင်တာ လွန်ခဲ့တဲ့ ခုနှစ်နှစ်၊ရှစ်နှစ်လောက် ထဲကပါပဲ ၊ဒါပေမယ့် ပညာရှင်သင်ကြားပေးဖို့အချိန်လိုပါတယ်။
■ အခုချိန်မှာ ပညာရှင်ကြီးကလည်း သင်ကြားပေးဖို့အချိန်ပေးတယ် ၊ သင်တန်းအတွက်ကျွန်မတို့လိုအပ်တဲ့ ငွေကြေးအထောက်အကူပြုပစ္စည်းတွေ သင်ကြားရမယ့် နေရာလည်း လိုပါတယ်။
နေရာကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နေရာပေးထားပါတယ် ၊ကျောင်းသားတွေက်ု အခမဲ့သင်ကြားပေးချင်ပါတယ် ၊ဘာမှဘနောက်ဆံမတင်းဘဲ ဒီပညာကို တစိုက်မတ်မတ်တတ်မြောက်သွားစေချင်တဲ့ စေတနာပဲဖြစ်ပါတယ်ရှင် " ဟု ပြောသည်။
■ အဆိုပါမြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ် ပြုလုပ်ခြင်း အတတ်ပညာ သင်တန်း ဖွင့်ပွဲအခမ်းအနားကို ရှေးဦးစွာ မောင်းတီး၍ မင်္ဂလာရှိစွာ စတင်ဖွင့်လှစ်ခဲ့ပြီး ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
■ ထို့နောက် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင် က ယခုသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။
■ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသော တာဝန်ရှိသူများက သင်တန်းဖြစ်မြောက်ရေးအတွက် ဘက်ပေါင်းစုံမှ ကူညီပံ့ပိုးပေးခဲ့ကြသူများကို ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး အနုပညာရှင်များ၏ မြန်မာ့ရိုးရာ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြကာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များသည် သင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
■ အဆိုပါ မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ်ပြုလုပ်ခြင်းသင်တန်းတွင် နယ်စုံမှ သင်တန်းသား၊သင်တန်းသူ စုစုပေါင်း ၁၁ ဦးတက်ရောက်နေပြီး တစ်နှစ်ဒီပလိုမာသင်တန်းဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 27 July 2026
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ သမိုင်းဝင် ဝဇီရာရုပ်ရှင်ရုံကို နိုင်ငံတကာအဆင့်မီ ဝဇီရာဂုဏ်ပြုခံကဇာတ်ရုံ အဖြစ် ပြန်လည်မွမ်းမံတည်ဆောက်ပြီး ဖွင့်လှစ်ပွဲအခမ်းအနားကို ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဖွင့်လှစ်ပွဲသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး စက်ခလုတ်နှိပ်၍ ကဇာတ်ရုံကို ဖွင့်လှစ်ပေးခဲ့သည်။ ထို့အပြင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
အခမ်းအနားအတွင်း နိုင်ငံတော်သမ္မတက ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်ပက်ဖျန်းပြီး ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဝဇီရာဂုဏ်ပြုခံကဇာတ်ရုံနှင့်ပတ်သက်သည့် ဗီဒီယိုမှတ်တမ်းကို ပြသခဲ့ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ နိုင်ငံကျော်ရုပ်သေးပညာရှင်များနှင့် မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးတို့က ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်ခဲ့ကြသည်။
ဝဇီရာရုပ်ရှင်ရုံသည် ၁၉၂၃ ခုနှစ်တွင် စတင်တည်ဆောက်ဖွင့်လှစ်ခဲ့သည့် သမိုင်းဝင်ရုပ်ရှင်ရုံတစ်ရုံဖြစ်ပြီး Beaux Arts ဗိသုကာလက်ရာပုံစံများဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ ယခုအခါ မူလဗိသုကာလက်ရာများကို ထိန်းသိမ်းထားကာ နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် ပြန်လည်မွမ်းမံဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 27 July 2026
■ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ထိုင်းနိုင်ငံမှ ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၄၀လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
■ ထိုင်းနိုင်ငံသား ကမ္ဘာလှည့်ခရီးသွားများ ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှတစ်ဆင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ထိုမှ ပုဂံ-ညောင်ဦးလေဆိပ်သို့ ယနေ့မွန်းတည့် ၁၂ နာရီတွင် ရောက်ရှိခဲ့ကြောင်း ၊Travel Co.,Ltd စီစဉ်ဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံသားခရီးသွားဧည့်သည် ၄၀ တို့သည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ သမိုင်းဝင်အထင်ကရဘုရားများနှင့် ရှေးဟောင်းစေတီ၊ ပုထိုး၊ ဂူဘုရား၊ သာသနိကအဆောက်အအုံများအား ကြည့်ရှုလေ့လာကြမည်ဖြစ်ကြောင်း သိရသည်။
■ အဆိုပါ ထိုင်းနိုင်ငံသား ခရီးသွားများအား ပုဂံ-ညောင်ဦးလေဆိပ်တွင် ညောင်ဦးခရိုင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုဂံရုံးခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းအောင်နှင့် ဝန်ထမ်းများက ကြိုဆိုခဲ့ကြောင်း၊ ယင်း ထိုင်းနိုင်ငံသားခရီးသွားများသည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဇူလိုင် ၂၆ ရက်မှ ၃၁ ရက်အထိ ဘုရားများအား ဖူးမြော်လေ့လာကြမည်ဖြစ်သည်။
■ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုဂံရုံးခွဲအနေဖြင့် ကမ္ဘာလှည့်ခရီးသွားများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် Information Center သုံးခုကို ပုဂံ-ညောင်ဦးလေဆိပ်၊ ICT ခန်းမနှင့် ပုဂံမြို့သစ်တို့တွင် ဖွင့်လှစ်ထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 27 July 2026
■ ယနေ့ ဇူလိုင်လ၂၇ရက် နံနက်ပိုင်းက ဆရာစံလမ်းပေါ်တွင် မောင်းနှင်နေသော light Truck ကားပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
■ " သွားနေတဲ့ကားပေါ် ကုက္ကိုပင်ကြီး လဲကျတာ လူတွေညှပ်နေတာတွေ့တယ်။တစ်ယောက်ကိုတော့အသက်ရှင်လျှက် ကယ်ထုတ်တာတွေ့တယ်။ ယာဉ်မောင်းကတော့တွေ့ရတဲ့အနေအထားအရ ဒဏ်ရာပြင်းထန်နိုင်ဖွယ်တော့ရှိတယ်" ဟု ဖြစ်စဉ်ကို တွေ့ရှိခဲ့သူတစ်ဦးကပြောသည်။
■ နံနက် ၁၀နာရီ ၃၇ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းတွင် ကားပေါ်သို့ သစ်ပင်လဲပြီးလူညပ်နေကြောင်း သတင်းရရှိသဖြင့် စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း လည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
Page 47 of 2438