FIFA/MFF Regional Training Center ကိုဒေသအလိုက်ဖွင့်လှစ်နိုင်ဖို့အတွက်အသက် (၁၄) နှစ်အောက် အမျိုးသား/အမျိုးသမီး ကစားသမား ရွေးချယ်ပွဲတွေကျင်းပနေပြီလို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)က သိရပါတယ်။
#Local_News
Published 1 Sept 2025
#FIFA_MFF_Regional_Training_Center #မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်
#YMG/SW #Yangon_Times
ရှားပါးမျိုးစိတ်ဖြစ်ပြီး အလွန်ချစ်စဖွယ်ကောင်းတဲ့ ပန်ဒါနီ(၄)ကောင် yangon zoo သို့ထပ်မံရောက်ရှိလာပြီလို့ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)
ကသိရပါတယ်။
#Local_News
Published 1 Sept 2025
#ရှားပါးမျိုးစိတ်ပန်ဒါနီ(၄)ကောင် #တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)
#YMG/NN #Yangon_Times
#Local_News
Published 1 September 2025
▪️ ဩဂုတ်(၃၁)ရက်က ဩစတြေးလျနိုင်ငံတွင်ပြုလုပ်ခဲ့သည့် ဆစ်ဒနီမာရသွန် ပြိုင်ပွဲတွင် မြန်မာရိုးရာဝတ်စုံဖြင့်ပါဝင်ယှဥ်ပြိုင်ခဲ့သည့် မြန်မာအမျိုးသမီးတစ်ဦး ဂင်းနစ်စံချိန်တင်ခဲ့ကြောင်း သိရသည်။
▪️ ဒေါက်တာမြင့်မိုရ်ဦးအမည်ရှိ အဆိုပါအမျိုးသမီးသည် ၂၀၂၅ ခုနှစ်၊ ဆစ်ဒနီ မာရသွန်ပြိုင်ပွဲတွင် ၄၂.၂ ကီလိုမီတာ( ၂၆ မိုင်ကျော်)အထိ အကွာအဝေးကို မြန်မာ့ရိုးရာဝတ်စုံဝတ်ဆင်ပြီး ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကာ ၄ နာရီ၊ ၁၂ မိနစ်နှင့် ၁၉ စက္ကန့်အကြာတွင် ပန်းဝင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်၌ မြန်မာဝတ်စုံဝတ်ပြီး အမြန်ဆုံ မာရသွန်ပြေးသူ၊ မြင်းမိုရ်ဦး ၄:၁၂:၁၉ ဟု မှတ်တမ်းတင်ထားကြောင်း သိရသည်။
▪️ “မြန်မာဝတ်စုံနဲ့ဆိုတော့ ပြေးရတာနည်းနည်းတော့ခက်တာပေါ့။ ပြေးရတာကလည်း ၄၂ ဒသမ ၂ ကီလိုမီတာ (၂၆ မိုင်) လောက်ကြီး ပြေးရတာဆိုတော့ ပန်းတော့ ဝင်နိုင်ခဲ့တယ်။ Range ဘယ်လောက်ဝင်တယ်ဆိုတာတော့ မသိသေးပေမဲ့ ၄ နာရီ ၁၂ မိနစ်မှာ ပန်းဝင်နိုင်ခဲ့ပါတယ်။ အရင်တုန်းက ပြေးနေကျ စံချိန်ထက်တော့ပိုသွားတာပေါ့။ ဒါကလည်း မြန်မာဝတ်စုံနဲ့မလို ထင်ပါတယ်။ ပြေးနေစဉ်မှာလည်း လူတွေကလာလာမေးကြတယ်။ ဘာဝတ်စုံလဲ၊ ဘာကြောင့်လဲဆိုတာတွေကို လမ်းတလျှောက်လုံးမှာ ဖြေနေရတာက နှေးသွားရတဲ့အကြောင်းပေါ့” ဟု ကမ္ဘာ့ဂင်းနစ်မှတ်တမ်းဝင်ခဲ့သူ မမြင့်မိုရ်ဦးက ဆိုသည်။
▪️ အဆိုပါမာရသွန်ပြေးပွဲကို ဩစတြေးလျ အလုပ်အကိုင်နှင့်ခရီးသွားရေး ဝန်ကြီးကိုယ်တိုင် တက်ရောက်အားပေးခဲ့ပြီး ပြိုင်ပွဲ၌ပန်းတိုင်ရောက်အောင်ပြေးပြီး သူများကို Six Star Medal ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 1 Sept 2025
▪️ မန္တလေးမြို့ ၊အမရပူရမြို့နယ်ရှိ ကျောက်စိမ်းဘုရားအနီး၌ စားသောက်ဆိုင်ကို ဆီဘောက်ဆာယာဥ်ဝင်တိုက်၍ သုံးဦး ေ-သဆုံးမှုတစ်ခု ယနေ့မနက်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့်ဒေသခံများထံမှ သိရသည်။
▪️ 'ဆီဘောက်ဆာက အရှိန်နဲ့ဝင်တိုက်မိတာ ၊ ဆီကားဆိုတော့ ပေါက်ကွဲလောင်ကျွမ်းလို့ သုံးဦး ေ-သဆုံးတယ် ၊ ဘယ်သူတွေလည်း ဆိုတာ အတိအကျတော့မသိသေးဘူး ၊ မီးငြိမ်းမှ အ ေ- လာင်းသုံး ေ-လာင်း တွေ့တာ ဆေးရုံပို့လိုက်ကြတယ်၊ဒဏ်ရာရသူတွေလည်းများတယ် ' ဟု ဒေသခံတစ်ဦးကပြောသည် ။
▪️ စက်တင်ဘာ(၁) ရက်နေ့၊မနက် ၆နာရီ ၄၄ မိနစ်အချိန်ခန့်က၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဥယျာတော်ကျေးရွာ၊ စစ်ကိုင်း-မြစ်ငယ်ကားလမ်းရှိ ကောင်းကောင်းနန်းတော် စားဥယျာဉ်ကိုဆီဘောက်ဆာယာဉ်(၁)စီး အရှိန်မထိန်းနိုင်ဘဲဝင်တိုက်မိပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးနှင့် အမရပူရမြို့နယ်မီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက်၇နာရီ ၂၄မိနစ် အချိန်၌ မီးငြိမ်းနိုင်ခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
မြန်မာ့ဒူးရင်းသီးစိုက်ပျိုးရာမှာ လိုအပ်တဲ့နည်းပညာပိုင်းဆိုင်ရာတွေနဲ့ လက်တွေ့စိုက်ပျိုးနည်းစနစ်ပိုင်းဆိုင်ရာတွေအတွက် ဆွေးနွေးပွဲကိုလာမယ့်လအတွင်း ရန်ကုန်မြို့မှာပြုလုပ်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 30 August 2025
#မြန်မာ့ဒူးရင်းသီး #လက်တွေ့စိုက်ပျိုးနည်းစနစ်ပိုင်းဆိုင်ရာ
#YMG/NN #Yangon_Times
#Daily_News
Published 30 August 2025
၁။ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် မြန်မာနှင့်ထိုင်းဆွေးနွေး
၂။ China Asia Export သို့တက်ရောက်ကာ မြန်မာ့ဒူးရင်းအတွက်ရင်းနှီးမြုပ်နှုံမှုများဖိတ်ခေါ်မည်
၃။ နောင်ဖကြောင့်ဖြစ်လာနိုင်သည့် သဘာဝဘေးများကိုဂရုပြုကြရန်မိုးဇလသတိပေး
၄။ တရုတ်ပြည်သူ့စစ်ပွဲအောင်ပွဲနှစ်(၈၀)ပြည့်အတွက် စစ်ရေးပြအခမ်းအနားပြင်ဆင်မှုအားလုံးပြီးမြောက်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အပူပိုင်းမုန်တိုင်း ' နောင်ဖ 'အရှိန်ကြောင့်မိုးကြီးလေထန်ပြီး နေရာကွက်၍ရေကြီး၊မြေပြိုနိုင်တာကြောင့် မြစ်ချောင်းကမ်းနားအနီးနေထိုင်သူတွေအပြင် ပြည်တွင်းရေကြောင်းနဲ့လေကြောင်းလိုင်းတွေ ၊ဆည်မြောင်းတာတမံတွေကိုပါ လိုအပ်တာတွေ ပြင်ဆင်ကြဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့မှာသတိပေးထားပါတယ်။
#Local_News
Published 30 August 2025
#နောင်ဖ #အပူပိုင်းမုန်တိုင်း
#YMG/NN #Yangon_Times
Page 46 of 2148