#Local_News
Published 28 July 2026
■ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတွင် သစ်စက်ဖြင့် ထိခိုက်မှုကြောင့် ပြတ်တောက်သွားသည့် လက်ညှိုးကို အောင်မြင်စွာ ပြန်လည်ဆက်ပေးနိုင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
■ ဖြစ်စဉ်မှာ မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သည့် အသက် (၂၅) နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဇူလိုင် ၂ ရက် နံနက် ၉ နာရီခွဲခန့်က သစ်စက်တွင် အလုပ်လုပ်နေစဉ် သစ်ဖြတ်စက်ဖြင့် ထိခိုက်မိရာ ဝဲဘက်လက်ညှိုး၏ အလယ်ပိုင်းမှထက်ပိုင်း ပြတ်တောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
■ လူနာအား အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် ကနဦးကုသမှုပေးပြီးနောက် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး အရိုးရောဂါကုသဆောင်ရှိ လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုအဖွဲ့ထံ အရေးပေါ်လွှဲပြောင်းပို့ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
■ လူနာရောက်ရှိလာပြီးနောက် လက်ညှိုးပြန်လည်ဆက်ပေးနိုင်ရန် လိုအပ်သည့် စစ်ဆေးမှုများကို အမြန်ဆုံးဆောင်ရွက်ခဲ့ပြီး ဇူလိုင် ၂ ရက် ညနေ ၅ နာရီခွဲမှ ဇူလိုင် ၃ ရက် နံနက် ၀၀:၃၀ နာရီအထိ ကြာမြင့်သည့် ခွဲစိတ်ကုသမှုကို ဆောင်ရွက်ခဲ့ရာ အောင်မြင်စွာပြန်လည်ဆက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
■ ခွဲစိတ်ကုသမှုပြီးနောက် လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှု အထူးကုဆရာဝန်များက လူနာ၏အခြေအနေကို အနီးကပ်စောင့်ကြည့်ကာ လိုအပ်သည့်ကုသမှုများကို ဆက်လက်ဆောင်ရွက်ပေးခဲ့သဖြင့် ပြန်လည်ဆက်ထားသည့် လက်ညှိုးမှာ ကောင်းမွန်စွာရှင်သန်လျက်ရှိကြောင်း ၊ထို့နောက် ဇူလိုင် ၁၆ ရက်တွင် ခွဲစိတ်ပြီး ၁၄ ရက်မြောက်နေ့၌ လူနာအား ဆေးရုံမှ ပြန်လည်ဆင်းခွင့်ပြုခဲ့ပြီး လက်ချောင်း၏ လုပ်ဆောင်နိုင်စွမ်း ပိုမိုကောင်းမွန်လာစေရန် လိုအပ်သည့် ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်းများကို ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 28 July 2026
■ Japan Culture & Education Fair 2026 ကို ဩဂုတ်လ ၁ ရက်မှ ၂ ရက်အထိ ရန်ကုန်မြို့ Melia Yangon(Inya Ballroom, Function Room 1) ၌ နံနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီခွဲအထိ ကျင်းပသွားပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
■ အဆိုပါပွဲတော်ကို The Japan Foundation Yangon(JFYG) သည် License Academy Co.,Ltd. မြန်မာနိုင်ငံဂျပန်ပြန်ကျောင်းသားဟောင်းများအသင်း(MAJA) တို့နှင့် ပူးပေါင်း၍ကျင်းပခြင်းဖြစ်သည်။
■ ယင်းပွဲတော်တွင် ဂျပန်နိုင်ငံရဲ့ နွေရာသီပွဲတော်ယဉ်ကျေးမှုကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခံစားနိုင်ပြီး ဂျပန်နိုင်ငံမလာရောက်ပြသကြမည့် တက္ကသိုလ်များ၊ အသက်မွေးဝမ်းကျောင်းကောလိပ်များ၊ ဂျပန်ဘာသာစကားကျောင်းများနှင့် ပညာသင်ဆု၊ ပညာရေးဆိုင်ရာ အကြံဉာဏ်များနှင့် ဂျပန်ပညာတော်သင်ဆွေးနွေးပွဲ နှစ်ခုစလုံးကိုတစ်နေရာတည်းတွင် ရယူနိုင်မည့်အပြင် Cosplayer များ၏ စင်မြင့်ဖျော်ဖြေတင်ဆက်မှုများ၊ ကန်ဒို(Kendo)နှင့် ကရာတေး(Karate) ပြသပွဲများ၊ ဂျပန်ယဉ်ကျေးမှုကိုလေ့လာနိုင်မည့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၊ ဂိမ်းကစားနည်းအစီအစဉ်များ၊ ယုကတ (Yukata) ဝတ်ဆင်မှုအတွေ့အကြုံများနှင့် ဂျပန်ပညာတော်သင် အကြံပေးကောင်တာများပါဝင်မည်ဖြစ်ရာ စိတ်ပါဝင်စားသူများအနေဖြင့် လာရောက်ပါဝင် ဆင်နွှဲနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 28 July 2026
■ ရန်ကုန် - မော်လမြိုင် ပြေးဆွဲလျက်ရှိသည့် DEMU လူစီးအမြန်ရထားပေါ်တွင် ဆူညံစွာ အော်ဟစ်သီချင်းဆိုခြင်း၊ ရထားထိုင်ခုံလက်တန်းများပေါ်တွင် ထိုင်ခြင်းနှင့် လျှောက်လမ်းများတွင် ပိတ်ဆို့၍ ထမင်းဝိုင်းဖွဲ့စားသောက်ခြင်းများ ပြုလုပ်ခဲ့သူများ၅၄ ဦးကို မော်လမြိုင်မြို့မရဲစခန်း၌ (ပ)၁၂၉/၂၀၂၆၊ ရထားပို့ဆောင်ရေးဥပဒေ ပုဒ်မ ၈၈ (က) ဖြင့် အမှုဖွင့်လှစ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
■ ဖြစ်စဉ်မှာ မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ သက်သောင့်သက်သာ ဘေးကင်းလုံခြုံပြီး ဈေးနှုန်းသင့်တင့်စွာ သွားလာနိုင်ရေးအတွက် အဆင့်မြင့်ရထားတွဲဆိုင်းအသစ်များဖြင့် ခရီးစဉ်များကို ပြေးဆွဲပေးလျက်ရှိရာတွင် စည်းကမ်းမလိုက်နာသည့် ခရီးသည်အချို့ကြောင့် အခြားခရီးသည်များ စိတ်အနှောင့်အယှက် ကြုံတွေ့ရမှုများရှိသည့်အတွက် ရထားစီးခရီးသည်များအနေဖြင့် ခရီးစဉ်တစ်လျှောက် သန့်ရှင်းသပ်ရပ်ပြီး အခြားခရီးသည်များအတွက် အနှောင့်အယှက်မဖြစ်စေရန်နှင့် ရထားတွင်းသန့်ရှင်းမှုကို ထိန်းသိမ်းရန်၊ ကွမ်းတံတွေးထွေးခြင်းကို ရှောင်ကြဉ်ပေးရန်၊ ထိုင်ခုံပေါ်တွင် ခြေထောက်တင်ခြင်း မပြုရန်၊ အခြားခရီးသည်များ သန့်ရှင်းစွာ အသုံးပြုနိုင်ရန် ထိုင်ခုံများအား စနစ်တကျအသုံးပြုပေးပါရန် အသိပေးချက်များအား နိုင်ငံပိုင်သတင်းစာများနှင့် သက်ဆိုင်ရာရထားများပေါ်တွင် အသိပေးကြေညာချက်များ ထုတ်ပြန်ထားရှိပြီးဖြစ်သည်။
■ ထိုသို့ ထုတ်ပြန်ကြေညာထားရှိသော်လည်း ဇူလိုင် ၂၃ ရက် မွန်းတည့် ၁၂ နာရီတွင် မော်လမြိုင်ဘူတာမှ ရန်ကုန်ဘူတာကြီးသို့ ထွက်ခွာလာသည့် အမှတ် (၈၄) (အစုန်) DEMU အမြန်ရထား ပထမတန်းတွဲ (၃) တွင် လိုက်ပါလာသည့် မော်လမြိုင်ကမ်းနားလမ်း အားကစားအဖွဲ့ခေါင်းဆောင်ဖြစ်သူ ဒေါ်မြသန်း ဦးဆောင်သည့် အမျိုးသမီး ၅၃ ဦး၊ အမျိုးသားတစ်ဦး စုစုပေါင်း ၅၄ ဦးတို့သည် ရထားပေါ်တွင် ဆူညံစွာအော်ဟစ်သီချင်းဆိုခြင်း၊ Tiktok ဆော့ကစားခြင်း၊ ရထားထိုင်ခုံလက်တန်းပေါ်တွင်ထိုင်ခြင်း၊ ရထားကြမ်းခင်း လျှောက်လမ်းအားပိတ်ဆို့၍ ထမင်းဝိုင်းဖွဲ့စားသောက်ခြင်းများ စည်းကမ်းမဲ့ပြုလုပ်နေကြသဖြင့် ရထားဝန်ထမ်းများနှင့် ရထားရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက အခြားခရီးသည်များ စိတ်အနှောင့်အယှက်မဖြစ်စေရန် နှစ်ကြိမ်တိုင်တိုင် သတိပေးတားမြစ်ခဲ့သော်လည်း လိုက်နာခြင်းမရှိဘဲ ဆက်လက်ပြုလုပ်ခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဒေါ်မြသန်းပါ အမျိုးသမီး ၅၃ ဦး၊ အမျိုးသား တစ်ဦး စုစုပေါင်း ၅၄ ဦးတို့ကို မော်လမြိုင်မြို့မရဲစခန်း၌ (ပ) ၁၂၉ / ၂၀၂၆၊ ရထားပို့ဆောင်ရေးဥပဒေပုဒ်မ ၈၈ (က) ဖြင့် အမှုဖွင့်လှစ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
#YMG/NN #Yangon_Times
၂၇ ဇူလိုင်၊၂၀၂၆
အာကာသယာဉ်မှူးလောင်းများအဖြစ် လက်ရှိအဆင့်အထိ ရွေးချယ်ခံခဲ့ကြရသူများဖြစ်သည့်အတွက် မိဘများနှင့် ထပ်တူများစွာ ဂုဏ်ယူဝမ်းမြောက်မိကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မြန်မာနိုင်ငံမှ ပထမဆုံးသောအာကာသယာဉ်မှူးတာဝန် ထမ်းဆောင်ရန်အတွက် ပဏာမရွေးချယ် ထားရှိသောအာကာသယာဉ်မှူးလောင်းများကိုတွေ့ဆုံစဉ်ပြောကြားခဲ့သည်။
နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ကာလအတွင်း မြန်မာအာကာသအေဂျင်စီ(MSA)က ဆောင်ရွက် ပြီးစီးခဲ့သည့် နည်းပညာလုပ်ငန်းများအပ်နှံခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းအခမ်းအနားကို ဇူလိုင် ၂၇ ရက်နေ့ ယနေ့ နံနက်ပိုင်းတွင်ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ မြန်မာအာကာသ အေဂျင်စီ (MSA)၌ ကျင်းပပြုလုပ်စဉ် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မြန်မာနိုင်ငံမှ ပထမဆုံးသောအာကာသယာဉ် မှူးတာဝန် ထမ်းဆောင်ရန်အတွက် ပဏာမရွေးချယ်ထားရှိသောအာကာသယာဉ်မှူးလောင်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံရာတွင် ယင်းကဲ့သို့မှာကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်၏ ပထမဆုံးသောအာကာသယာဉ်မှူးများအဖြစ် တာဝန်ထမ်းဆောင်လိုသည့် ပြင်းပြသည့် စိတ်ဆန္ဒများဖြင့်ယခုကဲ့သို့ ဆန္ဒပြုခဲ့ ရွေးချယ်ခြင်းခံခဲ့ကြရသည့်အတွက်လည်း ဝမ်းမြောက်မိပါကြောင်း၊အဆင့်ဆင့်သော စိစစ်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီးနောက်ဆုံးတွင် နိုင်ငံတော် အတွက် ပထမဆုံးသော အာကာသယာဉ်မှူးများကို ရွေးချယ်သွားမည်ဖြစ်ကြောင်းလည်း နိုင်ငံတော် သမ္မတကဆက်လက်ပြောကြားးသည်။

နိုင်ငံတော်သမ္မတအား အာကာသသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ဥက္ကဋ္ဌဦးမြတ်ဟိန်းနှင့် တာဝန်ရှိသူများက မြန်မာအာကာသအေဂျင်စီပြခန်းဆောင်အတွင်း ပြခန်းတစ်ခုချင်းအလိုက် ပြသ ရှင်းလင်း သည်။
မြန်မာအာကာသအေဂျင်စီမှ အောင်မြင်စွာ အကောင်အထည်ဖော်တည်ဆောက်ပြီးစီးခဲ့သည့် MAH-1 ဂြိုဟ်တုစီမံထိန်းချုပ်ရေး စခန်းဆိုင်ရာများ၊ Earth Remote Sensing(ERS) Application Platform အား စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ပဲခူးမြို့နယ်၏ သဘာဝပတ်ဝန်းကျင် နှင့် ဒေသ ဖွံ့ဖြိုး ရေးအခြေအနေများအား Earth Remote Sensing နည်းပညာဖြင့် လေ့လာသုံးသပ်တင်ပြချက်များ၊
ADVANCEDROBOTIC SYSTEM ၊ နေအာရုံခံကိရိယာအား အောင်မြင်စွာ ဒီဇိုင်းရေးဆွဲ တည်ဆောက်နိုင်မှု အပါအဝင် ဆောင်ရွက်နေသည့်လုပ်ငန်းမျာနှင့်ပြခန်းအလိုက်အချက် အလက်များကို တာဝန်ရှိသူများက နိုင်ငံတော်သမ္မတအားရှင်းလင်းတင်ပြခဲ့သည်။
“မိမိတို့နိုင်ငံ၏ အာကာသနည်းပညာ မြင့်မားတိုးတက်လာစေရေးအတွက် မိမိအနေဖြင့် နိုင်ငံတော်၏ ရေ ရှည်အကျိုးကိုကြည့်၍ပံ့ပိုးအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ယခုကဲ့သို့အာကာသနည်းပညာ များ တိုးတက်လာခြင်းဖြင့် နိုင်ငံအတွက်များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း”လည်း နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ၊ သစ်တောဦးစီးဌာနနဲ့ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပမယ့် Mountain Bike (MTB) လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲကို လာမယ့် ဩဂုတ်လ ၁၅ ရက်နေ့မှာ ကျင်းပသွားမယ်လို့ မန္တလေးမြို့တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) က သိရပါတယ်။
#Local_News
Published 27 July 2026
#မန္တလေး_ပြင်ဦးလွင် #Mountain_Bike
#YMG/SW #Yangon_Times
ကချင်ပြည်နယ်အတွင်း နယ်စပ်ကုန်သွယ်မှုကို ပိုမိုစနစ်တကျဆောင်ရွက်နိုင်ရေးနဲ့ တရားမဝင်ကုန်စည်စီးဆင်းမှုတွေကို ထိန်းချုပ်နိုင်ရေးအတွက် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းကို ဝိုင်းမော်မြို့နယ်ရှိ ဆွတ်ဘွမ်ကုမ္ပဏီပိုင် ကုန်ချိန်းကွင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 27 July 2026
#ကံပိုင်တည်နယ်စပ် #ကချင်ပြည်နယ်
#YMG/SW #Yangon_Times
နိုင်ငံအဝှမ်း၌ဒေသအနှံ နေရာကွက်၍မိုးကြီးနိုင်သောကြောင့် ရေကြီး၊မြေပြိုခြင်းများသတိပြုရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မိုးကြီးမယ့်သတိပေးချက် အမှတ်စဉ်(၂၇/၂၀၂၆)ထုတ်ပြန်ပြီး အသိပေးနှိုးဆော်ထားပါတယ်။
#Local_News
Published 27 July 2026
#မိုးလေဝသ
#YMG/NN #Yangon_Times
Page 46 of 2438