အခုဘဏ္ဍာနှစ်စဖြစ်တဲ့ ဧပြီလတစ်လတာအတွင်း ပြည်ပနိုင်ငံတွေကိုဒေါ်လာ သန်း၃၀နီးပါးတန်ဖိုးရှိ ရေထွက်ကုန်ငါးတန်ချိန် သုံးသောင်းနီးပါးတင်ပို့နိုင်ခဲ့တယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။
#Local_News
Published 20 May 2025
#ရေထွက်ကုန် #ငါးလုပ်ငန်းဦးစီးဌာန
#YMG/NN #Yangon_Times
#Local_News
Published 20 May 2025
▪️ ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူ ထောင်ခြင်းဖိုရမ်ကို နေပြည်တော်၌ ယခုလကုန် မေလ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး မည်သူမဆိုတက်ရောက်နိုင်ကြောင်း သိရသည်။
▪️ မန္တလေး ငလျင်ကြီးခံစားရပြီး နောက်ပိုင်း မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရန် ယခုဖိုရမ်ကို ကျင်းပမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်မတ်လအတွင်းက နိုင်ငံတော်အဆင့်ဖိုရမ်တစ်ခုကို နိုင်ငံတကာပညာရှင်များအပါအဝင် ပြည်တွင်းပညာရှင်များဖြင့် အောင်မြင်စွာဆောင်ရွက် နိုင်ခဲ့ကြောင်း၊ ယခုဖိုရမ်မှလည်း နိုင်ငံတော်အတွက် ကောင်းမွန်သည့်ရလဒ်များ ရရှိနိုင်မည်ဟု ယုံကြည်ကြောင်း၊ ယခု ကျင်းပမည့် ဖိုရမ်သို့လုပ်ငန်းရှင်များ၊ စိတ်ပါဝင်စားသူပြည်သူများ ပါဝင်တက်ရောက်ပြီး လက်တွေ့ကျကျဆွေးနွေးနိုင်ရန်နှင့် ပြည်သူများ၊ လုပ်ငန်းရှင်များ ပိုမိုပူးပေါင်းဆောင်ရွက်ရန်လည်း ရည်ရွယ်ကြောင်း၊ အဆိုပါဖိုရမ်တွင် ကောင်းမွန်သည့်ရလဒ်များဖြင့် တိုင်းပြည်အရွေ့တစ်ခုသို့ ရောက်ရှိ စေရေးအတွက် လိုအပ်သည့်ဆွေးနွေးချက်များရရှိအောင် ဝိုင်းဝန်းဆောင်ရွက်ကြစေလို ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည် ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း ဖိုရမ် ကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ပြောကြားခဲ့သည်။
▪️ အဆိုပါ ဖိုရမ်တွင် မန္တလေးငလျင်ကြီး၏ စီးပွားရေးအပေါ်ရိုက်ခတ်မှုများ၊ စီးပွားရေးပြန်လည်ထူထောင်ရာတွင် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ၊ စီးပွားရေးပြန်လည်ကုစားခြင်းအတွက် စုပေါင်းအဖြေရှာခြင်းဟူသည့် ခေါင်းစဉ်သုံးခုဖြင့် ဆွေးနွေးကြမည်ဖြစ်ပြီး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသော စီးပွားရေးလုပ်ငန်းများအား ပြန်လည် ထူထောင် အားကောင်းလာစေရန်၊ ငလျင်ဘေးအလွန်ကာလတွင် ဖြစ်ပေါ်လာမည့် ပြည်တွင်း/ပြည်ပ ဈေးကွက် စီးပွားရေးအသစ်များ၊ နိုင်ငံ့စီးပွားရေးပိုမိုကောင်း မွန်စေမည့်အခွင့်အလမ်းများနှင့် ကြုံတွေ့ရနိုင်သည့်စိန်ခေါ်မှုများအား သိရှိနိုင်စေရန်၊ မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး အခင်းအကျင်းနှင့် ပထဝီစီးပွားရေးအခွင့်အလမ်းများကို သိရှိအသုံးချပြီး ပြည်တွင်းမှ ထုတ်ကုန် ပစ္စည်းများအား ဈေးကွက်ချဲ့ထွင်နိုင်ရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ အချင်းချင်း ပေါင်းစည်းမြှင့်တင်နိုင်ရန်ရည်ရွယ်ချက်ဖြင့် ကျင်းပမည်ဖြစ်ကြောင်းနှင့် ဖိုရမ်သို့ စိတ်ပါဝင်စားသူ မည်သူမဆို ပါဝင်တက်ရောက်နိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 20 May 2025
▪️ ထိုင်းနိုင်ငံတွင်ကျင်းပမည့် ၂၀၂၅ ခုနှစ်Sea Games အတွက် လက်ရွေးစင်များရွေးချယ်မည့်National Esports Championship: Road to SEA Game 2025 ပြိုင်ပွဲကို မေလတတိယပတ်မှစတင်ကာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ National Esports Championship ပြိုင်ပွဲသည် မြန်မာနိုင်ငံ၏ အမြင့်ဆုံးသော Esports အားကစားပြိုင်ပွဲဖြစ်ပြီး လက်ရည်စစ်ပွဲအဆင့်၊ အုပ်စုပြိုင်ပွဲအဆင့်၊ နောက်ဆုံးအဆင့်ဖိုင်နယ်ပြိုင်ပွဲကြီးဟူ၍ အဆင့်သုံးဆင့်ခွဲကာ ယှဉ်ပြိုင်သွားရမည်ဖြစ်ကာပြိုင်ပွဲကာလမှာ မေလတတိယပတ်မှ ဇူလိုင်လ တတိယပတ်အထိ နှစ်လခန့်ကြာမြင့်မည်ဖြစ်ကြောင်း၊ လက်ရည်စစ်ပွဲအတွက် ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် မေလတတိယပတ်မှ စတင်စာရင်းပေးသွင်းနိုင်မည်ဖြစ်ကြောင်း၊ ပြိုင်ပွဲနှင့် သက်ဆိုင်သည့်အသေးစိတ်အချက်အလက်များကို MESL- Myanmar Esports League Facebook Page မှတစ်ဆင့် ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ပြည်ပ Esports ပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင် Esports အားကစားအသင်းများက မြန်မာနိုင်ငံအိုလံပစ်ကော်မတီဦးဆောင်မှုဖြင့် ၂၀၂၃ ခုနှစ် နိုင်ငံတကာ Esports အားကစားအဖွဲ့ချုပ် (IESF) မှ ကျင်းပသော World Esports Champion-ship တွင် Dota 2 ပြိုင်ပွဲမှ ကမ္ဘာ့အဆင့် ငွေတံဆိပ်ဆုကိုလည်းကောင်း၊ ၂၀၂၃ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံ၌ကျင်းပသော SEA Games ပြိုင်ပွဲတွင် Mobile Legends: Bang Bang ပြိုင်ပွဲမှ ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ၌ ကျင်းပသော Hangzhou 19th Asian Games တွင် Honor of Kings ပြိုင်ပွဲတွင်အဆင့် (၅) ကိုလည်းကောင်း အသီးသီးရရှိထားခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 20 May 2025
▪️ ယခင်နှစ်က စိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျန်ကင်းရှင်းသည့် တောင်သူ လယ်သမားများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအသစ်များကို ယမန်နေ့က စတင်၍ ထုတ်ချေးပေးနေပြီဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
▪️ စိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးရာသီအလိုက် ထုတ်ချေးပေးလျက်ရှိရာ တောင်သူဦးကြီးများအနေဖြင့် အချိန်စေ့ချေးငွေပြေကျေမှသာ (ယခင်ကြွေးကျန်ကင်းရှင်းမှသာ) ချေးငွေအသစ် ထုတ်ချေးခွင့်ရရှိမည်ဖြစ်ကြောင်းသိရသည်။
▪️ အဆိုပါ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးသော ဖွံ့ဖြိုးရေးချေးငွေ နှစ်တို၊ နှစ်ရှည်ချေးငွေများကိုလည်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထုတ်ချေးခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ ယခင် စိုက်ပျိုးစရိတ်ချေးငွေများအား အရင်း၊ အတိုးများပါ ပြေကျေစွာပေးဆပ်ပြီးသည့် တောင်သူများအား ၂၀၂၅ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေအဖြစ် မိုးရာသီစိုက်ပျိုးချိန်အမီ ယမန်နေ့ မေလ ၁၉ ရက်နေ့မှစတင်၍ ယခင်နှစ်နည်းတူတစ်နှစ်လျှင် အတိုးနှုန်းငါးရာခိုင်နှုန်းဖြင့် သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်ဘဏ်ခွဲများမှတစ်ဆင့် ထုတ်ချေးနေပြီဖြစ်ကြောင်း သိရသည်။
▪️ ထို့ကြောင့် ယခင်ချေးငွေများ ပြေကျေစွာပေးဆပ်ပြီးသည့် တောင်သူလယ်သမားဦးကြီးများအနေဖြင့် ၂၀၂၅ မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများ အချိန်မီရရှိနိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ်ဘဏ်ခွဲများနှင့် အမြန်ဆုံးဆက်သွယ်ကြရန်လည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အသိပေးအကြောင်းကြားပါကြောင်းဖြင့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#YMG/NN #Yangon_Times
#Local_News
Published 20 May 2025
▪️ လာမည့် စက်တင်ဘာလအတွင်း ပြင်သစ်နိုင်ငံ၌ ကျင်းပမည့် Apparel Sourcing Paris 2025 ပြပွဲ ၌ မြန်မာနိုင်ငံမှMade in Myanmar ထုတ်ကုန်များပါဝင်ပြသမည်ဖြစ်ရာ စိတ်ပါဝင်စားသူ အသင်းဝင်စက်ရုံ၊ ကုမ္ပဏီများ အနေဖြင့် စာရင်းပေးသွင်းနိုင်ကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။
▪️ အဆိုပါ Apparel Sourcing Paris 2025 ပြပွဲကို ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ Paris Le Bourget, France ၌ စက်တင်ဘာလ ၁၅ ရက်မှ ၁၇ ရက်အထိ Messe Frankfurt France မှကြီးမှူးကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံမှ အထည်ချုပ် လုပ်ငန်းရှင်များအား ပါဝင်ပြသရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA)သည် ဥရောပနိုင်ငံမှ ဝယ်လက်များနှင့်ချိတ်ဆက်နိုင်ရန် Myanmar Pavilion အနေနဲ့ ၂၀၂၂ ခုနှစ်မှစတင်ကာ ပြပွဲ၌ဝင်ရောက်ပြသလေ့ရှိပြီး ယခုနှစ်မှာလည်း Made in Myanmar ထုတ်ကုန်များ ပါဝင်ပြသလိုသည့် အသင်းဝင်စက်ရုံများကို ဖိတ်ခေါ်ထားကြောင်း သိရသည်။
▪️ ထို့ကြောင့် အသင်းဝင်များအနေဖြင့် ပြခန်းဖြင့်ပြသလိုပါက ပြခန်းကုန်ကျငွေကို စရိတ်မျှခံစနစ်ဖြင့် ကျခံ၍လိုက်ပါနိုင် မည်ဖြစ်ပြီး ပြပွဲလေ့လာသူနှင့် လိုက်ပါလိုသည့် အသင်းဝင်စက်ရုံများအနေဖြင့်လည်း Registration Fees ပေးသွင်း၍ လိုက်ပါနိုင်မည်ဖြစ်ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) ၏ အသင်းဝင်စက်ရုံ၊ ကုမ္ပဏီများမှ Apparel Sourcing Paris 2025 ပြပွဲသို့ တက်ရောက်ရန် စိတ်ဝင်စားပါက ဖုန်း ဝ၉-၄၃၀၈၁၄၂၄ သို့ မေလ ၃၁ ရက်နောက်ဆုံးထားကာ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
▪️ အဆိုပါပြပွဲသည် တစ်နှစ်လျှင်နှစ်ကြိမ် ပါရီမြို့၌ ကျင်းပလေ့ရှိပြီး ဖက်ရှင်လုပ်ငန်းမှ ပြပွဲပြသသူ ၁,၀၀၀ ကျော်ဖြင့် ပါဝင်ပြသသည့် ပြပွဲတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ စီးပွားဖြစ်ဝယ်ယူသူများအတွက် အခြေခံပစ္စည်းများမှအစပြု၍ အဆန်းသစ်ဆုံးနှင့် အရည်အသွေးအမြင့်ဆုံး ထုတ်ကုန်များအထိ စုံလင်စွာရှာဖွေဝယ်ယူနိုင်သည့် ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 19 May 2025
၁။ Speed Boat အသုံးပြုရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်မည်
၂။ ပထမအကြိမ် အာဆီယံဒူးရင်းပွဲတော်တွင် ပါဝင်ပြသရန် မြန်မာကို ဖိတ်ကြားထား
၃။ မဟာမြတ်မုနိဘုရားအား ယနေ့ဖူးမြှော်ခွင့်ပြု၊ ဥပုသ်နေ့တိုင်း ဖူးမြှော်နိုင်ရန်ဆောင်ရွက်နေ
၄။ အခွန်စည်းကြပ်မှုလျှော့ပေါ့ကြောင်း ကြေညာပြီးနောက် တရုတ်မှကုန်ပစ္စည်းများအမေရိကန်မှာယူမှုပြန်လည်မြင့်တက်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
"Magical Moe" is a deeply emotional love story, beautifully woven with soul-stirring songs that leave a lasting impression. Adapted by the renowned female author Loon Htar Htar, it captivates readers with its heartfelt narrative and musical charm.
The film “Magical Moe“ is produced by Frenzo Production, which proudly co-produced the 2010 Best Film Award winner "Adam, Eve, and Dassa " and followed it with the 2020 Best Film Award-winning “Padauk Musical”.
Magical Moe is directed by Mee Pwar, who won the Best Film Director award for " Padauk Musical “.The cast includes Academy Award-winning actor Sai Sai Khem Leng, who received two Academy Awards in 2020, along with May Toe Khine, Poe Mamhe Thar, Thein Lin Soe, Tayza Lin Young, Min Arkar, and Hein Thit Sa.
With a stellar cast and a visionary director, Magical Moe promises to redefine the standards of love stories in cinema brings passion, heartbreak, and music to life on the big screen.
Building on this tradition of excellence, they are devoted to making Magical Moe, highly anticipated 2025 release with an unforgettable cinematic masterpiece.
#MagicMoeFilm
#DirectorMeePwarr
#MayToeKhaing
#PoeMaMhiThar
#TheinLinSoe
#TayZarLinnYawn
#MinArKa
#HainThitZa
#SaiSaiKhamLai
#FrenzoProduction
Page 41 of 2023