#Local_News
Published 08 September 2025
▪️ စက်တင်ဘာ (၇)ရက် ညပိုင်းမှ စက်တင်ဘာ (၈)ရက် နံနက်ပိုင်းအထိ လအပြည့်ကြတ်ခြင်းဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်ကို မြန်မာနိုင်ငံမှ မြင်တွေ့ခဲ့ရပါတယ်။
▪️ လအပြည့်ကြတ်မည့် အဆင့်တခုတည်းကို (၁)နာရီနှင့် (၂၂) မိနစ်ကြာ မြင်တွေ့ခဲ့ပြီး လကြတ်ခြင်းဖြစ်စဉ်အစအဆုံး၏ ကြာမြင့်ချိန် (၅) နာရီ (၂၇)မိနစ်ခန့် ကြာမြင့်ခဲ့ပါတယ်။
▪️ လစတင်ကြတ်ချိန် မှ ပြီးဆုံးချိန်အထိ အချိန်အပိုင်းအခြားအလိုက် ဖော်ပြထားပြီး၊ စက်တင်ဘာ (၇) ရက် ည(၉) နာရီ (၅၈)မိနစ်တွင်စတင် လကြတ်မည်ဖြစ်ကာ လတစ်စိတ်တစ်ပိုင်း စတင်ကြတ်ချိန် ည (၁၀)နာရီ(၅၇) မိနစ်၊ လအပြည့်စတင် ကြတ်ချိန် ည (၁၂)နာရီတိတိ၊ လအပြည့်အကြတ်ဆုံးအချိန်နံနက် (၀၀)နာရီ (၄၁)မိနစ်၊ လအပြည့်ကြတ်ခြင်း ပြီးဆုံးချိန် နံနက် (၁)နာရီ (၂၂)မိနစ်၊ လတစ်စိတ်တစ်ပိုင်းကြတ်ခြင်း ပြီးဆုံးချိန် နံနက် (၂)နာရီ (၂၆) မိ နစ်၊ လကြတ်ခြင်းဖြစ်စဉ် ပြီးဆုံးချိန်မှာ စက်တင်ဘာ (၈) ရက် ၊ နံနက် (၃)နာရီ (၂၅)မိနစ်ဖြစ်ပါတယ်။
▪️ လကြတ်ချိန်အတွင်း လမှာ သွေးနီရောင်ပြောင်းသွားခဲ့ပြီး ယင်းသိူ့ပြောင်းလဲခြင်းသည် နေရောင်က ကမ္ဘာ့လေထုကို ဖြတ်သွားချိန် နေရောင်အတွင်းပါရှိသည့်အစိမ်း၊ အပြာ၊ မဲနယ်၊ ခရမ်း စသော အရောင်များမှာ လေထုအတွင်း Refr act (အလင်းယိုင်) သွားခြင်းကြောင့် ကျန်နေသည့် အနီရောင်ကသာ လပေါ်ကို ကျရောက်လာခြင်းကြောင့် အနီရောင်ပြောင်းလဲသွားခြင်းဖြစ်ပါတယ်။
▪️ လကြတ်ခြင်းဖြစ်စဉ်များမှာ တစိတ်တပိုင်း လကြတ်ခြင်း၊ အပြည့်လကြတ်ခြင်းရှိသည့် အလျောက် ယခုဖြစ်ပေါ်မည့် လကြတ်ခြင်းသည် အပြည့်အဝ လကြတ်ခြင်းဖြစ်သည်ဟုဆိုသည်။
▪️ တစ်နှစ်လျှင် လကြတ်ခြင်းဖြစ်စဉ် (၂) ကြိမ်မှ (၃) ကြိမ်ခန့်အထိဖြစ်ပေါ်တတ်ပြီး ယခုလကြတ်ခြင်းသည် ဒုတိယမြောက်လကြတ်ခြင်းဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇန်နဝါရီလ ကနေ ဩဂုတ်လအထိ ရှစ်လတာအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂,၀၀၀ ကျော်နှင့် သေဆုံးသူ ၁၅ ဦး ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
#Local_News
Published 07 September 2025
#သွေးလွန်တုပ်ကွေးရောဂါ #ရန်ကုန်တိုင်းဒေသကြီး
#YMG/NN #Yangon_Times
#Daily_News
Published 06 September 2025
၁။ ဂျာမနီအကူအညီဖြင့် အမွေအနှစ်အဆောက်အအုံတစ်ခုကို ပြန်လည်ပြုပြင်ထိန်းသိမ်းမည်
၂။ ရှစ်လတာအတွင်း ကန်ဒေါ်လာသန်း (၃၅၀)ကျော်တန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ တန်ချိန်တစ်သန်းကျော်အထိတင်ပို့ထား
၃။ သံတောင်ကြီးဒေသထွက် သဘာဝကော်ဖီမှုန့်များ ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိနေ
၄။ ဒုတိယကမ္ဘာစစ်ကဂျပန်ကျူးကျော်မှုကိုကြံ့ကြံ့ခံခုခံခဲ့သည့်တရုတ်ပြည်သူ့တော်လှန်ရေးအား အခမ်းအနားဖြင့်ဂုဏ်ပြုဖျော်ဖြေ ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်က ထွက်ရှိတဲ့သဘာဝကော်ဖီမှုန့်တွေ ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိနေတယ်လို့ ကော်ဖီစိုက်ပျိုးသူများထံမှ သိရပါတယ်။
#Local_News
Published 06 September 2025
#သံတောင်ကြီးမြို့နယ် #သဘာဝကော်ဖီမှုန့်
#YMG/SW #Yangon_Times
#Local_News
Published 06 September 2025
▪️ ပုဂ္ဂလိကဝါးစိုက်ခင်းများ တည်ထောင်မှုကိုလည်း စိစစ်ခွင့်ပြုပေးနေကြောင်းသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီကပြောသည်။
▪️ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက သစ်အခြေခံစက်မှုလုပ်ငန်းရှင်များ၊ ကြိမ်၊ ဝါး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးစဉ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ သစ်အခြေခံစက်မှုလုပ်ငန်းရှင်များ၊ ကြိမ်၊ ဝါး အချောထည်လုပ်ငန်းရှင်များ၊ သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းမှ တာဝန်ရှိသူများနှင့် ယမာန်နေ့က ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြိုနယ်ရှိ သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပိုရေးရှင်းရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးစဉ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည် ။
▪️ ပြည်ထောင်စုဝန်ကြီးက သစ်အခြေခံစက်မှုလုပ်ငန်းများအတွက် လိုအပ်သောကုန်ကြမ်းများကို သဘာဝတောများနှင့် နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်စိုက်ခင်းများမှ ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ထိုအတူ ဝါးနှင့်ကြိမ်လုပ်ငန်းများအတွက် သဘာဝ တောများမှ နှစ်စဉ် ဝါးလုံးရေ ၃၁၈ သန်းနှင့် ကြိမ်လုံး ရေ ၇၇ သန်း ထုတ်ပေးလျက်ရှိပြီး ပုဂ္ဂလိကဝါးစိုက်ခင်းများ တည်ထောင်မှုကိုလည်း စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း ဆိုသည်။
▪️ ထို့အပြင် စျေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသော သစ်၊ ဝါး၊ ကြိမ် အချောထည်များကို နည်းပညာအသုံးပြု၍ တိုးမြှင့်ထုတ်လုပ် တင်ပိုနိုင်ပါက အလုပ်အကိုင်အခွင့်အရေးများ ပိုမိုရရှိစေမည့်အပြင် နိုင်ငံ့စီးပွားဖွံဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ ကုန်ကြမ်းရရှိရေး၊ ထုတ်လုပ်သည့် အချောထည်များ ပြည်တွင်း၊ ပြည်ပစျေးကွက်ရရှိရေး၊ ကုန်ချောများတင်ပို့ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက်ဌာနနှင့် လုပ်ငန်းရှင်များပေါင်းစပ်ညှိနှိင်း ဆောင်ရွက်သွားရန် ပြောကြားသည်။
▪️ ထိုနောက်လုပ်ငန်းရှင်များက လုပ်ငန်းအမျိုးအစားအလိုက် ကုန်ကြမ်းရရှိမှု၊ ကုန်ချောထုတ်လုပ်မှုနှင့် စျေးကွက်အခြေအနေ၊ တွေ့ကြုံရသော အခက်အခဲများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
▪️ ထို့နောက် သန်လျင်မြိုနယ်ရှိ မြန်မာ့သစ်လုပ်ငန်း အမှတ်(၃) ပရိဘောဂစက်ရုံ၌ စက်ရုံမှတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီး က မြန်မာ့သစ်လုပ်ငန်းအနေဖြင့် တန်ဖိုးမြှင့်သစ်အချောထည်များထုတ်လုပ်ပြီး ပြည်တွင်း၊ ပြည်ပစျေးကွက်များရှာဖွေ၍ ရငွေလျာထားချက် ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်သွားရန်မှာကြားပြီး စက်ရုံအတွင်း တန်ဖိုးမြှင့်ခွဲသားများ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အမှတ်(၁) ပရိဘောဂစက်ရုံနှင့် အမှတ်(၂) ပရိဘောဂစက်ရုံများ၌ တန်ဖိုးမြှင့်ခွဲသား၊ ကြမ်းခင်းတုံးနှင့် အိမ်သုံး၊ ရုံးသုံးပရိဘောဂအချောထည်များထုတ်လုပ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 06 September 2025
▪️ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ကူမင်းမြို့တွင် ယနေ့ စက်တင်ဘာ ၆ ရက် မနက်က Global South Media and Think Tank Forum ကျင်းပသည်။
▪️ ဖိုရမ်သို့မြန်မာနိုင်ငံအပါအဝင် Global South နိုင်ငံများမှ အစိုးရအဖွဲ့အစည်းများ၊ Think Tank နှင့်မီဒီယာအဖွဲ့အစည်း ၁၀၀ ကျော်မှ ကိုယ်စားလှယ်များတက်ရောက်ကြသည်။
▪️ တရုတ်ဒုတိယပြန်ကြားရေးဝန်ကြီးနှင့် ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီအတွင်းရေးမှုး၊ ဆင်ဟွာ သတင်းဌာနအကြီးအကဲတို့က ဖွင့်ပွဲတွင်အမှာစကားပြောကြားသည်။
▪️ မြန်မာအစိုးရပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် အခြားသောနိုင်ငံများမှပြန်ကြားရေးဆိုင်ရာ အဆင့်မြင့်ပုဂ္ဂိုလ်များနှင့်အတူ အမှာစကားများပြောကြားခဲ့ကြသည်။
#ymg/knl
အခုနှစ် ရှစ်လတာအတွင်း ကန်ဒေါ်လာသန်းပေါင်း (၃၅၀) ကျော်
တန်ဖိုးရှိတဲ့ ဆန်နဲ့ဆန်ကွဲ တန်ချိန်တစ်သန်းကျော်အထိ တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကသိရပါတယ်။
#Local_News
Published 06 September 2025
#ဆန်နှင့်ဆန်ကွဲ #မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
#YMG/NN #Yangon_Times
Page 39 of 2148