#Local_News
Published 18 September 2026

■ ၂၃၀ ကေဗွီ လှော်ကားပင်မဓာတ်အားခွဲရုံတွင် ချို့ယွင်းနေသည့် ဗို့အားတိုင်းတာရေးပစ္စည်းများနှင့် အပူချိန်မြင့်တက်နေသည့် ဓာတ်အားလွှတ်ကြားခံပစ္စည်းများ အစားထိုးလဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စက်တင်ဘာ ၂၀ ရက်တွင် ဓာတ်အား ယာယီပိတ်ထားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

■ အဆိုပါလုပ်ငန်းများကို စက်တင်ဘာ ၂၀ ရက် မွန်းလွဲ ၁၂ နာရီမှ ညနေ ၄ နာရီအထိ ဆောင်ရွက်မည်ဖြစ်ပြီး ခွဲရုံအတွင်းရှိ ၃၃ ကေဗွီ ပင်မဖြန့်ဖြူးရေးလိုင်း (၁) ကို ဓာတ်အားပိတ်ထားမည်ဖြစ်သည်။

■ ထိုသို့ ဓာတ်အားပိတ်ထားစဉ် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာပ၊ ရွှေပြည်သာနှင့် လှည်းကူးမြို့နယ်တို့မှ အချို့ရပ်ကွက်နှင့် ကျေးရွာများ၊ စက်ရုံ၊ အလုပ်ရုံများနှင့် စက်မှုဇုန်များတွင် ယာယီဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်မည်ဖြစ်ကြောင်း သိရသည်။

■ ဓာတ်အားပြတ်တောက်မည့် ဧရိယာများမှ ဓာတ်အားသုံးစွဲသူများကို သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများမှတစ်ဆင့် ကြိုတင်အသိပေးထားပြီးဖြစ်ကြောင်း ဝန်ကြီးဌာနက အသိပေးထားသည်။

■ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဓာတ်အားပို့လွှတ်ဖြန့်ဖြူးမှု တည်ငြိမ်စေရန်အတွက် ပင်မဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများကို ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#YMG/SW #Yangon_Times