#Local_News
Published 18 September 2026
■ လာမည့် စက်တင်ဘာလ(၂၀) ရက်နေ့ ၊နေ့လည် ( ၁ )နာရီအချိန် သိမ်ဖြူလက်ဝှေ့ရုံ၌ ရွိုင်ရယ်-ဒီ ရွှေခါးပတ်ချန်ပီယံလက်ဝှေ့ဗိုလ်လုပွဲကြီးကို ကျင်းပသွားမည်ဖြစ်ရာစုစုပေါင်းတွဲဆိုင်း
( ၉ )ဆိုင်းထိ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
■ အထူးစိန်ခေါ်ပွဲ အဖြစ်တွဲဆိုင်း(၃)ခု ၊ရွှေခါးပတ်ချန်ပီယံဆုအတွက်ယှဉ်ပြိုင်မယ့် တွဲဆိုင်း(၆)ခု ထိ ပါဝင်သွားမည် ဖြစ်သည်။
■ အထူးစိန်ခေါ်ပွဲ တွဲဆိုင်း(၃)ဆိုင်းကို (၃)မိနစ် (၄)ချီ အဖြစ်ယှဉ်ပြိုင်ထိုးကြမည် ဖြစ်ပြီး
(၁) လားကပေါ(ရိုးရာကျား) VS ဇော်ဒူလ(Python တော်ဝင်ဧရာ)၊
(၂) ရွှေထီး(YMA) VS ဝူသောဒို(ရိုးရာကျား) ၊
(၃) ချမ်းမြေ့အောင်(PTC) VS ရဲမာန်သွေး(Ray) တို့ဖြစ်သည့်အပြင် ရွှေခါးပတ်ချန်ပီယံ အတွက် အပြိုင်ဆိုင်ယှဉ်ပြိုင်ကြမည့် တွဲဆိုင်း(၆)ဆိုင်း ကိုမူ(၃)မိနစ်(၅)ချီအဖြစ် ကစားကြမည် ဖြစ်ကြောင်းသိရသည်။
■ ပြီးခဲ့သည့်အကြိုဗိုလ်လုပွဲ၌ ပြိုင်ဘက်များကို အနိုင်ယူကျော်ဖြတ်ပြီး ဗိုလ်လုပွဲ ဆီတတ်လှမ်းလာသည့် ဖိုက်တာများက ချန်ပီယံခါးပတ်အတွက် အကြိတ်အနယ်ကစားကြမည်ဖြစ်ပြီး တွဲဆိုင်းအသေးစိတ်မှာ
(၁) ဆလိုင်းထန်ခွီးရှိန်း (ကျားမနိုင်) VS ဂေါဗက (ရိုးရာစွမ်းအား) ၊
(၂) အောင်ထွန်းဘို (ဒို့ရိုးရာ) VS မြလုံးချော (စိန်လက်သီး) ၊
(၃) ကျော်ဝေယံထွန်း (Top One) VS အာဖရိက (555 sports) ၊
(၄ )စီတိုး ( ခေးယုဝါး) VS သန့်ဇင် (Python တော်ဝင်ဧရာ) ၊
(၅) ထူးကညော (YKB) VS ရဲလင်းဦး (Vanguard) ၊
(၆) အဖိုးသွေး(ခေးယုဝါး)VS ကညောခွား(ဘိလပ်မြေစက်ရုံ) တို့က အသီးသီးယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်းသိရသည်။
■ ၎င်းအပြင်အမှတ်ပေးစနစ် ပါဝင်မည်ဖြစ်ပြီး ပွဲချိန်တွင်းအနိုင်အရှုံးမပေါ်ခဲ့ပါက အမှတ်ပေးဒိုင်(၃)ယောက်၏ အမှတ်များဖြင့် အနိုင်အရှုံးဆုံးဖြတ်သွားမည်ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times