#Local_News
Published 24 July 2026
■ လာမည့် ဇူလိုင် ၂၅ ရက်နေ့တွင် သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည့် Hyundai ASEAN Championship 2026 အမျိုးသားဘောလုံးပြိုင်ပွဲ၊ အုပ်စုအဆင့် မြန်မာအသင်းနှင့်မလေးရှားအသင်း ယှဉ်ပြိုင်မှုတိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။
■ Hyundai ASEAN Championship 2026 အမျိုးသားဘောလုံးပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၄ ရက်မှ ဩဂုတ်လ ၂၆ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကာ မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းပါဝင်သည့် အုပ်စု(B)ပွဲစဉ်များအနက် မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းနှင့် မလေးရှားအမျိုးသားဘောလုံးအသင်းတို့၏ အုပ်စုအဆင့်ပွဲစဉ်ကို ဇူလိုင် ၂၅ ရက် ညနေ ၄ နာရီခွဲတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
■ အဆိုပါပွဲစဉ်ကို ယင်းနေ့ ညနေ ၄ နာရီ ၁၅ မိနစ်မှစတင်၍ MRTV HD Channel နှင့် MRTV Sports Channel တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 24 July 2026
■ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်း ဆင်ဝိုင်းမှ ဆင်မ "ဇာနန်းလှ" က မွေးဖွားခဲ့သည့် ဆင်ဖြူတော် (အထီး) "ရဋ္ဌနန္ဒက" သည် လက်ရှိ အသက်(၄)နှစ်အရွယ်တွင် ကျန်းမာသန်စွမ်းစွာ ကြီးထွားလျက်ရှိကြောင်း သိရသည်။
■ အဆိုပါ ဆင်ဖြူတော်လေးကို ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃ ရက် နံနက် ၆ နာရီခွဲအချိန်တွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး၊ မွေးဖွားစဉ်က အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံးလုံးပတ် ၃ ပေ ၁ လက်မနှင့် ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့်ရှိခဲ့ကြောင်းသိရသည်။
■ "ရဋ္ဌနန္ဒက" သည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ (၈)ချက်အနက် (၇)ချက်နှင့် ကိုက်ညီသည့် ဆင်ဖြူတော်ဖြစ်ပြီး မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဍာန်ဖြစ်ခြင်း၊ အမွှေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊ အသားအရေပန်းရောင်ဖြစ်ခြင်း၊ ရှေ့ခြေသည်း (၅)ခုစီနှင့် နောက်ခြေသည်း (၄)ခုစီပါရှိခြင်း၊ နားကြီးခြင်းတို့မှာထင်ရှားသည့် လက္ခဏာများဖြစ်ကြောင်းသိရသည်။
■ လက်ရှိတွင် "ရဋ္ဌနန္ဒက" သည် အရပ်အမြင့် ၅ ပေ ၆ လက်မ၊ ကိုယ်လုံးလုံးပတ် ၈ ပေ ၂ လက်မနှင့် ကိုယ်အလေးချိန် ၁,၇၇၅ ပေါင်အထိ ရှိလာပြီး နေပြည်တော်ရှိ ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ်၊ ရတနာဆင်ဖြူတော်ဆောင်တွင် မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်စွာနေထိုင်လျက်ရှိကြောင်း သိရသည်။
■ ထို့ပြင် "ရဋ္ဌနန္ဒက" သည် ငယ်စဉ်ကတည်းက လူနှင့် ယဉ်ပါးသည့် ဆင်ဖြူတော်ဖြစ်ပြီး လူနှင့်ဆင်အကြား ပိုမိုကောင်းမွန်သည့် ဆက်ဆံရေး တည်ဆောက်နိုင်စေရန် "Peace Human and Elephant Interaction Training" စနစ်ဖြင့်ဆက်လက်လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 24 July 2026
■ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ရှိ Jiegao International Jade & Jewelry Trade Center တွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဇူလိုင် ၂၂ ရက်က စတင်ကျင်းပခဲ့ကြောင်း သိရသည်။
■ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးနှင့် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Wang Yubo တို့ တက်ရောက်ခဲ့ကြသည်။
■ အခမ်းအနားတွင် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Wang Yubo က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
■ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူးတို့က ပြပွဲကို ဖွင့်လှစ်ပေးခဲ့ပြီး ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအရိုင်းတွဲများကိုလှည့်လည်ကြည့်ရှုခဲ့ကြသည်။
■ မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဇူလိုင် ၂၂ ရက်မှ ၂၅ ရက်အထိ Jiegao International Jade & Jewelry Trade Center တွင် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာ့ကျောက်မျက်ရတနာများကို ပြသရောင်းချခြင်းနှင့် ကုန်သွယ်ရေးချိတ်ဆက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
■ ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် Jincheng Dihai Hotel တွင် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Wang Yubo နှင့် ကိုယ်စားလှယ်အဖွဲ့အား သီးခြားလက်ခံတွေ့ဆုံခဲ့ပြီး ကျောက်မျက်ရတနာပြပွဲ ကျင်းပရေးနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

#Daily_News
Published 23 July 2026
၁။ အခြေခံအုတ်စီနှင့်ကျောက်ပုံးဆရာဖြစ် သင်တန်းဖွင့်လှစ်မည်
၂။ ဝဇီရာရုပ်ရှင်ရုံတွင် ရုပ်သေးပွဲများပြသမည်
၃။ ဇူလိုင် ၃၁ ရက်အထိ ဒေသအများအပြားတွင် မိုးကြီးနိုင်ဟုမိုးဇလအသိပေး
၄။ မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိသောအင်ဒိုချိုင်းနားမီးခိုးရောင်မျောက်မြီးရှည် တရုတ်ဘေးမဲ့တော၌တွေ့ရှိ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် (MCEF) နှင့် Inclusive System Myanmar (ISM) တို ပူးပေါင်းဖွင့်လှစ်မယ့် အခြေခံအုတ်စီနဲ့ ကျောက်ပုံးသင်တန်း TOT ဆရာဖြစ်သင်တန်းအတွက် စိတ်ပါဝင်စားသူများကို ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။
#Local_News
Published 23 July 2026
#ကျောက်ပုံးဆရာ #သင်တန်း
#YMG/SW #Yangon_Times
ရန်ကုန်မြို့တွင် မကြာမီကာလအတွင်း ပြန်လည်ဖွင့်လှစ်တော့မယ့် ဝဇီရာရုံမှာ မြန်မာ့ရိုးရာရုပ်သေးပွဲများကို အပတ်စဉ်ထည့်သွင်းပြသသွားမယ်လို့ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ကသိရပါတယ်။
#Local_News
Published 23 July 2026
#ဝဇီရာရုပ်ရှင်ရုံ
#YMG/NN #Yangon_Times
Page 50 of 2438