#Local_News
Published 12 May 2025
▪️ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ဧရိယာ ဧက သုံးထောင်ကျော်ရှိသောနယ်မြေကို' ရမန်းချောင်း ကြိုးပြင်ကာကွယ်တော ' အဖြစ် သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
▪️ အဆိုပါ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တော ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င)အရအပ်နှင်း ထားသောလုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ကျောက်ဆည်မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၃,၇၇၁) ဧကရှိသောနယ်မြေကို "ရမန်းချောင်း ကြိုးပြင်ကာကွယ်တော" အဖြစ် ဧပြီလ (၃၀)ရက်မှစတင်၍ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ သတ်မှတ်ခြင်းဖြင့် ယင်း ဧရိယာအတွင်း ပေါက်ရောက်လျက်ရှိသော သဘာဝပေါက်ပင်များဖြစ်သည့် ပျဉ်းကတိုး၊ ပိတောက်၊ အင်ကြင်း၊ အင်၊ ထောက်ကြံ့၊ နီပစေး၊ နဘဲ၊ တရော်၊ ရော်၊ ပိုးမဲဇာ၊ ပိုးမဲဇာ၊ သစ်စေး၊ ဆီးဖြူ စသည့်သစ်မျိုးများအား ထိန်းသိမ်းနိုင်မည်ဖြစ်ပြီး တောဝက်၊ ယုန်၊ ရှဉ့်၊ ချိုး၊ ခါ စသည့် တိရစ္ဆာန်ငယ်များ၏ နေထိုင်ကျက်စားရာဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 12 May 2025
▪️ မေလ ၃ ရက်နေ့နံနက်ပိုင်းတွင် Myanmar Thai Yod Agriculture Development Co., Ltd. နှင့် Siam Tigers Myanmar Co., Ltd. သည်နေပြည်တော်တန်ချိန် ၂၄၀ ပီလောပီနံမှုန့် စက်ရုံ(Nay Pyi Taw Cassava Starch 240 Ton Factory) ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို မြန်မာနိုင်ငံစီချွမ်-ချုံချင့်ကုန်သည်များအသင်းချုပ်၌ ခမ်းနားသိုက်မြိုက်စွာကျင်းပခဲ့သည်။ Myanmar Thai Yod Agriculture Development Co., Ltd. မှ မန်းနေးဂျင်းဒါရိုက်တာZhou Liang နှင့် Siam Tigers Myanmar Co.,Ltd မှ Mr. Mongkol တို့သည် ကိုယ်စားလှယ်အဖြစ် လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
▪️ ထို့အပြင်ရှယ်ယာရှင်ကိုယ်စားလှယ်မြန်မာနိုင်ငံစီချွမ်-ချုံချင့်ကုန်သည်များအသင်းချုပ် ဥက္ကဋ္ဌYang Xianqiang နှင့်အမှုဆောင်ဒုတိယ ဥက္ကဋ္ဌMiao Yongsheng ,XieYongchang နှင့် အခြားသော ဧည့်သည်တော်များလည်းအခမ်းအနား တက်ရောက်ပြီး ဤအရေးကြီးသောအခိုက်အတန့်ကို အတူတကွ သက်သေပြုခဲ့ကြပါသည်။
▪️ ယခုအကြိမ် လက်မှတ်ရေးထိုးသည့် ပီလောပီနံမှုန့်စက်ရုံ စီမံကိန်းသည် အဓိပ္ပါယ်လေးနက်လှပါသည်။ စက်ရုံသည် နေပြည်တော်တွင် တည်ရှိပြီး ဧရိယာ ၁၁.၁၅၇ ဧက ကျယ်ဝန်း ကာ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၁၂ သန်းအထိ ရှိသည်။
▪️ အဆိုပါစီမံကိန်း ကို ၂၀၂၆ နှစ်ကုန်တွင် စတင်ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားသည်။ စက်ရုံတည် ဆောက်ပြီးစီးပါက မြန်မာနိုင်ငံတွင် တစ်နှစ်တန်ချိန် ၇၂၀၀၀ အထိ ထုတ်လုပ်နိုင်သည့် ပီလောပီနံမှုန့်အများဆုံးထုတ်လုပ်သည့်လုပ်ငန်းဖြစ်လာမည်ဖြစ်သည်။
▪️ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအဆင့်တွင်၊ ယင်းစီမံကိန်းသည် သိသာထင်ရှားသောမောင်းနှင်အား ရှိသည်။ စီမံကိန်း ပထမအဆင့်တွင်ပီလောပီနံဥနှင့် ကန်စွန်းဥစိုက်ဧက၃၀၀၀၀တိုက်ရိုက်စိုက်ပျိုးနိုင်မည်ဖြစ်ပြီး စီမံကိန်းဒုတိယအဆင့်တွင် ဧက၆၀၀၀၀အထိ တိုးချဲ့စိုက်ပျိုးမည် ဖြစ်သည်။
▪️ ယင်းသည်ဒေသခံတောင်သူလယ်သမားများ၏ အလုပ်အကိုင် ကိုထိရောက်စွာ ဖြေရှင်းနိုင်မည်ဖြစ်ပြီး လယ်သမားများ၏ဝင်ငွေတိုးလာပြီး ပြည်သူများ ၏လူနေမှုဘဝ တိုးတက်လာကာ၊ မြန်မာ့လယ်ယာစက်မှုလုပ်ငန်းဖွဲ့စည်းပုံအား ပိုမိုကောင်းမွန် အောင် အဆင့်မြှင့်တင်ပေးမည်၊ မြန်မာ့လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် မြှင့်တင်ပေးမည်ဖြစ်သည်။
▪️ စက်မှုလုပ်ငန်း အလားအလာ ရှုထောင့်မှကြည့်လျှင် မြန်မာ့ ပီလောပီနံ မှုန့် ဈေးကွက် သည် အလားအလာကောင်းများရှိသည်။ ကမ္ဘာလုံးဆိုင်ရာ ကစီဓာတ် ထုတ်ကုန်များ ဝယ်လို အား တိုးမြင့်လာသည်နှင့်အမျှ နေ့စဉ် လူနေမှုဘဝနှင့် စက်မှုလုပ်ငန်း ထုတ်လုပ်မှုအတွက် အရေးပါသော ကုန်ကြမ်းအဖြစ် ပီလောပီနံမှုန့်ကို အစားအစာ၊ စက္ကူထုတ်လုပ်ရေး၊ အထည်အလိပ်နှင့် အခြားနယ်ပယ်များတွင် တွင်ကျယ်စွာ အသုံးပြုကြသည်။
▪️ နောက်ဆုံး စာရင်းများအရ မြန်မာ့ပီလောပီနံစိုက်ပျိုးရေးဧရိယာနှင့် အထွက်နှုန်းသည် တည်ငြိမ်သော တိုးတက်မှုလမ်းကြောင်းကို ပြသနေပြီး ပီလောပီနံမှုန့်လုပ်ငန်း ကိုလည်း မကြုံစဖူးသော ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများ ဖော်ဆောင်ပေးခဲ့သည်။
▪️ လက်ရှိတွင် မြန်မာ့ပီလောပီနံမှုန့်လုပ်ငန်းသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေ သည့် အဆင့်သို့ ရောက်ရှိနေသော်လည်း ထုတ်လုပ်မှုပမာဏနှင့် နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ရန် လိုအပ်နေသေးကြောင်း သိရသည်။ ဤစီမံကိန်းကို အကောင်အထည်ဖော်ခြင်းဖြင့် အဆင့်မြင့်ထုတ်လုပ်မှုနည်းပညာနှင့် စီမံခန့်ခွဲမှုအတွေ့အကြုံများကို မိတ်ဆက် ပေးမည်၊ မြန်မာပီလောပီနံမှုန့်ထုတ်လုပ်ပမာဏနှင့် အရည်အသွေးကို မြှင့်တင်ပေးပြီး နိုင်ငံ တကာ ဈေးကွက်တွင် မြန်မာ့ပီလောပီနံမှုန့်၏ ယှဉ်ပြိုင်နိုင်စွမ်းကို ပိုမိုအားကောင်းလာ စေမည်ဖြစ်သည်။
▪️ Myanmar Thai Yod Agriculture Development Co.,Ltd နှင့် Siam Tigers Myanmar Co.,Ltd တို့အကြား ခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုသည် ကုမ္ပဏီနှစ်ခုစလုံး၏ ဖွံ့ဖြိုး တိုးတက်မှု အတွက်တွန်းအားအသစ်များ ထည့်သွင်းပေးရုံသာမက မြန်မာ့လယ်ယာ ကဏ္ဍ ခေတ်မီတိုးတက်ရေး အတွက် အခွင့်အလမ်းသစ်များ သယ်ဆောင်လာခဲ့ပါသည်။
▪️ အဖက်ဖက်၏ ပူးပေါင်းကြိုးပမ်းမှုဖြင့် နေပြည်တော် ပီလောပီနံမှုန့်စက်ရုံစီမံကိန်းသည်အောင်မြင်စွာတည်ဆောက်နိုင်ပြီး မြန်မာ့လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေးတွင် အပြုသဘောဆောင် ပံ့ပိုးကူညီနိုင်မည်ဟု ယုံကြည်ပါသည်။
▪️ Myanmar Taiyou Agricultural Development Co., Ltd.ကုမ္ပဏီက မိမိတို့ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ထူးခြားသည့် စိုက်ပျိုးရေး ထွက်ကုန်များကို ပလက်ဖောင်း အဖြစ် အသုံးပြုကာ၊ နိုင်ငံခြားဈေးကွက်များသို့ တက်တက်ကြွကြွချဲ့ထွင်မည်၊ အရည်အသွေးမြင့် မြန်မာ့လယ်ယာထွက်ကုန်များကို ပြည်ပဈေးကွက်သို့ တင်ပို့မည်၊မြန်မာ့လယ်ယာထွက်ကုန်များ၏ယှဉ်ပြိုင်နိုင်စွမ်းနှင့် နာမည်ကျော်ကြားမှုကို မြှင့်တင်သွားမည်ဟု ပြောကြားခဲ့ပါသည်။
ယနေ့ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ညောင်ရေသွန်းပွဲတော်များကို မြန်မာနိုင်ငံအနှံ့ ကျင်းပကြပြီး ဗုဒ္ဓဘာသာ ဝင်များက ဗောဓိညောင်ပင်အား ရေစင်များသွန်းလောင်းပြီး ကောင်းမှုကုသိုလ်ယူကြသည်။
ရန်ကုန်မြို့ လေးဆူဓာတ်ပုံ မြတ်ရွှေတိဂုံမြတ်ကြီး၌ ညောင်ရေသွန်းလောင်းကြပုံများကို ရုပ်သံအစီအစဉ် တင်ဆက်ပေးလိုက်ပါသည်။
Video-mnn, Edit- knl
၁၁ မေ ၂၀၂၅
တရုတ်သမ္မတရှီကျင့်ဖျင်နှင့် မော်စကိုတွင် တွေ့ဆုံရာတွင် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေး စင်္ကြံကို အကောင်အထည်ဖော် မြှင့်တင်ရေး ဆွေးနွေးခဲ့တယ်လို့ နစက ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော်ပြောကြားပါတယ်။
မော်စကိုမှအပြန် ပြည်တွင်းသတင်းဌာနများနှင့် လေယာဉ်ပေါ်တွင် တွေ့ဆုံမေးမြန်းမှုတွင် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ယင်းကဲ့သို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေး စင်္ကြံဆိုတာ တရုတ်နိုင်ငံရဲ့ One Blet One Road လမ်းကြောင်း နှင့်ချိတ်ဆက်ထားသည့် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှင် နိုင်ငံ (၃)နိုင်ငံကို ချိတ်ဆက်သည့် မဟာဗျူဟာ မြောက် စီးပွားရေးနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး အဆိုပြု စီမံကိန်းကြီးတစ်ခုဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေဖြင့် One Blet One Road လမ်းကြောင်း အပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်ပြီးတက်ကြွစွာပါဝင်ဆောင်ရွက်မယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက တရုတ်သမ္မတရှီကို ပြောကြားခဲ့ပါတယ်။
“မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲနဲ့ပတ် သက်ပြီး မြန်မာနိုင်ငံရဲ့ ကျွန်တော်တို့ရဲ့ ကြိုတင်ပြင်ဆင်မှုများနဲ့ ရွေးကောက်ပွဲကိုလည်း အားပေးထောက်ခံတဲ့အကြောင်း သူ ဒါလေး ထပ်ပြီး ပြောပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီးက ပြည်တွင်းသတင်းထောက်တွေကို ပြောပါတယ်။
“တရုတ်သမ္မတကြီးက ငလျင်နဲ့ပတ်သက်ပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကို ဆက်လက် ကူညီဆောင်ရွက်ပေးမယ် ဆိုတာကို အလေးအနက်ထားပြီး ပြောပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။
တရုတ်သမ္မတနှင့် တွေ့ဆုံဆွေးနွေးရာတွင် ကောင်းမွန်တဲ့ ရလဒ်ကောင်းတွေ ရရှိခဲ့တယ်လို့လည်း ဗိုလ်ချုပ်မှဓးကြီးက ဆက်လက်ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံ မော်စကိုမြို့တွင် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားတက်ရောက်ခဲ့စဉ်အတွင်း တရုတ်သမ္မတရှီကျင့်ဖျင်နှင့် မေလ ၉ ရက်နေ့က တရားဝင်တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
#ymg/knl
#Daily_News
Published 10 May 2025
၁။ ငလျင်ဘေးသင့်ဒေသများနှင့် ခရီးသွားဆွဲဆောင်ရာနေရာများသို့ ပုံမှန်အတိုင်း သွားရောက်လည်ပတ်နိုင်
၂။ ရေနွေးငွေ့စက်ခေါင်းမီးရထားဖြင့် ကလော-ရွှေညောင် ရထားလမ်းပိုင်းခရီးစဉ်သစ်ပြေးဆွဲမည်
၃။ ရန်ကုန်တိုင်း၌မိုးကြီးနိုင်ပြီး မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်းအနီး၌ လေတိုက်နှုန်းမြင့်နိုင်
၄။ ရှီကျင့်ဖျင်နှင့်ဗလာဒီမာပူတင်တို့ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲပြုလုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 10 May 2025
▪️ တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံကို ထောက်ပံ့ပေးသည့် ၁၃ အသုတ် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးပစ္စည်းများ ယမန်နေ့က ရောက်ရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကထုတ်ပြန်ထားသည်။
▪️ တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံကို ထောက်ပံ့ပေးသည့် ၁၃ အသုတ် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးထောက်ပံ့ရေးပစ္စည်းဖြစ်သော Prefabricated House နှင့် ဆက်စပ်ပရိဘောဂများ စုစုပေါင်း ၁၅၇၆ စုံ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ မေလ ၉ ရက်က ဆိုက်ရောက်ခဲ့ခြင်းဖြစ်ပြီး မေလ ၁၀ ရက်နေ့ နံနက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသံမှူး Mr. Ouyang Daobing က ဆိပ်ကမ်း၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ ထို့ပြင်တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံကို ထောက်ပံ့ပေးသည့် ၁၂ အသုတ် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးထောက်ပံ့ရေးပစ္စည်းဖြစ်သော ဓာတ်ဆီ တန်ချိန် ၁၇၀၀၀ မှာလည်း ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ မေလ ၇ ရက်က ဆိုက်ရောက်ခဲ့ပြီး မေလ ၈ ရက်နေ့ နံနက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသံမှူး Mr. Ouyang Daobing က ဆိပ်ကမ်း၌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
#
Published 10 May 2025
▪️ မန္တလေးငလျင်ကြီးဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ရုပ်ရှင်၊ သဘင်၊ဂီတ ရန်ပုံငွေပဒေသာ ကပွဲကို မေလ ၁၀ရက်မှ ၁၂က်အထိ ကျင်းပသွားမည်ဖြစ်ရာ အဆိုပါပွဲတော်ကာလအတွင်း YBS ယာဉ်လိုင်းများပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း YRTC မှ သိရ သည်။
▪️ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ၏ ညွှန်ကြားချက်အရ YRTC က ပွဲတော်သို့ လာ ရောက်ကြည့်ရှုသည့် ပြည်သူများသွားလာမှုအဆင်ပြေစေရန်အတွက် နေ့စဉ် သတ်မှတ် လမ်းကြောင်းများအတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ထိုသို့YBS ယာဉ်များပြေးဆွဲပေး ရာတွင်လည်း ပုံမှန်ယာဉ်စီးခ နှုန်းထားအတိုင်းသာ ကောက်ခံပေးသွားမည်ဖြစ် ကာခရီး စဉ်များအလိုက်ယာဉ်အစီးရေ(၇)စီးနှင့်ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။
▪️ မန္တလေးငလျင်ကြီးဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ ဂီတ၊ သဘင်ရန်ပုံငွေ ပဒေသာကပွဲကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရုပ်ရှင်၊ သဘင်၊ ဂီတအစည်း အရုံးတို့၏ စီစဉ်မှုဖြင့် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် မေလ ၁၀ ရက်မှ ၁၂ ရက်အထိ နေ့စဉ် ညနေ ၆ နာရီမှ ည ၁၀ နာရီအထိ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး မြန်မာ့ရုပ်မြင်သံကြားနှင့် ဆက်စပ်ရုပ်သံလိုင်းများမှ လည်းတိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 51 of 2023