 
		#Local_News
Published_ 28 June 2024
▪️ နေပြည်တော်နှင့်ပျဥ်းမနားမြို့များအတွင်း၌ ရေဖိုးနှုန်းထားများ ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း နေပြည်တော်းစည်ပင်သာယာရေး ကော်မတီမှ အသိပေးထုတ်ပြန်ထားသည်။
▪️ ထိုသို့ပြောင်းလဲကောက်ခံရာတွင် ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ရာများ၊ ပုဂ္ဂလိကလူနေအိမ်များ၊ ပုဂ္ဂလိကစိမ်းလန်းရေများ၊ ပျဉ်းမနားမြို့ လူနေရပ်ကွက်များ ၊ စီးပွားရေးလုပ်ငန်းများ၊ ဟိုတယ်များ၊ စက်မှု၊ လက်မှုလုပ်ငန်းများ၊ နိုင်ငံခြားသားများနှင့်ဆက်စပ်သည့် အဆောက်အဦ လုပ်ငန်းများကို လာမည့် ဇူလိုင်လ (၁)ရက်မှစတင်၍ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။
▪️ ကောက်ခံမည့်နှုန်းထားများမှာ ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ရာများကို ယခင်မူလနှုန်းထား (၇၀)ကျပ်အစား ယခု (၁၅၀) ကျပ် ၊ ပုဂ္ဂလိကလူနေအိမ်များကို ယခင်မူလနှုန်းထား (၁၄၀)ကျပ်အစား ယခုနှုန်းထားသစ်(၂၂၀)ကျပ်၊ ပုဂ္ဂလိကစိမ်းလန်းရေကို မူလနှုန်းထား(၇၀)ကျပ်အစား (၁၄၀)ကျပ်သို့ ပြောင်းလဲပြင်ဆင်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ပြင် ပျဉ်းမနားမြို့ လူနေရပ်ကွက်များကို ယခင်မူလနှုန်းထား(၂၂၀)ကျပ်၊ စီးပွားရေးလုပ်ငန်းရှင်များကို ယခင် နှုန်းထား (၂၆၀) ကျပ်နှင့် ဟိုတယ်များ၊ စက်မှု၊ လက်မှုလုပ်ငန်းများကို ယခင်မူလနှုန်းထား(၄၄၀)ကျပ်အတိုင်းသာ ကောက်ခံသွားမည်ဖြစ်ပြီး အပြောင်းအလဲမရှိကြောင်း သိရသည်။
▪️ ထို့အတူ နိုင်ငံခြားသားများနှင့်ဆက်စပ်သည့် အဆောက်အဦ လုပ်ငန်းများကို ယခင်မူလနှုန်းထား(၈၈၀)ကျပ်နှင့် စိုက်ပျိုးရေးသုံးရေများကိုလည်း ယခင်မူလနှုန်းထား (၂၂၀) ကျပ်အတိုင်းသာ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
လာမယ့် ဇူလိုင်လဆန်းပိုင်းက စတင်ပြီး  ရိုးရိုးဒီဇယ်500ppmကို အပြာရောင်ဖြင့် ဈေးကွက်အတွင်းကို ဖြန့်ဖြူးဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သိရပါတယ် ။ စက်သုံးဆီအမျိုးအစားတစ်ခုဖြစ်တဲ့ ဒီဇယ်500ppmရဲ့ပုံမှန် မူလအရောင်ကတော့ အဖြူနဲ့အဝါနုရောင်ဖြစ်ပြီး အများပြည်သူအလွယ်တကူ ကွဲပြားခြားနားစွာသိရှိဝယ်ယူသုံးစွဲနိုင်ရေးအတွက် သက်ဆိုင်ရာက အပြာရောင်အဖြစ်သတ်မှတ်ပေးတာဖြစ်ပါတယ်။
#Local_News
Published_ 28 June 2024
#ရိုးရိုးဒီဇယ်500ppm #ဈေးကွက်သို့ ဖြန့်ဖြူး
#NN#Yangon_Times
ဇူလိုင်လထဲမှာ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်၀န်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်တယ်။ ဒေသ(၉)ခုမှာ မိုးရွာရက် ပိုများမယ်လို့ သိရပါတယ်။
#Local_News
Published_ 28 June 2024
#လေဖိအားနည်းရပ်၀န်း(၂)ကြိမ်ဖြစ်ပေါ်နိုင် #စစ်ကိုင်းအထက်ပိုင်းမိုးပို
#tthl #Yangon_Times
မြန်မာအမျိုးသမီးလက်ရွေးစင် ဘောလုံးအသင်းဟာ ဇူလိုင် ၉ ရက်နဲ့ ၁၂ရက်မှာ အိန္ဒိယအမျိုးသမီးလက်ရွေးစင်အသင်းနဲ့ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာယှဥ်ပြိုင်ကစားဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published_ 28 June 2024
#မြန်မာ-အိန္ဒိယ #အမျိုးသမီးလက်ရွေးစင်အသင်း #ဖီဖာနိုင်ငံတကာခြေစမ်းပွဲ
#tthl #Yangon_Times
နေပြည်တော်၊ ရန်ကုန်နဲ့မန္တလေးရှိ ဆန်ဆိုင် (၂၈၆ )ဆိုင်မှာ အထူးဧည့်မထ၊ပေါ်ဆန်းတွေကို (10 Kg)အိတ်တွေနဲ့ 
ရောင်းချပေးနေပြီး လူမှုရေး/ ဘာသာရေး အသင်းအဖွဲ့တွေ  ဌာနဆိုင်ရာအဖွဲ့အစည်းတွေ  စက်ရုံအလုပ်ရုံတွေ  ထမင်းဆိုင်တွေက လုပ်ငန်းသုံး/ အများသုံးဝယ်ယူတာတွေအတွက်အရေအတွက် အကန့်အသတ်မထားဘဲသင့်တင့်မျှတသော ပမာဏ/ အိတ်ရေကို ရည်ညွှန်းဈေးဖြင့် ဝယ်ယူနိုင်ရေး စီမံဆောင်ရွက်ပေးနေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။ ဇွန် ၂၇ ရက်နေ့မှာတော့  ဈေးအရောင်းစင်တာ၊ Super Market ၊ Mini Mart  တွေမှာ လည်း ရွှေဘိုပေါ်ဆန်း  ၊ ဧရာဝတီပေါ်ဆန်း ၊ ဧည့်မထဆန် တွေကို  Consumer Pack  တွေနဲ့  ရည်ညွှန်းဈေးနှုန်းများအတိုင်း ပြန်လည်ရောင်းချပေးနေတယ်လို့ သိရပါတယ်။
#Local_News
Published_ 28 June 2024
#လက်လီဆိုင် #ရည်ညွှန်းဈေးဖြင့်ရောင်းချ
#NN#Yangon_Times
 
		#Local_News
Published_ 28 June 2024
▪️ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏အစီရင်ခံစာ၌ပါသော မြန်မာဘဏ်များနှင့်ပတ်သက်သည့် ဖော်ပြချက်များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များမှ ပြင်းထန်စွာကန့်ကွက်ကြောင်း  အသိပေးထုတ်ပြန်လိုက်သည်။
▪️ အဆိုပါ ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ၂၆-၆-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၌ အပြည်ပြည်ဆိုင်ရာဘဏ်များ၊ ပြည်တွင်း နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်အချို့မှ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အရေးယူပေးရန် တောင်းဆိုမှုများ ဖော်ပြထားသည်ဟုဆိုသည်။
▪️ ထုတ်ပြန်ချက်တွင် နိုင်ငံပိုင်ဘဏ်များအပါအဝင် ပြည်တွင်းဘဏ်များအားလုံးအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသည့် ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများ၏ အချက်အလက်များအား သေချာစွာစိစစ် ရယူခြင်းဆိုင်ရာ Due Diligence Procedure များကို တိကျစွာလိုက်နာဆောင်ရွက်လျက်ရှိကြောင်း၊
▪️ နိုင်ငံပိုင်ဘဏ်များအပါအဝင် ပြည်တွင်းဘဏ်များအားလုံး၏ အပြည်ပြည်ဆိုင်ရာ အဆက်အသွယ်ဘဏ် များအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ပြည် တွင်းပြည်ပငွေကြေးလွှဲပြောင်းမှုများကို ဆောင် ရွက်ပေးရာတွင် လိုအပ်သည့် အထောက် အထားများအားရယူ၍ အလေးထားစိစစ်ခြင်းကို တိုးမြှင့်ဆောင်ရွက်ခြင်း (Enhanced Due Diligence - EDD) အား ကောင်းစွာဆောင်ရွက်လျက်ရှိကြောင်း၊
▪️ ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) ၏ စံသတ်မှတ်ချက်များနှင့်အညီ မြန်မာနိုင်ငံ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ တိုးတက်မှုအစီရင်ခံစာများကို အာရှ-ပစိဖိတ်ပူးတွဲ အဖွဲ့ (APJG) သို့ တင်ပြချက်များနှင့် မျက်နှာချင်းဆိုင်အစည်းအဝေးတွင် ဆွေးနွေးပြောဆိုချက်များအ FATF နှင့် APJG တို့က အသိအမှတ်ပြုပြီး နှစ်စဉ်စံနှုန်းသတ်မှတ်ချက်အဆင့်များ တိုးမြှင့်ပေးခဲ့ခြင်းတို့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၉-၆-၂၀၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။
▪️ ယင်းအပြင် မြန်မာနိုင်ငံ၏ ပြည်တွင်းပြည်ပငွေကြေးလွှဲပြောင်းမှုများမှာလည်း မြန်မာနိုင်ငံသားများအတွက် အဓိက မရှိမဖြစ်လိုအပ်သော အခြေခံကုန်စည်များဖြစ်သည့် ဆေးနှင့်ဆေးအထောက် အကူပြုပစ္စည်းများ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဓာတ်မြေဩဇာ၊ စက်သုံးဆီ၊ စားသုံးဆီများတင်သွင်းမှုများအတွက်ဆောင်ရွက်ခြင်းဖြစ်ကြောင်း
▪️ ဘဏ်များအနေဖြင့်ယင်းကုန်စည်များတင်သွင်းခြင်းအတွက် ငွေပေးချေမှုများပြုလုပ်ရာတွင် ကုန်သွယ်မှုဆိုင်ရာ သက်သေခံစာရွက်စာတမ်းအထောက်အထားများရယူ၍ စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
▪️ သို့ပါ၍ ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာပါ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၌ အပြည်ပြည်ဆိုင်ရာဘဏ်များ၊ ပြည်တွင်းနိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်အချို့မှ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အရေးယူပေးရန် တောင်းဆိုမှုများ ရေးသားဖော်ပြချက်များမှာ မြန်မာပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်စေသည့် အပြင် မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများအကြား ဆက်ဆံရေးကိုလည်း ထိခိုက်စေသဖြင့် အဆိုပါရေးသားချက်အပေါ် ပြင်းထန်စွာကန့်ကွက်ပါကြောင်း အများပြည်သူသိရှိစေရန် အသိပေးထုတ်ပြန်အပ် ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။
#tthl #Yangon_Times
 
		#Local_Sport
Published_ 28 June 2024
▪️ ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲပြင်ဆင်မှုအဖြစ် ရန်ကုန်အသင်း ကစားသမားဟောင်း ရခိုင်ယူနိုက်တက်ကွင်းလယ်ကြည်လင်းကို ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက် အားဖြည့်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
▪️ သူရဲ့ကစားဟန်ကြောင့် ရန်ကုန်ပရိသတ်များ၏ အားပေးမှုများရရှိခဲ့သလို ကွင်းထဲတွင် အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့သည့် ကြည်လင်းသည် Goal.com Reader's Choice of the Years 2012 အာဆီယံအကောင်းဆုံး ၁၁ ယောက် စာရင်းဝင်ခဲ့သည့်သူတစ်ဦးလည်းဖြစ်ပါတယ်။
▪️ သက်တမ်းအလိုက်လူငယ်လက်ရွေးစင်နှင့် မြန်မာ့လက်ရွေးစင်အသင်းတွင်လည်း ပါဝင်ခဲ့သည့် ကြည်လင်း က "ကျွန်တော်ဒီအသင်းအတွက် ပေးဆပ်ကစားချင်သေးလို့ ပြန်လာခဲ့တာပါ။ ဒီအသင်းက ကျွန်တော့်ရဲ့ မွေးရပ်မြေလည်းဟုတ်သလို မိသားစုလည်းဟုတ်ပါတယ်။ ဒီအသင်းကို ပြန်လာခွင့်ရတာ အရမ်းဝမ်းသာမိပါတယ်" ဟု ပြောကြားခဲ့ပါတယ်။
▪️ ရန်ကုန်ယူနိုက်တက်အသင်း စတင်တည်ထောင်သည့်နှစ်မှစ၍ အသင်းနှင့်အတူ မြန်မာနေရှင်နယ်လိဂ်နှင့် အခြားရှုံးထွက်ဖလားများစွာရရှိအောင်မြင်ခဲ့တဲ့ ကြည်လင်းအသင်းနှင့် ပြန်လည်ခြေစွမ်းပြရန် ရောက်ရှိလာခဲ့ခြင်းဖြစ်တယ်လို့ ရန်ကုန်ယူနိုက်တက်က သတင်းထုတ်ပြန်ထားပါတယ်။
 

#Ymg_mnn #Yangon_Media_Group
Page 538 of 2163