#Daily_News
Published 31 December 2024
၁။ စားအုန်းဆီစျေးနှစ်ပတ်ဆက်တိုက် တည်ငြိမ်နေ
၂။ အာလိန်ငါးဆင့်ဘုရား ဈေးပွဲတော်ကျင်းပမည်
၃။ ဝါးနက်ဆင်စခန်း၌ ဒုတိယမြောက်ဆင်ကလေးငယ်မွေးဖွား
၄။ (၂၀၂၄)ပထမ(၁၁)လအတွင်း ဒေဝါလီခံရသည့် ဂျပန်စီးပွားရေးလုပ်ငန်းပေါင်းတစ်သောင်းကျော်နိုင်သည်ဟုခန့်မှန်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 31 December 2024
▪️ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးပြီး ပြည်သူ့ရင်ပြင်တွင် ယနေ့ပြုလုပ်မည့် Yangon 2025 Countdown Festival နှစ်သစ်ကူးပွဲတော်အတွက် လာရောက်ဆင်နွဲကြမည့် ပြည်သူများအပြန်ခရီးအဆင်ပြေစေရန် အတွက် YBS ယာဉ်လိုင်း ၇လိုင်းပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ YBS ယာဉ်လိုင်း ၇လိုင်းပြေးဆွဲနိုင်ရန်YRTC မှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၊ ပွဲတော်သို့ လာရောက်သူများအတွက် YBS (21) ၊ YBS (61) ၊ YBS (37) ၊ YBS (115) ၊ YBS (62) ၊ YBS (7) နှင့် YBS (8)စသည့် ယာဉ်လိုင်း (၇)လိုင်းတို့ကို ဒီဇင်ဘာလ ၃၁ ရက်၊ ည (၉)နာရီမှ ည (၁၂)နာရီအထိ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် 2025 Yangon New Year Countdown ပွဲတော်သို့ပြည်သူအများ လာရောက်လည်ပတ်နိုင်ရန်အတွက် ညမထွက်ရအမိန့်ကိုလည်း တစ်ညတာဆိုင်းငံ့ပေးထားကြောင်း သိရသည်။
#YMG/SW #Yangon_Times
ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံမှာ ချည်မျှင်နှင့်အထည်အလိပ်ဒီပလိုမာသင်တန်းတက်ရောက်သူတွေကို ပညာသင်ထောက်ပံ့ကြေးတွေပေးအပ်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 31 December 2024
#ဆောင်းဒါးရက်ကန်း #အသက်မွေးပညာသိပ္ပံ
#YMG/SW #Yangon_Times
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ ဝါးနက်ဆင်စခန်းမှာ ဒုတိယမြောက်ဆင်ကလေးငယ်မွေးဖွားခဲ့တယ်လို့ ဆင်စခန်းတာဝန်ခံဆီက သိရပါတယ်။
#Local_News
Published 31 December 2024
#ဝါးနက်ဆင်စခန်း #ဆင်ကလေးငယ်မွေးဖွား
#YMG/NN #Yangon_Times
လွတ်လပ်ရေးနေ့အောင်ပွဲအတွက်ဈေးပွဲတော်ကို အာလိန်ငါးဆင့်ဘုရား၊ မဟာဆေးဝင်္ကဘာကျောင်းတိုက်ရှေ့မှာ ဇန်နဝါရီလအတွင်းကျင်းပသွားမယ်လို့ ပွဲဖြစ်မြောက်ရေးကော်မတီက သိရပါတယ်။
#Local_News
Published 31 December 2024
#အာလိန်ငါးဆင့်ဘုရား #ဈေးပွဲတော်ကျင်းပ
#YMG/NN #Yangon_Times
စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကအပတ်စဉ်ထုတ်ပြန်လျှက်ရှိတဲ့ စားအုန်းဆီရည်ညွှန်းဈေးတွေ နှစ်ပတ်ဆက်တိုက်တည်ငြိမ်လျှက်ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 31 December 2024
#စားအုန်းဆီ #တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း
#YMG/SW #Yangon_Times
#Local_News
Published 31 December 2024
▪️ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းပိုင်း)တွင် ထပ်မံတည်ဆောက်နေသည့် EV Charging Stationများ သုံးလအတွင်း ပြီးစီးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
▪️ အမြန်လမ်းတွင် ထပ်မံတည်ဆောက်လျက်ရှိသည့် EV Charging station များမှာ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းပိုင်း)ရှိ ဘောနက်ကြီးယာဉ်ရပ်နားစခန်းအတွင်း CRRC Myanmar Co.,ltd မှ ဆောင်ရွက်လျက်ရှိသည့် EV Charging Station၊လုပ်ငန်းနှင့် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းပိုင်း) ၁၁၅ မိုင် ဖြူးယာဉ်ရပ်နားစခန်းအတွင်း Yar Zar Min Indystry Co.,ltd၊ Mandalarmin Trading & Transportation Co.,ltd၊ NPK Co.,ltd တို့မှ ဆောင်ရွက်လျက်ရှိသည့် EV Charging Stationတို့ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ EV Charging station များတည်ဆောက်နေသည့်လုပ်ငန်းသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ သွားရောက်ကြည့်ရှုစစ်ဆေးပြီး EV Charging Station တည်ဆောက်ရာတွင် ကော်မတီမှသတ်မှတ်ထားသည့် ဒီဇိုင်းအတိုင်း လိုက်နာဆောင်ရွက်ရေး၊ လက်ရာလက်သားကောင်းမွန်ရေးနှင့် EV Charging Station ကို သုံးလအတွင်း အပြီးတည်ဆောက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 538 of 2358