#Local_News
Published_3 Jan 2025
▪️ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်၊ တာဆန်းကျေးရွာအနီးတွင် မိုင်းပန်မြို့နယ်တွင် ငွေကျပ်သိန်း ၅,၄၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိခဲ့ကြောင်း သိရသည်။
▪️ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် နံနက် ၁၁ နာရီခွဲအချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ကမိုင်းပန်မြို့ဘက်မှ မိုင်းတုံမြို့ဘက်သို့ စိုင်းနွံဟန်(ခ)စိုင်းနွံလျန် မောင်းနှင်ပြီး စိုင်းစံညွန့် လိုက်ပါလာသည့် VIGO မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်၏ ကြမ်း ခင်းအံဝှက်အတွင်း သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅,၄၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၂၀ တုံး၊ အလေးချိန် ၄၀ ဒသမ ၂ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်းတို့ကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
▪️ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား နမ့်စန်မြို့ နယ်မှ မိုင်းတုံမြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်း ဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိရသည်။
#Yangon_Times/PP
#Local_News
Published 3 January 2025
▪️ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ အိမ်စီးကားတစ်စီး လမ်းလယ်ကျွန်းကိုတိုက်မိပြီး တစ်ဦးေ-သဆုံးပြီး သုံးဦးဆေးရုံသို့တင်ပို့ခဲ့ရကြောင်း ပြည်သာယာလူမှုကူညီရေးအသင်းမှ သိရသည်။
▪️ ဖြစ်စဉ်မှာ ဇန်နဝါရီ ၂ ရက်နေ့၊ နေ့လယ် ၂နာရီ ၄၅မိနစ် အချိန်ခန့် က ၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၉၀/၇)အနီးတွင် ယာဉ်(၁)စီးသည် လမ်းလယ်ကျွန်းအား ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် သီးကုန်းအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ပြည်သာယာလူမှုကူညီရေးအသင်းများမှ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
▪️ "ကျွန်တော်တို့ အသင်းကို ဖုန်းဆက်အကူအညီတောင်းလာတာကြောင့်အသင်း ရဲ့ အရေးပေါ်လူနာတင်ယာဉ်နဲ့ ချက်ချင်းထွက်ပြီး ဖြစ်စဉ်သို့ရောက်တဲ့အခါ
လူနာတွေနဲ့သေဆုံးသူတို့ကို အမြန်လမ်း ရဲတပ်ဖွဲ့၊ အမြန်လမ်း မီးသတ်တပ်ဖွဲ့ ၊ အမြန်လမ်း 192 တို့နဲ့အတူ ကျနော်တို့အသင်းတို့ ပူးပေါင်းကူညီဆောင်ရွက်ပေးပါတယ်။" ဟု ပြည်သာယာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
▪️ အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦး၊ မ(၂)ဦး စုစုပေါင်း(၄)ဦးအနက် မ(၁)ဦး(သေဆုံး)နှင့် ထိခိုက်ဒဏ်ရာရရှိသူ ကျား(၂)ဦးနှင့် မ(၁)ဦးတို့အား ပြည်သာယာလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မိတ္ထီလာမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 3 January 2025
▪️ ရန်ကုန်မြို့ရှိအင်းစိန်မြို့နယ်၊ လှိုင်မြစ်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေ၍ ကယ်ထုတ်ခဲ့ရကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဖြစ်စဉ်မှာဇန်နဝါရီ ၂ ရက်နေ့၊ နေ့လယ် ၂နာရီ ၃၇ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဈေးကုန်းအနောက်ရပ်ကွက်၊ လှိုင်မြစ်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေကြောင်းသိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် အင်းစိန်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ယင်း ဖြစ်စဉ်ကြောင့် ကားခေါင်းခန်းတွင် ညပ်နေသူ ကျား(၁)ဦးအား ၂နာရီ ၄၁မိနစ် အချိန်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး တွဲလက်ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် အင်းစိန်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 2 January 2025
၁။ တောင်ငူ၌ (၁၄) ကြိမ်မြောက်မျက်စိအလင်းအလှူတော်ပြုလုပ်မည်
၂။ မြန်မာနိုင်ငံ၏ခန့်မှန်းလူဦးရေ ၅၁ သန်းကျော်ရှိပြီး ရန်ကုန်တိုင်းတွင်အများဆုံးဟုဆို
၃။ တစ်နေ့လျှင် ရွှေပိဿာတစ်ရာကျော်ထွက်ရှိနေပြီး ရွှေဈေးကွက်အေးနေ
၄။ (၉)ကြိမ်မြောက် ပျားရည်ပွဲတော် ဒူဘိုင်းတွင်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပြည်တွင်းစားသောက်ကုန်တွေအတွက် နိုင်ငံတကာအဆင့်မီစားသောက်ကုန်ဓာတ်ခွဲခန်းမှာ အရည်အသွေးစစ်ဆေးပေးလျက်ရှိရာမှာ ဂျပန်နိုင်ငံအသိအမှတ်ပြုလက်မှတ်စတင်ရရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 2 January 2025
#ဂျပန်နိုင်ငံအသိအမှတ်ပြုလက်မှတ် #ပြည်တွင်းစားသောက်ကုန်
#YMG/SW #Yangon_Times
လက်ရှိ ရွှေဈေးကွက်မှာ တစ်နေ့ကို ရွှေပိဿာတစ်ရာကျော်ထွက်ရှိနေပြီး ဈေးကွက်အနေအထားမှာ အရောင်းအဝယ်အေးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း (YGEA)ဥက္ကဌ ဦးမျိုးမြင့်က ရန်ကုန်မီဒီယာကို ပြောပါတယ်။
#Local_News
Published 2 January 2025
#ရွှေပိဿာတစ်ရာကျော်ထွက်ရှိ #ရွှေဈေးကွက်အေးနေ
#YMG/SW #Yangon_Times
မြန်မာနိုင်ငံရဲ့ ခန့်မှန်းလူဦးရေ(၅၁ ဒဿမ ၃) သန်းကျော်ရှိ ပြီး ရန်ကုန်တိုင်းမှာ (၁၄ ဒဿမ ၄)ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 2 January 2025
#ခန့်မှန်းလူဦးရေ၅၁သန်း #ရန်ကုန်တိုင်းတွင်အများဆုံး
#YMG/NN #Yangon_Times
Page 535 of 2358