အင်းလေးဒေသသို့ ပြည်တွင်း ပြည်ပမှ ခရီးသွားတွေလာရောက်လည်ပတ်လျက်ရှိရာမှာ ရုရှားနိုင်ငံမှ အများဆုံးလာရောက်လည်ပတ်လျက်ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 1 January 2025
#အင်းလေးဒေသ #ရုရှားမှအများဆုံးဖြစ်
#YMG/SW #Yangon_Times
မသမာသူတွေက မိုဘိုင်းငွေ ကြေးဝန်ဆောင်မှုလုပ်ငန်းတွေကိုအသုံးချပြီး ငွေလိမ်လည်မှုတွေ ဆောင်ရွက်လျက်ရှိတာကြောင့် လိမ်လည်သူတွေကို ထိရောက်စွာ အရေးယူမှုအား အရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 1 January 2025
#မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်း #လိမ်လည်သူ
#YMG/SW #Yangon_Times
ပြည်တွင်းကထုတ်လုပ်တဲ့ မြေပဲ၊ နှမ်း၊ နေကြာ စတဲ့ စားသုံးဆီတွေကို ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်မယ့် ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့မှာ အခုရက်ပိုင်းအတွင်း ကျင်းပသွားမယ်လို့ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းက သိရပါတယ်။
#Local_News
Published 1 January 2025
#စားဆီဈေးရောင်းပွဲတော် #မြေပဲ၊နှမ်း၊နေကြာ
#YMG/NN #Yangon_Times
ရန်ကုန်တိုင်းဒေသကြီးမှ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးသို့ ပြေးဆွဲပေးနေတဲ့ အောင်မင်္ဂလာအဝေးပြေးဝင်းနဲ့ ဒဂုံဧရာအဝေးပြေးဝင်းများမှ အဝေးပြေးယာဉ်လိုင်းတွေမှာ တင်ဆောင်တဲ့ကုန်ပစ္စည်းတွေကို လုံခြုံစိတ်ချမှုရှိစေဖို့ဖွင့်ဖောက်စစ်ဆေးသွားမယ်လို့ သိရပါတယ်။
#Local_News
Published 1 January 2025
#အဝေးပြေးယာဉ်လိုင်း #ကုန်ပစ္စည်းများကိုဖွင့်ဖောက်စစ်ဆေး
#YMG/SW #Yangon_Times
၁ ဇန်နဝါရီ ၂၀၂၅
KBZPay နှင့်ပတ်သက်၍ လတ်တလောဖြစ်စဉ်များကို အမြန်ဆုံး စိစစ်ဆောင်ရွက်နေကာ ဗဟိုဘဏ်၏ ကြီးကြပ်လမ်းညွှန်မှု နှင့်အတူ စုံစမ်းထုတ်ဖော်သွားမယ်လို့ KBZPay က အသိပေးခဲ့ပါတယ်။
လတ်တလောတွင် KBZPay အသုံးပြုသူအချို့၏ အကောင့်များသို့ OTP ကို ရယူပြီး PIN နံပါတ် ကို ခန့်မှန်းကာ ဝင်ရောက်သည့် ဖြစ်စဉ်များရှိခဲ့ပြီးနောက် KBZPay က သတင်းထုတ်ပြန်ချက်တစ်ခုကို ဒီဇင်ဘာ ၃၁ရက်က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အဆိုပါဖြစ်စဉ်များကို ကမ္ဘောဇဘဏ်မှ သိရှိသတိပြုမိထားပြီး ဖြစ်ကြောင်းနှင့် အသုံးပြုသူများ ငွေကြေးဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ကမ္ဘောဇဘဏ်မှ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် အကောင်းဆုံး ဝန်ဆောင်မှု ပေးလျက်ရှိကြောင်းလည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။
PIN နံပါတ်သည် ဒစ်ဂျစ်တယ်ငွေကြေးလုံခြုံစိတ်ချရမှုရှိစေရန် အရေးကြီးသည့် ဒစ်ဂျစ်တယ် သော့တစ်ချောင်း ဖြစ်ပါသည်။ PIN နံပါတ်အား မိတ်ဆွေအပေါင်းအသင်းများဖြစ်စေ၊ မိသားစုဝင်များဖြစ်စေ၊ ဘဏ်ဝန်ထမ်းများဖြစ်စေ၊ ကုန်သည် (merchant) များဖြစ်စေ မည်သူနှင့်မျှ လုံးဝ (လုံးဝ) မျှဝေခြင်းမပြုရန် အလွန်အရေးကြီးတယ်လို့လည်း KBZPay က သတိပေးထားပါတယ်။
အဆိုပါနံပါတ်ကို KBZPay မှလည်း မည်သည့်အခါမျှ တောင်းဆိုမည်မဟုတ်သလို PIN နံပါတ်သတ်မှတ်ရာတွင်လည်း ခန့်မှန်းရလွယ်ကူသော ဆင်တူဂဏန်းများ၊ မိမိ၏မွေးနေ့၊ မှတ်ပုံတင်နံပါတ်၊ ဖုန်းနံပါတ် အစရှိသည့် နံပါတ်များကိုရှောင်ရှားပြီး မိမိတစ်ဦးသာသိနိုင်မည့် ခိုင်မာသော PIN နံပါတ်မျိုးပေးထားရန် အထူးအရေးကြီးတယ်လို့လည်း ထပ်မံသတိပေးထားပါတယ်။
OTP နှင့် PIN ထက် ပိုမိုကောင်းမွန်သော နည်းပညာ လုံခြုံမှုအားထပ်မံတိုးမြှင့်ရန်အတွက် biometric identification နှင့် device-based notification ကဲ့သို့ လုပ်ဆောင်ချက် များကို အကောင် အထည်ဖော်သွားဖို့ရှိတယ်လို့လည်း သတင်းထုတ်ပြန်ချက်ကဆိုပါတယ်။
အယောင်ဆောင် အက်ပလီကေးရှင်းများနှင့် လင့်ခ်များ၊ အယောင်ဆောင် ဖုန်းခေါ်ဆိုမှုများနှင့် message များမှတစ်ဆင့် မသမာသူများသည် လူကြီးမင်း၏ အချက်အလက်များအား ၎င်းတို့ထံသို့ ရောက်ရှိစေရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် ချဉ်းကပ် လှည့်စားလေ့ရှိတာကို သတိပြုကြဖို့လည်း တိုက်တွန်းထားပါတယ်။
အဲဒါကြောင့် Google Play Store သို့မဟုတ် Apple App Store ကဲ့သို့သော ယုံကြည်စိတ်ချရသည့် အရင်းအမြစ်များမှသာလျှင် KBZPay app ကို download လုပ်၍ ရယူကြဖို့လည်း ဆက်လက်တိုက်တွန်း ထားပါတယ်။
အကောင့်လုံခြုံမှုအတွက် KBZPay app ကို နောက်ဆုံး version သို့ အဆင့်မြှင့်တင်ထားရန် လိုအပ်သလို အခြားသူများနှင့် မျှဝေသုံးစွဲထားသည့် device များဖြင့် မိမိ၏ KBZPay သို့ login ဝင်ရောက်ခြင်း ကိုရှောင်ကြဉ်သင့်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အကောင့်တွင် သံသယဖြစ်ဖွယ်ငွေကြေးဆောင်ရွက်ချက်များကို သတိပြုမိလျှင်ဖြစ်စေ၊ အကူအညီ လိုအပ်လျှင်ဖြစ်စေ KBZPay ၏ Hotline 3211 သို့ ၂၄ နာရီ ဆက်သွယ် အကူအညီ တောင်းခံနိုင်ကြောင်း သိရှိရပါတယ်။
#ymg/knl
#Local_News
Published 1 January 2025
▪️ ရေနံစိမ်းတန်ချိန်ငါးသိန်းချက်လုပ်နိုင်မည့် Modular Type စက်ရုံသစ်ကို သန်လျင်မြို့ရှိ အမှတ်(၁)ရေနံချက်စက်ရုံ (သန်လျင်)ဝန်းအတွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ စက်ရုံတည်ဆောက်ရန်အတွက် လက်ရှိရေနံချက်စက်ရုံ(ခ)မှ အသုံးပြုနိုင်သည့် စက်ပစ္စည်းများအား ပြန်လည်ဆယ်တင်ပြုပြင်မွမ်းမံဆောင်ရွက်လျက်ရှိကြောင်း၊ ပထမအဆင့်အနေဖြင့် ဆယ်တင်စက်ပစ္စည်းများ ထည့်သွင်းအသုံးပြု၍ တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန်ငါးသိန်းချက်လုပ်နိုင်မည့် Modular Type စက်ရုံသစ်ကို တည်ဆောက်နိုင်ရေးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ စက်ရုံတည်ဆောက်ရေးနှင့် အမှတ်(၁)ရေနံချက်စက်ရုံ (သန်လျင်) လည်ပတ်ထုတ်လုပ်နိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုများကိုစွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်က ဒီဇင်ဘာလ ၃၁ရက်က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လက်ရှိစက်ရုံမှ ပြန်လည်ဆယ်တင်အသုံးပြုနိုင်မည့် စက်ပစ္စည်းများ၊ ရှိရင်းစွဲအခြေခံအဆောက်အအုံများနှင့် အရင်းအမြစ် (Utilities) များကို အတတ်နိုင်ဆုံးပြုပြင်မွမ်းမံ၍ ပြန်လည်အသုံးချပြီး စက်ရုံသစ်အား သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်၊ စက်ရုံသစ်တည်ဆောက်မည့် မြေနေရာရှင်းလင်းခြင်း၊ စက်ရုံ၏ဒီဇိုင်းနှင့် ပုံစံတို့အား အတည်ပြု၍ စက်ပစ္စည်းများထုတ်လုပ်ခြင်း၊ စက်ပစ္စည်းများ လုပ်ငန်းခွင်ဧရိယာသို့ ပို့ဆောင်ခြင်း၊ စက်ပစ္စည်းများ တပ်ဆင်ခြင်း၊ စမ်းသပ်လည်ပတ်ခြင်း၊ သိုလှောင်ကန်များနှင့် ပိုက်လိုင်းကွန်ရက်များ ပြုပြင်တည်ဆောက်ခြင်း၊ ကုန်ကြမ်းရေနံစိမ်းသယ်ယူမည့် ပိုက်လိုင်းတည်ဆောက်ခြင်း၊ စက်ရုံလည်ပတ်ရေးအတွက် လိုအပ်သော စက်ရုံသုံးရေ၊ သဘာဝဓာတ်ငွေ့ရယူခြင်းနှင့် လျှပ်စစ်ဓာတ်အား လိုင်းတည်ဆောက်ခြင်း စသည့် လုပ်ငန်းများကို သတ်မှတ်အချိန် ဇယားအတိုင်းပြီးစီးအောင် ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
၂၀၂၅ခုနှစ် နှစ်သစ်အခါသမယတွင် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ကိုယ်စိတ်နှစ်ဖြာ အေးချမ်းသာ၍ လိုရာ ဆန္ဒပြည့်ဝကြပါစေ။ ကြံတိုင်းအောင်၍ ဆောင်တိုင်းမြောက်ကြပါစေ၊
ရန်ကုန်မီဒီယာဂရု(ပ်) မိသားစု
Page 537 of 2358