 
		#Local_News
Published_ 29 June 2024
▪️ ပင်လယ်ရေအောက် ကေဘယ်လ်ဆက်ကြောင်း ချို့ယွင်းမှု ပြင်ဆင်ပြီးစီး၍  MPT မိုဘိုင်းလ်အင်တာနက်များ မူလအတိုင်း အသုံးပြုနိုင်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှ ဇွန်၂၈ ရက်က အသိပေးကြေညာထားသည်။
▪️ SEA-ME-WE5 ပင်လယ်ရေအောက် ကေဘယ်လ်ဆက်ကြောင်း ချို့ယွင်းမှု ပြန်လည်ပြင်ဆင်ပြီးစီးခြင်းဖြစ်ပြီး ယင်း ပင်လယ်ရေအောက် ကေဘယ်လ်ဆက်ကြောင်း ချို့ယွင်းခဲ့မှုကြောင့် ယခုဇွန်လအတွင်း MPT မိုဘိုင်းလ်အင်တာနက် သုံးစွဲသူများ အင်တာနက်လိုင်းများ ကျဆင်းခဲ့မှုများ ကြုံတွေ့ခဲ့ရခြင်းကြောင့် အဆင်မပြေမှုများအတွက် MPT က တောင်းပန်ထားဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် အဆင်မပြေဖြစ်ခဲ့သည့် သုံးစွဲသူများအတွက် ဒေတာလက်ဆောင် 500MB အား ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၇ ရက်အတွင်း *2006*5# ကို ခေါ်ဆို၍ လက်ဆောင်ရယူနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
 
		#Local_News
Published_29 Jun 2024
▪️ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)သင်တန်း ဆင်းပွဲများကို တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်း ကျောင်းများအသီးသီးတွင် ယနေ့ ဇွန်လ ၂၈ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း နစက သတင်းထုတ် ပြန်ရေး အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
▪️ အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားများသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများတက်ရောက် ကြပြီး သင်တန်းဆင်းပွဲတွင် သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်းဆောင်ရွက်ခဲ့ကြကာ ကတိသစ္စာခံယူခြင်းကို ဆောင်ရွက်ကြကြောင်း သိရသည်။
▪️ ထို့နောက် သက်ဆိုင်ရာ သင်တန်းကျောင်းအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဆင်းထူးချွန်ဆု များဖြစ် သည့် စံပြတပ်သားဆု၊ စစ်ရေးပြထူးချွန်ဆု၊ လက်ဖြောင့်တပ်သားဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ မိုင်းကျွမ်း ကျင်ဆု၊ တပ်စိတ်တိုက်နည်း ပထမဆု၊ ချေမှုန်းရေးပထမဆု၊ အိပ်ဆောင်အကောင်းဆုံးဆု ရရှိသူများအားဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းလည်း သိရသည်။
▪️ အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလအတွင်း ကြံ့ခိုင်ရေးဘာသာရပ်၊စစ်ရေးပြ ဘာသာရပ်၊ ခြေလျင်လက်နက်ငယ်ဘာသာရပ်များကို လည်းကောင်း၊ စစ်နည်းဗျူဟာဘာသာရပ်တွင်ပါဝင်သည့် ကိုယ်စီစစ်မြေပြင်ကျွမ်းကျင်မှု၊ အဖွဲ့အလိုက်၊ တပ် စိတ် အလိုက်လေ့ကျင့်ခြင်း၊ ချီတက်မှုလေ့ကျင့်ခြင်း၊ အထူးစစ်နည်းဗျူဟာ၊ စစ်ဘက်ရေးရာလုံခြုံရေး၊ ချေမှုန်းရေး လေ့ကျင့်ခန်း စသည့်သင်ခန်းစာများကို လည်း ကောင်း စာတွေ့၊ လက်တွေ့ စနစ်တကျသင်ကြားလေ့ ကျင့်ခဲ့ကြ ပြီး စစ်မြေပြင်အင်ဂျင် နီယာဘာသာရပ်၊ စစ်မြေပြင်အုပ်ချုပ်ရေး ဘာသာရပ်နှင့် အထွေထွေဘာ သာရပ် များကိုလည်း ရက်သတ္တပတ်အလိုက် အဆင့်ဆင့်လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။
▪️ ယင်းတို့အနေဖြင့်အဖွဲ့အစည်းစိတ်ဓာတ်များ(Team Sprit)၊ အဖွဲ့အစည်းဖြင့် စည်းစနစ်ကျနစွာလုပ်ကိုင် ဆောင် ရွက်တတ်သည့် အလေ့အကျင့်များ(TeamWork)၊ ရဲဘော်ရဲဖက်စိတ်(esprit de corps)နှင့် နိုင်ငံ ကောင်း အောင် ဆောင်ရွက်လိုသည့်စိတ်ဓာတ်များရရှိခဲ့ကြပြီး တာဝန် ကျရာ တပ်ရင်း၊ တပ်ဖွဲ့ အသီးသီးသို့ သွားရောက်၍ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ကြတော့မည်ဖြစ်ကြောင်း သိရသည်။
#Yangon_Times/PP
 
		#Local_News
Published_ 29 June 2024
▪️ 230kV မန်စံ - ရွှေစာရံလိုင်း အမြဲ တမ်းအပြစ်ဖြစ်သောကြောင့် ရန်ကုန်တိုင်းအတွက် နေ့စဉ်ယူနစ်ငါးသန်းကျော်  လျော့နည်းရရှိနေ၍ စက်မှုဇုန်နှင့် အများပြည်သူများအား သုံးစွဲ၀န်အားလျော့ချကာ ဓာတ်အားဖြန့်ဖြူးနေရသည့်အတွက် မြို့နယ်အချို့၌  လျှပ်စစ်မီးယာယီပြတ်တောက်နိုင်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ယမန်နေ့က အသိပေးထုတ်ပြန်လိုက်သည်။
▪️ လက်ရှိတွင် ရန်ကုန်တိုင်းအတွက်မူလလျာထားသော ဓာတ်အားပမာဏထက်(၂၀% )နေ့စဉ်ယူနစ် (၅.၆၄၇) သန်းခန့် လျော့နည်းရရှိ နေခြင်းဖြစ်ပြီး စက်မှုဇုန်နှင့် အများပြည်သူများအား ယခင်ရက်ပိုင်း.သုံးစွဲ၀န်အားထက် လျော့ချ၍ ဓာတ်အားဖြန့်ဖြူးနေရခြင်းဖြစ်ကြောင်း သိရသည်။
▪️ နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဇွန်၂၆ ရက်နေ့၊ ညနေ ၇နာရီ ၅၄မိနစ်အချိန်ခန့်၌ 230kV မန်စံ -ရွှေစာရံလိုင်း အမြဲ တမ်းအပြစ် (Permanent. fault) ဖြစ်၍ တစ်နိုင်ငံလုံးဓာတ်အားစနစ်ချို့ယွင်းမှု (System Breakdown) ဖြစ်ပွါးခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ဓာတ်အားလိုင်းချို့ယွင်းနေမှုကြောင့် ယနေ့အထိနိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ ရွှေလီဓာတ်အားပေးစက်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပို့လွှတ်နိုင်မှု(၄၀၀)မဂ္ဂါဝပ်ခန့် တစ် နေ့လျှင် လျှပ်စစ်ပမာဏယူနစ်( ၉.၅) သန်းခန့်လျော့နည်းရရှိနေပြီး နယ်မြေအခြေအနေအရပြုပြင်မှုများ ဆောင်ရွက်နိုင်ရန်စီစဉ်ထားဆဲဖြစ်ကြောင်း သိရသည်။
▪️ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွက် မူလလျာထားသော ဓာတ်အားပမာဏထက်.(၂၀% )နေ့စဉ်ယူနစ် (၅.၆၄၇) သန်းခန့် လျော့နည်းရရှိခဲ့ပါသဖြင့် အရေးပေါ် ဝန်အားလျှော့ထိန်းညှိခြင်းများ ဆောင်ရွက်နေရသည့်အတွက်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်နှင့် အများပြည်သူများအား ယခင်ရက်ပိုင်းသုံးစွဲ၀န်အားထက် လျော့ချ၍ ဓာတ်အားဖြန့်ဖြူးနေရပါကြောင်းနှင့်အရေးပေါ်၀န်အား ထိန်းညှိမှုဆောင်ရွက်ရခြင်းများကြောင့် မြို့နယ်အချို့တွင် ယာယီဓာတ်အားပြတ်တောက်မှုများရှိနိုင်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးထားသည်။
#YMG/NN #Yangon_Times
#Daily_News
Published_ 28 June 2024
၁။ နေပြည်တော်နှင့်မြို့ကြီးသုံးမြို့ရှိ လက်လီဆိုင် ၂၈၀ကျော်အပါအဝင် Superနှင့် Mini များ၌ပါ ကန့်သတ်ချက်မရှိရည်ညွှန်းဈေးဖြင့် ရောင်းချပေးနေ
၂။ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းနှင့် အိန္ဒိယအသင်းတို့ ဖီဖာနိုင်ငံတကာခြေစမ်းပွဲများကန်မည်
၃။ ဇူလိုင်လအတွင်းလေဖိအားနည်းရပ်၀န်း (၂)ကြိမ်၊ မုန်တိုင်းငယ်(၁)ကြိမ်ဖြစ်ပေါ်နိုင်၊ ကချင်၊ ရခိုင်၊ စစ်ကိုင်းအထက်ပိုင်းမိုးပိုမည်
၄။ တရုတ်ပြည်မှချန်ဂယ်-၆ လကမ္ဘာစူးစမ်းရေးယာဥ် အခက်အခဲအောင်မြင်မှုကြီး(၃)ချက်ဖြင့် ကမ္ဘာပေါ်သို့ပြန်ရောက်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
သက်ကြီးသင်္ဘောသားတွေအပြင် ကျန်းမာရေးချို့တဲ့တဲ့ ကင်ဆာလူနာ၊ ကျောက်ကပ်လူနာ၊ လေဖြတ်လူနာနဲ့ အခြားရောဂါဝေဒနာတွေခံစားနေရတဲ့ သင်္ဘောသားတွေကိုပါ ASGHCမှ ငွေကြေးကူညီထောက်ပံ့နေတယ်လို့ သိရပါတယ်။
#Local_News
Published_ 28 June 2024
#နာမကျန်းသင်္ဘောသားများ #ASHCမှကူညီထောက်ပံ့
#tthl #Yangon_Times
 
		#Local_News
Published_ 28 June 2024
▪️ ဓာတ်အားပိတ်၌ အရှေ့ဒဂုံဓာတ်အားခွဲရုံလုပ်ငန်းများတိုးချဲ့ဆောင်ရွက်ရန်ရှိ၍ အရှေ့ဒဂုံမြို့နယ် (၅)ခုတွင် ယာယီဓာတ်အားပြတ်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးထုတ်ပြန်ထားသည်။
▪️ အရှေ့ဒဂုံဓာတ်အားခွဲရုံ 66kV GIS Feeder-9 Extension Bay အတွက် Bus Differential Relay အား IP Address ထပ်တိုးခြင်းနှင့် Operation Function Test လုပ်ငန်းဆောင်ရွက်ရန်အတွက် အရှေ့ဒဂုံဓာတ်အားခွဲရုံကို ဇွန်လ(၂၉) ရက်၊(၃၀)ရက်များတွင် ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်မည်ဟုဆိုသည်။
▪️ သို့ဖြစ်ပါ၍ အဆိုပါ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ရွှေပေါက္ကံမြို့နယ်၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တို့ရှိနေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှု ရှိမည်ဖြစ်ပါကြောင်းနှင့် ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေးအတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြား အပ်ကြောင်းဖော်ပြထားသည်။
#tthl #Yangon_Time
 
		#Local_News
Published 28 June 2024
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၌ ဆီဘောက်ဆာယာဉ်နှင့် Pro Box ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဖြစ်စဉ်မှာ ဇွန်၂၈ ရက်နေ့၊ နေ့လယ် ၁နာရီ ၃၆ မိနစ်အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာလမ်းနှင့် ပဲခူးမြစ်လမ်းထောင့်တွင် ဆီဘောက်ဆာယာဉ်နှင့် Pro Box ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ Foam မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် မီးလောင်မှုမဖြစ်ပွားစေရေး ထွက်ခွာဆောင်ရွက်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းသိရသည်။
#YMG/ NN #Yangon-Times
Page 537 of 2163