#Local_News
Published-2 March 2024
ပြည်ပခရီးသွားများအတွက် ကျန်းမာရေးသတ်မှတ်ချက်အသစ်ကို ပြောင်းလဲသတ်မှတ်လိုက်ရာ ယနေ့မှစ၍ အကျုံးဝင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
နိုင်ငံတကာလေကြောင်းခရီးစဉ်များ ၊ ရေကြောင်းခရီးစဉ်များနှင့် နယ်စပ်ဝင်/ထွက်ဂိတ်များမှ မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ပြည်ပခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များကို ကျန်းမာရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၉ ရက်၌ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ခရီးသွားများအနေဖြင့် မြန်မာနိုင်ငံသို့ ဆိုက်ရောက်လာချိန်တွင် သက်ဆိုင်ရာ ကျန်းမာရေးအရာရှိများမှ ဆောင်ရွက်သည့် ကိုယ်အပူချိန်တိုင်းတာခြင်းနှင့်လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုကို ခံယူရမည်ဖြစ်ကြောင်းသတ်မှတ်ထားခြင်းဖြစ်သည့်အပြင် မြန်မာနိုင်ငံတွင် နေထိုင်စဉ်အတွင်း ကိုဗစ်အပါအဝင် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ ဖြစ်ပေါ်လာပါက ကုန်ကျစရိတ်ကို မိမိစရိတ်ဖြင့်ကျခံရမည်ဖြစ်ပြီး ကျန်းမာရေးအာမခံဝယ်ယူလိုပါက မြန်မာ့အာမခံလုပ်ငန်း ဝက်ဘ်ဆိုက်၌ လေ့လာဝယ်ယူနိုင်ကြောင်း ဆိုထားသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် သတ်မှတ်ချက်တွင်မူ ခရီးသွားများအနေဖြင့် မြန်မာနိုင်ငံသို့ ဆိုက်ရောက်ချိန်တွင် ကျန်းမာရေးကြေညာချက်တင်ပြရန် ၊ ကျန်းမာရေးအာမခံဝယ်ယူထားသည့် အထောက်အထားများ တင်ပြရန်သတ်မှတ်ခဲ့သော်လည်း ယခုသတ်မှတ်ချက်အသစ်တွင်မူ ယင်း အချက်များအား လျှော့ပေါ့ပေးလိုက်ကြောင်း သိရသည်။
ယခုထုတ်ပြန်လိုက်သည့် သတ်မှတ်ချက်အသစ်သည့် မတ်လ ၁ ရက်ယနေ့ကစတင်၍ အကျုံးဝင်မည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် သတ်မှတ်ချက်ကို အစားထိုးမည်ဖြစ်ကြောင်း သိရသည်။
#Local_News #ပြည်ပခရီးသွားများ #ကျန်းမာရေးသတ်မှတ်ချက်အသစ် #YMG/NN #Yangon_Times
လက်မှုပစ္စည်းအရောင်းဆိုင် ဖွင့်လိုသူတွေကို မြန်မာ့လက်မှုအနုပညာစင်တာမှာ ဆိုင်ခန်း (၂၄) ခန်းငှားရမ်းဖို့ရှိပါတယ်။ အကျယ်အဝန်း ၁၁ပေ× ၁၂ပေရှိ မှန်ခန်းပါဆိုင်ခန်း တစ်ခန်းကို တစ်လလျှင် ကျပ်နှစ်သိန်းနှုန်း၊ အကျယ်အဝန်း ၁၁ပေ× ၁၂ပေရှိ မှန်ခန်းအလွတ်ဆိုင်ခန်း တစ်ခန်းကို တစ်လလျှင်ကျပ်တစ်သိန်းခွဲ၊ Booth အရောင်းဆိုင်လှည်းတစ်လုံးကို တစ်လလျှင် ငါးသောင်းကျပ်နဲ့ ငှားရမ်းနိုင်တယ်။
#Local_News
Published_ 2 March 2024
#မြန်မာ့လက်မှုအနုပညာစင်တာ
#YMG/tthl #Yangon_Times
#Local_News
Published 2 March 2024
တညင်းကုန်း လက်ကားဈေး စီမံကိန်းနေရာအတွင်း စက်သုံးဆီဆိုင်ဖွင့်လှစ်နိုင်မည့် မြေနေရာရောင်းချရန်အတွက် မြန်မာအက်ဂရိုအိတ်စ်ချိန်း အများနှငိ့သက်ဆိုင်သောကုမ္ပဏီ လိမိတတ်က တင်ဒါခေါ်ယူထားကြောင်း သိရသည်။
အဆိုပါ မြန်မာအက်ဂရိုအိတ်စ်ချိန်းကုမ္ပဏီ(MAEX)သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (ဈေးများဌာန)နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်၍ အင်းစိန်မြို့နယ် ရွှေပြည်သာတံတားလမ်းနှင့် ပုလဲလမ်းထောင့်ရှိ တညင်းကုန်းလက်ကားဈေး စီမံကိန်းအားအကောင်ထည်ဖေါ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းဈေးစီမံကိန်း နေရာ အတွင်း စက်သုံးဆီအရောင်းဆိုင်ဖွင့်လှစ်ရန် မြေနေရာကို ရောင်းချမည်ဖြစ်သောကြောင့်စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းဆောင်ရွက်လိုသူများ အနေဖြင့် အိတ်ဖွင့်တင်ဒါပုံစံ တစောင် ကျပ်၁၀၀၀၀ နှုန်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
စက်သုံးဆီဆိုင် ပြုလုပ်ရန်အတွက် မြေနေရာအကျယ်ဝန်းမှာ ၂၈၀၅၇စတုရန်းပေ(၀.၆၄၄ဧက)ကျယ်ဝန်းပြီး ကြမ်းခင်းဈေးကို ငွေကျပ်သိန်း ၁၆၀၀၀(တစ်ဧက ငွေကျပ် ၂၅၀၀၀သိန်းနှုန်း)သတ်မှတ်ထားကြောင်း သိရသည်။
တင်ဒါကို မတ်လ ၁ ရက်နေ့ က စတင်ရောင်းချပေးပြီး မတ်လ ၁၅ ရက် မွန်းတည့် ၁၂ နာရီမှာ တင်ဒါပိတ်မည်ဖြစ်ကာ မတ်လ ၁၅ ရက်နေ့လည် ၂ နာရီမှာတော့ တင်ဒါဖွင့်သွားမည်ဖြစ်ကြောင်း သိရသည်။
#Local_News #တညင်းကုန်း လက်ကားဈေး #မြေနေရာရောင်းချရန် တင်ဒါခေါ်ယူ #YMG/LW #Yangon_Times
#Local_News
Published_ 2 March 2024
လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် ဖေဖော်ဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့တဲ့ အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ရဲ့ (၁၃) ကြိမ်မြောက်အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။
အစည်းအဝေးကို အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ လာအိုနိုင်ငံ၊ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ် Mr. Chatoulong Bouasisavath နှင့် အာဆီယံ အသိုက်အဝန်း မျှော်မှန်းချက်စာတမ်း ရေးဆွဲရေးဆိုင်ရာ အမြဲတမ်းဦးဆောင်အဖွဲ့ဝင် မလေးရှားနိုင်ငံ၏ ထင်ပေါ်ကျော်ကြား ပုဂ္ဂိုလ်နှင့် အငြိမ်းစားသံအမတ်ကြီး Mr. Dato Zainuddin Yahya တို့က ပူးတွဲဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ကြပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် လေ့လာသူ တီမောလက်စ်တေနိုင်ငံတို့မှ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်များ၊ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။
ဒုတိယဝန်ကြီးက အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ ၏ အာဆီယံ နိုင်ငံရေးနှင့်လုံခြုံရေး အသိုက်အဝန်းဆိုင်ရာ မဟာဗျူဟာစီမံချက် မူကြမ်းရေးဆွဲရေးတွင် တိုးတက်မှုများရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ အဆင့်မြင့်ကိုယ်စားလှယ်များအား ချီးကျူးကြောင်း ပြောကြားခဲ့ပါတယ်။
အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းဆိုင်ရာ မဟာဗျူဟာစီမံချက် ရေးဆွဲ ရာတွင် ဖွဲ့စည်းမှုပုံစံ၊ ဆောင်ရွက်မည့်နည်းလမ်းနှင့် အာဆီယံအဖွဲ့အစည်းပိုမိုခိုင်မာ အားကောင်းရေးဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ရန် သင့်လျော်တဲ့ မဏ္ဍိုင်သတ်မှတ်ရေးတို့ကို ဆွေးနွေးခဲ့ပါတယ်။
ထို့နောက် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေး ဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များညှိနှိုင်းအစည်းအဝေးမှ တင်ပြသည့် အကြံပြုချက် များကို ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြပြီး အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် (၁၄) ကြိမ်မြောက် အစည်းအဝေးမတိုင်မီ အာဆီယံနိုင်ငံရေးနှင့်လုံခြုံရေးအသိုက်အဝန်း ဆိုင်ရာ မဟာဗျူဟာစီမံချက်မူကြမ်း ပထမအကြိမ်ရေးဆွဲမှုကို အွန်လိုင်းမှတစ်ဆင့် ညှိနှိုင်း ဆောင်ရွက်ရန် တာဝန်ပေးအပ်ခဲ့ပါတယ်။
ဒုတိယဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် Mr. Alounkeo Kittikhoun နှင့် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Phoxay Khaykhamphithoune တို့နှင့် သီးခြားစီတွေ့ဆုံခဲ့ပြီး အာဆီယံတွင် မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုများ နှင့် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံအကြား အပြန်အလှန် စိတ်ဝင်စားမှုရှိသည့် ကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။
#Local_News #အာဆီယံအသိုက်အဝန်း #အဆင့်မြင့်လုပ်ငန်း အဖွဲ့အစည်းအဝေး #Ymg_mnn #Yangon_Media_Group
#Daily_News
Published_ 1 March 2024
၁။ သင်္ကြန်တွင်းရိပ်သာဝင်မည့်သူများ ကြိုတင်စာရင်း ပေးသွင်းနိုင်ပြီ
၂။ ပြည်တွင်း စက်သုံးဆီဈေးနှုန်းများ တစ်လီတာ ကျပ် ၅၀ မှ ၈၀ကျပ်ဝန်းကျင် ဈေးပြန်ကျ
၃။ ပြည်တွင်းစားဆန်များဈေးနှုန်းကျဆင်းနေ
၄။ The_Web_Summit နည်းပညာ စုစည်းဆွေးနွေးပွဲကြီး ကာတာမြို့တော်တွင် စတင်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
နွေရောက်တိုင်း မိုးတိမ်တောင်များကြောင့် မိုးသက်လေပြင်းတိုက်ခတ်တာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာတွေဖြစ်ပေါ်လေ့ရှိပြီး အခုနှစ်မှာတော့ အယ်နီညိုသက်ရောက်မှုရှိတဲ့အတွက် ပိုမိုပြီးသတိထားဖို့ လိုအပ်တယ်။
#Local_News
Published_ 1 March 2024
#မိုးသက်လေပြင်းတိုက်ခတ် #အယ်နီညိုသက်ရောက်မှုရှိ
#tthl #Yangon_Times
#Local_News
Published-1 March 2024
၁၁နီးပါးကာလအတွင်း ပြည်ပသို့ကန်ဒေါ်လာသန်းပေါင်း ၁၂၀၀ကျော် တန်ဖိုးရှိသည့်ပဲမျိုးစုံ တန်ချိန် ၁၃ သိန်းနီးပါးတင်ပို့ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ထိုသို့တင်ပို့ ရာတွင်(၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် ဧပြီ ၁ရက် မှ ဖေဖော်ဝါရီ ၂၃ရက်နေ့ အထိ)ပင်လယ်ရေကြောင်းမှအမေရိကန်ဒေါ်လာ(၁၀၉၂.၀၈၈)သန်းတန်ဖိုးရှိသည့် ပဲမျိုးစုံတန်ချိန် (၁၂၉၀၅၀၆.၅၁၂)နှင့် နယ်စပ်မှအမေရိကန်ဒေါ်လာ (၁၂၂.၈၇၀) သန်းတန်ဖိုးရှိသည့် ပဲမျိုးစုံတန်ချိန် (၁၄၁၆၁၉.၄၆၉) တန်၊ စုစုပေါင်းအမေရိကန်ဒေါ်လာ(၁၂၁၄.၉၅၈) သန်းတန်ဖိုးရှိသည့် (၁၄၃၂၁၂၅.၉၈၁) တန်ကို တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂%) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြကြောင်း သိရသည်။
လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်း အဓိက ပို့ကုန်တစ်မယ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှအမေရိကန်ဒေါ်လာ (၁၂၆၁.၈၇၄)သန်း တန်ဖိုးရှိသည့်ပဲမျိုးစုံ (၁၆၄၀၇၇၇) တန်၊ နယ်စပ်မှ အမေရိကန်ဒေါ်လာ (၂၀၈.၇၈၉)သန်းတန်ဖိုးရှိသည့် ပဲမျိုးစုံ (၂၇၈၃၇၉) တန်၊ စုစုပေါင်းအမေရိကန်ဒေါ်လာ (၁၄၇၀.၆၆၃) သန်းတန်ဖိုးရှိသည့် ပဲမျိုးစုံ(၁၉၁၉၁၅၆) တန်၊ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
#Local_News #၁၁နီးပါးကာလ #ကန်ဒေါ်လာသန်းပေါင်း၁၂၀၀ကျော် #၁၃သိန်းနီးပါးတင်ပို့ #YMG/NN #Yangon-Times
Page 540 of 1980