၁ ဩဂုတ် ၂၀၂၄
နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အထူးကိုယ်စားလှယ်အဖြစ် ကမ္ဘောဒီးယားသို့ ရောက်ရှိနေတဲ့ နစက ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂)ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ဟာ ဒီကနေ့မနက်ပိုင်း မှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာ ဟွန်မန်နက်နှင့်တွေ့ဆုံပါတယ်။ မွန်းလွဲပိုင်းမှာ ဟွန်မန်နက်၏ ဖခင်ဖြစ်တဲ့ ကမ္ဘောဒီးယား ဆီးနိတ် ဥက္ကဋ္ဌ ဟွန်ဆန်နှင့်လည်းဆက်လက်တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံမှုအသေးစိတ်ကိုတော့ သတင်းမရရှိသေးပါဘူး။
ဝန်ကြီးဦးကိုကိုလှိုင်ဟာ ယမန်နေ့က ကမ္ဘောဒီးယားနိုင်ငံသို့ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။
@ymg/knl

၃၁ ဇူလိုင် ၂၀၂၄
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများကို လုံခြုံရေးအခြေအနေအပေါ်မူတည်ပြီး ကျင်းပနိုင်တဲ့နယ်မြေတွေကို ဦးစွာ ကျင်းပသွားမယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
ဇူလိုင် ၃၁ရက်က နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမမှာကျင်းပတဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးက အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။
လတ်တလော လုံခြုံရေးအခြေအနေအရ မကျင်းပနိုင်သေးတဲ့ နယ်မြေတွေကိုလည်း လုံခြုံရေးကောင်းမွန်အောင် တိုးမြှင့်ဆောင်ရွက်ပြီး ဆက်လက်ကျင်းပအောင်လုပ်သွားမယ်လို့လည်း သူက ဆက်လက်ပြောဆိုပါတယ်။
တည်ငြိမ်အေးချမ်းမှသာ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် မှန်ကန်တဲ့ပြုပြင်ပြောင်းလဲရေးတွေ လျင်မြန်စွာ ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် လုံခြုံရေပိုင်းနှင့်ပတ်သက်ပြီး လုပ်သင့်လုပ်ထိုက်တာတွေ အရှိန်မြှင့် ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။
လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို လာမည့် အောက်တိုဘာလတွင် ပြုလုပ် မည်ဖြစ်ပြီး ပါတိစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လာမည့် နှစ်တွင်ကျင်းပမည်ဟု နစက,က ထုတ်ဖော် ပြောဆိုထားပါတယ်။
@ymg/knl
#Daily_News
Published 31 July 2024
၁။ ရေဘေးသင့်ပြည်သူများကို အငြိမ့်မင်းသမီးများမှထမင်းထုတ်များလှူဒါန်းမည်
၂။ ပုသိမ်တွင်ရေကြီးနေပေမည့် ချောင်းသာကို ဧည့်ဝင်နေသေး၊ ကမ်းခြေအချို့ရေဝဲသတိပြုရန်လို
၃။ ကွမ်းခြံများရေမြုပ်၍ ကွမ်းဈေးစံချိန်တင်မြင့်တက်နေ
၄။ ပဲရစ်အိုလံပစ် ဆုတံဆိပ်များကို အီဖယ်မျှော်စင်က ဘေးထွက်သတ္တုအပိုင်းအစများဖြင့် ဖန်တီး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ၂၀၂၄ခုနှစ်အတွက် မိုးစပါးလျာထားချက်အပေါ် ၇၀ရာခိုင်နှုန်းကျော်အထိစိုက်ပျိုးပြီးစီးပြီလို့ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနက သိရပါတယ်။
#Local_News
Published 31 July 2024
#မိုးစပါးလျာထားချက် #စိုက်ပျိုးရေးဦးစီးဌာန
#YMG/NN #Yangon_Times
ကွမ်းအဓိကတင်သွင်းတဲ့ ဧရာဝတီနဲ့ပဲခူးတိုင်းတွေမှာ မြစ်ရေကြီးတာတွေဖြစ်နေတာကြောင့် ကွမ်းရွက်ဈေးတွေစံချိန်တင်မြင့်တက်နေတယ်လို့ ကွမ်းစိုက်ပျိုးရောင်းချသူတွေဆီက သိရပါတယ်။
#Local_News
Published 31 July 2024
#ကွမ်းခြံများရေမြုပ် #ကွမ်းဈေးစံချိန်တင်မြင့်တက်
#YMG/NN #Yangon_Times
ပုသိမ်တွင်ရေကြီးနေပေမယ့် ချောင်းသာမှာ ရေမကြီးလို့ချောင်းသာကို ဧည့်ဝင်နေသေးတယ်လို့ ချောင်းသာခရီးသွားလမ်းညွှန်ထံမှ သိရပါတယ်။
#Local_News
Published 31 July 2024
#ချောင်းသာကိုဧည့်ဝင်နေ #ကမ်းခြေအချို့ရေဝဲသတိပြု
#YMG/tthl #Yangon_Times
အငြိမ့်မင်းသမီးတွေအနေနဲ့ ဒဂုံမြောက်ပိုင်း၊ စစ်ပင်ရွာအထိမှာ ရေနစ်မြုပ်နေတဲ့ ရေဘေးသင့်ပြည်သူ(၁၀၀၀)စာအတွက် ထမင်းထုတ်တွေလှူဒါန်းဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။
#Local_News
Published 31 July 2024
#ရေဘေးသင့်ပြည်သူများ #ထမင်းထုတ်များလှူဒါန်း
#YMG/tthl #Yangon_Times
Page 543 of 2206