#Local_News
Published 31 December 2024
▪️ သက်တော် ၁၀၇ နှစ်ရှိပြီဖြစ်သည့် ခရမ်းဆရာတော်ကြီး ကင်ပွန်းစခန်းမှ ကျိုက်ထီးရိုးဘုရားသို့ ခြေလျင်ကြွရောက် ဖူးမျှော်ခဲ့ကြောင်း ကျိုက်ထီးရိုးတောင်ပေါ်ရှိ စခန်းလေး ဘောဂသိဒ္ဓိကျောင်းဆရာတော် ဦးနန္ဒသာမိ ကမိန့်ကြားသည်။
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့တွင် သီတင်းသုံးသည့် ခရမ်းဆရာတော်ဘုရားကြီးသည် သက်တော်၁၀၇နှစ် ရှိပြီဖြစ်ကာ ကျိုက်ထီးရိုးဘုရားဖူးမြင်ရန် ယမာန်နေ့ နေ့ခင်း ၁၂နာရီ ၁၃မိနစ်မှစ၍ လမ်းလျှောက်ခြေလျင်တက်ကာ ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား ဖူးမြင်ရန် ကြွလာခြင်းဖြစ်ကြောင်း သိရသည်။
▪️ "ဆရာတော်ကြီးက ည ၁၂နာရီ မထိုးခင်မှာတောင်ပေါ် ရောက်လာတယ်၊ဆရာတော်ကြီးကို ကျိုက်ထီးရိုးဘုရားကို ရောက်ခါနီးနဂါးပတ်အစလမ်းခရီးမှာ ခရီးဦးကြိုပြီး ကုသိုလ်ပြုခွင့်ရရှိခဲ့ပါတယ်၊ ဆရာတော်ကြီးက ထူးခြားတာက ကင်ပွန်းစခန်းကနေ ခြေလျင်တက်ခဲ့ပေမယ့် အသက်ရှူသံလေးတောင်မထွက်ဘူး၊ ဦးဇင်းတို့လို အသက်လေးဆယ်ကျော်တောင် ခြေလျင်မတက်နိုင်တော့ဘူး မနက်ကပြန်ဆင်းသွားတယ်"ဟု ကျိုက်ထီးရိုးတောင်ပေါ်ရှိ စခန်းလေး ဘောဂသိဒ္ဓိကျောင်းဆရာတော် ဦးနန္ဒသာမိက ရန်ကုန်မီဒီယာဂရုသို့ မိန့်ကြားသည်။
▪️ အဆိုပါ ခရမ်းဆရာတော်ဘုရားကြီးသည် ကျိုက်ထီးရိုးဘုရားသို့ ဖူးမျှော်ပြီးနောက်ကျီးကန်းပါးစပ်သို့ ခြေလျင်ဆင်း၍ အဓိဌာန်ဝင်ပြီးနောက် ယနေ့မနက်ပိုင်းတွင် ဘုရားဖူး၍ ဘီးလင်းမြို့သို့ဆက်လက်ကြွသွားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 31 December 2024
▪️ ရန်ကုန်အပါအဝင် မြို့ကြီးအချို့၌ ယခုရက်ပိုင်းအတွင်း နှစ်သစ်ကူးပွဲတော်များကျင်းပနေကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ သိရသည်။
▪️ နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲများအဖြစ် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ဒီဇင်ဘာ၂၉ရက်မှ ၃၁ရက်အထိ သုံးရက်တာဂီတဖျော်ဖြေပွဲနှင့် ပျော်ပွဲရွှင်ပွဲများ ကို ဝင်ကြေးအခမဲ့ဖြင့် ကျင်းပနေကြောင်း သိရသည်။
▪️ ထို့အပြင် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးပြီး နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲကို ဒီဇင်ဘာ၃၁ရက် ယနေ့တွင်ကျင်းပသွားမည် ဖြစ်သည်။
▪️ ၎င်းအပြင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးပြီး မန္တလေးမြို့၊ ၂၆လမ်းနှင့် ၆၆လမ်းထောင့်တွင်လည်း နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲကို ဒီဇင်ဘာ၃၁ရက် ည၆နာရီကစပြီး ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ အခမ်းအနားတွင် နိုင်ငံကျော်အဆိုတော်များ ဖြစ်သည့် အုပ်စိုးခန့်၊ ဇော်ကို၊ မယ်လိုဒီ၊ ပိုပို၊ မေလသံစဉ်အပါအဝင် မန်းစည်ပင်ခေတ်ပေါ်တေးဂီတအဖွဲ့၊ DJဖျော်ဖြေမှုများဖြင့် တင်ဆက်ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 30 December 2024
၁။ တစ်နှစ်တာအတွင်း နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် ၆၃၀ကျော်ဝင်ရောက်ခဲ့
၂။ ပြည်တွင်းထုတ်ဓာတ်ဆီများ နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်များတွင် ရောင်းချသွားမည်
၃။ ဒီဇင်ဘာလ၃၁ရက်အတွက် ညမထွက်ရအမိန့်ကို တစ်ရက်ဆိုင်းငံ့
၄။ တောင်ကိုရီးယား၏ ဝမ်ငွေကြေးတန်ဖိုး (၁၅)နှစ်အတွင်း ဒေါ်လာလဲလှယ်နှုန်းအနိမ့်ဆုံးအခြေအနေသို့ကျဆင်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ဒီကနေ့ ဒီဇင်ဘာ ၃၀ရက်မှာကျရောက်တဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ်ပွဲတော်ကို ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ တိုင်းရင်းသားကျေးရွာမှာ ဆိုင်ခန်းပေါင်း၉၀ ခန့်နဲ့ ကျင်းပခဲ့တယ်လို့ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းက သိရပါတယ်။
#Local_News
Published 30 December 2024
#ကရင်နှစ်သစ်ကူးပွဲတော် #ကရင်အမျိုးသားနှစ်သစ်ကူးနေ့
#YMG/NN #Yangon_Times
2025 Countdown Festival ကို ပြည်သူ့ရင်ပြင်မှာကျင်းပသွားမှာဖြစ်တာကြောင့် အဆိုပါနေ့အတွက် ညမထွက်ရအမိန့်ကို တစ်ရက်ဆိုင်းငံ့ထားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရပါတယ်။
#Local_News
Published 30 December 2024
#ညမထွက်ရအမိန့် #တစ်ရက်ဆိုင်းငံ့
#YMG/SW #Yangon_Times
ပြည်တွင်းထုတ်ဓာတ်ဆီတွေကို နေပြည်တော်အပါအဝင်တိုင်းနဲ့ပြည်နယ်အချို့မှာ ဇန်နဝါရီလအတွင်း ဖြန့်ဖြူးရောင်းချပေးသွားဖို့ဆောင်ရွက်နေတယ်လို့ စွမ်းအင်ဝန်ကြီးဌာနကနေ သိရပါတယ်။
#Local_News
Published 30 December 2024
#ပြည်တွင်းထုတ်ဓာတ်ဆီ #ဖြန့်ဖြူးရောင်းချပေး
#YMG/NN #Yangon_Times
အခု ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း ပြည်တွင်းသို့ နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် (၆၃၀) ကျော် ဝင်ရောက်ဆိုက်ကပ်ခဲ့တယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သိရပါတယ်။
#Local_News
Published 30 December 2024
#နိုင်ငံတကာကုန်သေတ္တာယာဉ် #မြန်မာ့ဆိပ်ကမ်းအာဏာပိုင်
#YMG/NN #Yangon_Times
Page 539 of 2358