#Local_News
Published 1 March 2024
၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေကြောင့် စာစစ်ဌာန ၆၉ ခုဖြင့်သာ ကျင်းပစစ်ဆေးသွားမှာဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြောသည်။
ဖေဖော်ဝါရီလ ၂၉ ရက် မနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမမှာကျင်းပသည့် ရခိုင်ပြည် နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်း၊ အဖြေလွှာပို့ဆောင်နိုင်ရေးနှင့် စာမေးပွဲ အောင် မြင်စွာကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စားမေးပွဲကို မတ်လ ၁၁ရက်နေ့မှ မတ်လ ၁၉ ရက် နေ့အထိ မြန်မာတနိုင်ငံလုံးတွင် တပြိုင်တည်း ကျင်းပမည်ဖြစ်ရာ ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေကြောင့် စာစစ်ဌာန ၆၉ ခုဖြင့် ကျင်းပစစ်ဆေးသွားမည်ဖြစ်ပြီး စာစစ်ဌာနများကို တတည်နေရာပြောင်း စစ်ဆေးခြင်း သင့်တော်ရာစာစစ်ဌာနအလိုက်ပေါင်းပြီး စစ်ဆေးတာတွေ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မသမာမှုကင်းရှင်းစွာဖြင့် အေးချမ်းတည်ငြိမ်စွာ ကျင်းပနိုင်ရန် အတွက် ပြည်နယ်အဆင့်ဦးစီးကော်မတီများ ဖွဲ့စည်းပြီး စနစ်တကျ ဆောင်ရွက်ထားကြောင်း စာမေးပွဲကျင်းပနေစဉ် အတွင်းစည်းလုံခြုံရေးများကို အထူးအလေးပေးကြီးကြပ်ဆောင်ရွက်မည်ဖြစ်ကာ စာမေးပွဲအဖြေလွှာတွေကို သက်ဆိုင်ရာ ခရိုင်ပညာရေးမှူးရုံးတွေကို ပေးပို့ထားပြီး စာစစ်ဌာနတွေကို အချိန်နှင့် တစ်ပြေးညီ ဖြန့်ဝေပေးနိုင်ရေးစီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း မေးခွန်းလွှာများကိုလည်း အချိန်မီ ပေးပို့နိုင်ရေးစီစဉ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
#Local_News #၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ #စာစစ်ဌာန၆၉ခုဖြင့်ကျင်းပ #YMG/LW #Yangon_Times
"ကျွန်တော်တို့ အစ်မကြီး(ဒေါ်တင်တင်မြ)ဆီ ဖုန်းဆက်သွယ်မေးမြန်းကြည့်လိုက်တော့ နေမကောင်းလို့ဆေးရုံတက်နေရတာမဟုတ်ဘဲ ကျန်းမာရေးစစ်ဆေးမှုခံယူဖို့ ဆေးရုံတက်နေတာလို့ပြောပါတယ်"
#Local_News
Published_ 1 March 2024
#ဂန္တဝင်အဆိုတော်ကြီးဒေါ်တင်တင်မြ #ကျန်းမာရေးစောင့်ရှောက်မှုခံယူ
#tthl #Yangon_Times
'စားသုံးသူတွေကဒီကာလအတွင်းခရီးသွားကာလဖြစ်တာရယ်၊ စာမေးပွဲကာလဖြစ်တာတွေကြောင့် ဝယ်လိုအား လျော့ပြီး ပြည်တွင်းစားဆန်တွေဈေးကျနေတာပါ၊'
#Local_News
Published_ 1 March 2024
#ဆန်ဈေးကျ #ဝယ်လိုအားလျော့
#YMG/NN #Yangon_Times
#Local_News
Published 1 March 2024
နိုင်ငံ့ဂုဏ်ဆောင် မျက်မမြင်အားကစားသမားကောင်းများ ပေါ်ထွက်နိုင်ရေးနှင့် မြန်မာ့တီးဝိုင်းနှင့် နိုင်ငံတကာတီးဝိုင်းများ သင်ကြားပေးနိုင်ရေးဆောင်ရွက်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောကြားခဲ့သည်။
ကြည့်မြင်တိုင် မျက်မမြင်သင်တန်းကျောင်းနှင့် ရွှေဂုံတိုင်ကလေးပြုစုရေးဌာနများသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက မျက်မမြင်သင်တန်းသား သင်တန်းသူများအတွက် ခေတ်မီသင်ကြားမှုစနစ်များနှင့် သင်ထောက်ကူပစ္စည်းများ အသုံးပြုနိုင်ရန်အတွက် လေ့လာပြီး လိုအပ်ချက်များတင်ပြရန်၊ သက်မွေးအတတ်ပညာများကို ယခုထက်ပို၍ အမျိုးအစား ပိုမိုသင်ကြားပေးနိုင်ရေးဆောင်ရွက်ရန်၊ မျက်မမြင်များကို မြန်မာ့တီးဝိုင်းနှင့် နိုင်ငံတကာတီးဝိုင်းများ သင်ကြားပေးနိုင်ရေးဆောင်ရွက်ရန်၊ ရှေးဟောင်းအဆောက်အအုံအား ရေရှည်တည်တံ့ရေး သက်ဆိုင်ရာဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်သွားရန်နှင့် နိုင်ငံ့ဂုဏ်ဆောင် မျက်မမြင်အားကစားသမားကောင်းများ ပေါ်ထွက်နိုင်ရေး မသန်စွမ်းအားကစားအဖွဲ့ချုပ်နှင့်ဆက်သွယ်၍ စနစ်တကျ လေ့ကျင့်ပေးရန်မှာကြားရာတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါကျောင်းတွင် လက်ခံစောင့်ရှောက်ထားသော အသက်(၆)နှစ်မှ (၁၈)နှစ်အတွင်း မျက်မမြင်ကျောင်းသား ကျောင်းသူ ၁၁၁ ဦးကို မျက်မမြင်လက်စမ်းစာ (Braille Letter) ဖြင့် မူလတန်းပညာရေးကို ကျောင်းတွင်းပညာရေးအဖြစ် သင်ကြားပေးနေမှု၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်ပညာရပ်များကို Inclusive Educationဖြင့် ပညာရေးဝန်ကြီးဌာနများမှ ဖွင့်လှစ်ထားသောကျောင်းများတွင် ဆက်လက်သင်ကြားပေးနေမှု၊ Japan Heart အဖွဲ့နှင့် ပူးပေါင်း၍ တစ်နှစ်သင်တန်းအဖြစ် ဖွင့်လှစ်သင်ကြားပေးသည့် ဂျပန်နည်းစနစ်ဆိုင်ရာ ဆေးပညာအကြောပြင် အနှိပ်သင်တန်း လက်တွေ့သင်ကြားပို့ချနေမှု၊ ကြည့်မြင်တိုင်မျက်မမြင်ကျောင်း၏ အကြောပြင်အနှိပ်သင်တန်း နှစ်နှစ်သင်ကြားပို့ချနေမှု၊ ဆက်တီခုံကြိမ်ထိုးနေမှုနှင့် ပလတ်စတစ်ခြင်း ရက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီးသည် မျက်မမြင်စစ်တုရင်သင်ကြားနေခြင်းနှင့် Goal Ball အားကစားနည်းလေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထို့နောက် ဗဟန်းမြို့နယ် အလယ်ရွှေဂုံတိုင်လမ်းရှိ ရွှေဂုံတိုင်ကလေးပြုစုရေးဌာနသို့သွားရောက်၍ စောင့်ရှောက်ထားရှိသော ကလေးသူငယ်များအား ပြုစုစောင့်ရှောက်ပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#Local_News #နိုင်ငံ့ဂုဏ်ဆောင်မျက်မမြင် #YMG/NN #Yangon-Times #မြန်မာ့တီးဝိုင်း #နိုင်ငံတကာတီးဝိုင်း
#Local_News
Published-24 March 2024
ရန်ကုန်ဆိပ်ကမ်းများသို့ လာမည့်မတ်လအတွင်း နိုင်ငံတကာကုန်သေတ္တာတင် သင်္ဘော (၅၅) စင်းဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာလကုန်ထိ တစ်နှစ်တာကာလအတွင်း ရန်ကုန်ဆိပ်ကမ်းများသို့ နိုင်ငံတကာ သင်္ဘောလိုင်းများမှ ကုန်သေတ္တာတင်သင်္ဘော (၆၄၅) စင်း ဝင်ရောက်ခဲ့ပြီး ၂၀၂၄ ခုနှစ် အတွင်း ပြီးခဲ့သည့် ဇန်နဝါရီလတွင် (၄၉) စင်း၊ ဖေဖော်ဝါရီလတွင်(၅၃)စင်း ဝင်ရောက်ဆိုက်ကပ်ခဲ့ကြောင်းသိရသည်။
ရန်ကုန်ဆိပ်ကမ်းဧရိယာတွင် အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား (၂၇) စင်း၊ ရန်ကုန်သီလဝါအပြင်ဆိပ်ကမ်းဧရိယာတွင် ဆိပ်ကမ်းတံတား (၁၉) စင်း စုစုပေါင်း (၄၆) စင်းဖြင့် ဝန်ဆောင်မှု ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့် ကုန်သွယ်မှုလုပ်ငန်းများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာကုန်သေတ္တာ တင်သင်္ဘောများ လစဉ်ပုံမှန်ဝင်ရောက်ဆိုက်ကပ်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် နိုင်ငံတကာ သင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော ၆၄၇ စင်းဝင်ရောက်ခဲ့သည်။
#Local_News #ရန်ကုန်ဆိပ်ကမ်း #ကုန်သေတ္တာတင်သင်္ဘော(၅၅)စင်း #ဝင်ရောက်ဆိုက်ကပ်မည် #YMG/NN #Yangon_Times
မတ်လ ၁ရက်နေ့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ဈေးနှုန်းထုတ်ပြန်ချက်အရ ပြည်တွင်း စက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာကိုကျပ် ၅ဝမှ၈၀ကျပ်ဝန်းကျင်ဈေးပြန်ကျလာတယ် လို့ သိရပါတယ်။
#Local_News
Published_ 1 March 2024
#စက်သုံးဆီဈေးကျ #သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း
#YMG/LW #Yangon_Times
သင်္ကြန်တွင်းရိပ်သာဝင်မည့်သူများ ကြိုတင်စာရင်းပေးသွင်းနိုင်ပြီ။ မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်မှာ သင်္ကြန်တရားစခန်းကို ဧပြီလ(၁၄) ရက်ကစပြီး (၂၃)ရက်ပြီးမှာဖြစ်ပြီး ယောဂီသူတော် စင်(၂၈၀)မှ(၃၀၀)ဦးအထိ လက်ခံသွားဖို့ရှိတယ်
#Local_News
Published_ 1 March 2024
#သင်္ကြန်ရိပ်သာဝင်မည့်သူ #ကြိုတင်စာရင်းပေးသွင်း
#tthl #Yangon_Times
Page 541 of 1980