#Daily_News
Published_ 10 April 2024
၁။ နေ့အပူချိန်ပြင်းနေသည့် ရန်ကုန်အပါအဝင် ဒေသ(၁၀)ခု၌ မိုးထစ်ချုန်းရွာမည်
၂။ စက်သုံးဆီဈေးငြိမ်နေသော်လည်း ဝယ်လိုအားများနေဟုဆို
၃။ ဇီးဝဇိုးဌက်သိုက် ခိုးယူခံရမှုများလာသဖြင့် ငှက်အိမ်ဆောက်လုပ်မှုတွင် လုံခြုံရေးအတွက်ပါထည့်သွင်းဆောက်လုပ်လာရဟုဆို
၄။ ဂျပန်နိုင်ငံရှိနေရာအများစု၏ မြေအောက်ရေထဲတွင် PFA ဓာတုပစ္စည်းများ သတ်မှတ်စံနှုန်းထက်အဆများစွာကျော်လွန်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
နှစ်ဆန်းတစ်ရက်နေ့ဧပြီ(၁၇)ရက်ကလွဲလို ကျန်နှစ်သစ်ကူးသင်္ကြန်ပိတ်ရက်တွေမှာ ကုန်ပစ္စည်းတင်ပို့၊ တင်သွင်းဖို့ အချိန်ပို (Overtime) လျှောက်ထားပါက ဆောင်ရွက်ပေးသွားမှာဖြစ်တယ်။
#Local_News
Published_ 10 April 2024
#ပို့ကုန်/သွင်းကုန်ပစ္စည်း #သင်္ကြန်ပိတ်ရက်
#tthl #Yangon_Times
သင်္ကြန်ကာလနီးသော်လည်း ဈေးအကျဘက် တွင်သာရှိနေပါတယ် ကွမ်းစိုက်တောင်သူတွေအနေနဲ့ ပိုးသတ်ဆေး ပေါင်းသတ်ဆေးစတဲ့ စိုက်ပျိုးကုန်ကျစရိတ်တွေဟာ ယမန်နှစ်ထက် ပိုမိုကုန်ကျပေမယ့် ကွမ်းဈေးမှာ ဈေးကျနေတာကြောင့် စိုက်စရိတ်ရပေမယ့် လုပ်အားခအရှုံးပေါ်တဲ့ အနေထားဖြစ်နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရှိ ကွမ်းစိုက်တောင်သူတွေထံက သိရပါတယ်။
#Local_News
Published_ 10 April 2024
#ကွမ်းဈေးအကျ #လုပ်အားခအရှုံးပေါ်
#YMG/LW #Yangon_Times
#Local_News
Published_10 April 2024
တစ်မျိုးသားလုံးအရေးကို ငြိမ်းချမ်းရေးအသွင် ဖော်ဆောင်နိုင်ကြစေရန် ဆရာတော်ကြီးများက KNU,KNLA(ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်) စစ်ဦးစီးချုပ်အား လိပ်မူ၍ အထူးမေတ္တာရပ်ခံပန်ကြားသိစေအပ်ပါသည် ဟု ယင်းမေတ္တာရပ်ခံချက်ထုတ်ပြန်လိုက်သည်။
အဆိုပါမေတ္တာရပ်ခံချက်ကို ကရင်ပြည်နယ်၊ မဟာထေရ် ဆရာတော်ကြီးများ၏ ဩဝါဒကို ခံယူလျက် ဘားအံမြို့၊တောင်ကလေးဆရာတော် ဘဒ္ဒန္တပညာသာမိ ၊ဘားအံမြို့၊ ဗုဒ္ဓဂယာဆရာတော် ဘဒ္ဒန္တစန္ဒာဝရ ၊ လှိုင်းဘွဲ့မြို့၊ မဲဆမိတ်ဆရာတော် ဘဒ္ဒန္တစန္ဒရ ၊ဘားအံမြို့၊ လမင်းပရိယတ္တိစာသင်တိုက် ဘဒ္ဒန္တကေသရိန္ဒ ၊ဘားအံမြို့၊ လောကအတုလမာရ်အောင်ဆရာတော် ဘဒ္ဒန္တသောဘိတ ၊ လှိုင်းဘွဲမြို့၊ ကမော့လဲဆရာတော် ဘဒ္ဒန္တဝေပုလ္လ ၊ လှိုင်းဘွဲမြို့၊ ပြည်နယ်ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တခေမိဿရာလင်္ကာရ ၊ လှိုင်းဘွဲမြို့၊ မြို့နယ်အကျိုး တော်ဆောင်ဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသ ၊ ဘားအံမြို့၊ ဘုရားလုံဆရာတော် ဘဒ္ဒန္တအရိယဉာဏ ၊ ဘားအံမြို့၊ ချမ်းသာအေးဆရာတော် ဘဒ္ဒန္တစန္ဒာဝရ ၊ ဘားအံမြို့၊ ခွဲကဘောင်ပညာဥယျာဉ်ကျောင်းဆရာတော် ဘဒ္ဒန္တနာဂဝံသ တို့က အာသီသဆန္ဒတူ လက်မှတ်ရေးထိုး၍ ထုတ်ပြန်ထားခြင်း ဖြစ်ကြောင်း သိရသည်။
ငြိမ်းချမ်းရေး အထူးမေတ္တာရပ်ခံချက်တွင် ကရင်ပြည်နယ်၊ ရဟန်းရှင်လူ ပြည်သူ တစ်ရပ်လုံး၏ လိုလားတောင့်တချက်ဖြစ်သည့် ထာဝရငြိမ်းချမ်းရေးရရှိရန် ဦးတည်၍ ကရင်ပြည်နယ်၊ ဘားအံမြို့၊ လှာကဒေါင်ကျေးရွာအုပ်စု၊ လှိုင်းပုံရွာ၊ လမင်းပရိယတ္တိစာသင်တိုက်၌ ဧပြီလ ၅ ရက်တွင် ကျင်းပသော ကရင်ပြည်နယ်အတွင်းရှိ ဗုဒ္ဓဘာသာရဟန်း သံဃာတော်များ၏ လိုလား တောင့်တချက် ၃ ချက်ကို ယင်း မေတ္တာရပ်ခံချက်တွင် ထည့်သွင်းဖော်ပြထားသည်။
၎င်းအချက် ၃ ချက်မှာ တစ်မျိုးသားလုံး ငြိမ်းချမ်းရေး ၊ အလုံးစုံ သွေးစည်းညီညွတ်ရေး နှင့် ထာဝစဉ်အမြဲငြိမ်း ချမ်း ရေးအတွက် လိုလားနှစ်သက်တော်မူကြသည့်အလျှောက်ကရင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော စစ်ဘေးစစ်ဒဏ်များတို့ဖြင့် ဘာသာရေး အဆောက်အဦးများ၊ဆက်သွယ်ရေး လမ်းတံတားများပညာ သင်ကြား ရေး စာသင်ကျောင်းများ၊ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ စစ်ဘေးရှောင် ပြည်သူများတို့၏ ဘဝဘေး ဒဏ်များ ကင်းဝေးစေနိုင်ရေးအတွက် ကရင်ပြည်နယ်အတွင်းရှိ ဗုဒ္ဓဘာသာရဟန်းတော်များ အနေဖြင့် အထူး မေတ္တာရပ်ခံ ပန်ကြားအပ်ကြောင်း ဖော်ပြထားသည်။
အလားတူ လူသားချင်း ကိုယ်ချင်းစာနာထောက်ထားရေးကို ရှေးရှုလျက် ပဋိပက္ခဆောင် အချင်းချင်း တို့၏ ထာဝရငြိမ်းချမ်းရေးမဏ္ဍိုင် ပူးပေါင်းတည်ဆောက်နိုင်စေရေးနှင့် တစ်မျိုးသားလုံးအရေးအား ငြိမ်းချမ်းရေးအသွင် ဖော်ဆောင်နိုင်ကြစေရန် အထူးမေတ္တာရပ်ခံပန်ကြားသိစေအပ်ကြောင်းလည်း ဖော်ပြထားကြောင်း သိရသည်။
#Local_News ဆရာတော်ကြီးများ # KNU,KNLA ထံ မေတ္တာရပ်ခံ #Yangon_Times/PP
ဇီဝဇိုးငှက်အိမ်ဆောက်လုပ်မွေးမြူတာတွေများလာသလို ငှက်အိမ်များအတွင်း ဝင်ရောက်ပြီး ငှက်သိုက်ခိုးယူတာတွေ လည်းများလာတယ်လို့ ဇီဝဇိုးငှက်မွေးမြူသူတွေထံက သိရပါတယ်။ အခုလို ငှက်သိုက်တွေ ခိုးဝင်ခွာယူတာတွေရှိ လာတဲ့အတွက် ငှက်အိမ်တွေ ဆောက်လုပ်တဲ့အခါမှာ လုံခြုံရေးအတွက်ကိုပါ ထည့်သွင်းစဉ်းစားဆောက်လုပ်လာရတယ်လို့ ဆိုပါတယ်။
#Local_News
Published_ 10 April 2024
#ဇီဝဇိုးငှက်မွေးမြူသူ
#YMG/LW #Yangon Times
အခုရက်ပိုင်းအတွင်း စက်သုံးဆီဈေးငြိမ်နေသော်လည်းသက်ြန်ကာလနီးကပ်နေတာကြောင့် ဝယ်လိုအားများနေတယ်လို တစ်နိုင်တစ်ပိုင်ရောင်းချသူတွေထံကသိရပါတယ်။
#Local_News
Published_ 10 April 2024
#စက်သုံးဆီဈေးငြိမ်နေ #ဝယ်လိုအားများနေ
#YMG/NN #Yangon-Times
#Local_News
Published 10 April 2024
၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အခါသမယတွင် မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်နိုင်ရန်နှင့် ပြည်သူများအား ဖျော်ဖြေတင်ဆက်နိုင်ရန်အတွက် နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြမည့် ကိုရီးယား K-pop အနုပညာရှင်များ ပထမအဖွဲ့သည် ဧပြီ လ ၉ရက်ညနေပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိလာကြောင်း သိရသည်။
ကိုရီးယား K-pop အနုပညာရှင်များ ပထမအဖွဲ့တွင် (ရုပ်ရှင်/ ရုပ်သံဇာတ်လမ်းတွဲပေါင်း များစွာ ရိုက်ကူးထားသည့် သရုပ်ဆောင် ဘတ်အွန်းဟီး၊ K-pop အဆိုတော်များ ဖြစ်ကြသည့် Rejen၊ Henny နှင့် 7 Kids Doll Group၊ Astel Dance Group နှင့် DJ-Saemi တို့ အပါအဝင် အနုပညာရှင် ၂၄ ဦးပါဝင်ကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ သမ္မတဟိုတယ်တွင် တည်းခိုကြကာ ဧပြီ ၁၀ ရက်တွင် နေပြည်တော်သို့ သွားရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
ထပ်မံ၍ ကိုရီးယား K-pop အနု ပညာရှင်ငါးဦးပါအဖွဲ့သည် ဧပြီ ၁၁ ရက်တွင်လည်းကောင်း၊ ၁၉ ဦးပါအဖွဲ့သည် ဧပြီ ၁၄ ရက်တွင် လည်းကောင်း အသီးသီးထပ်မံရောက်ရှိကြမည်ဖြစ်ကြောင်းနှင့် ဧပြီ ၁၂ ရက်ညတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တင်ဆက်မည့် Friday Night Live Show တွင်လည်း ကိုရီးယားနာမည်ကျော် တေးသံရှင်များ ပါဝင်ဖျော်ဖြေကြမည်ဖြစ်ကြောင်း သိရသည်။
#Local_News #K-pop အနုပညာရှင် #ရန်ကုန်သို့ရောက်ရှိ #YMG/LW #Yangon_Times
Page 536 of 2042