#Local_News
Published 1 August 2024
▪️ ရက်ပိုင်းအတွင်း စက်သုံးဆီများ ပြန်လည်ချောမွေ့စွာ ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်းမှ ဩဂုတ် (၁)ရက်၌ ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
▪️ မိုးကြီးသည့်ကာလဖြစ်သဖြင့် ဆီတင်ကား ဘေးအန္တရာယ် ကင်းရှင်းရန်အတွက် သတိထားမောင်းနှင်ကြသဖြင့် ပုံမှန်အချိန်ထက် ပိုကြန့်ကြာခဲ့ပေမည့် ယခုရက်ပိုင်းအတွင်း စက်သုံးဆီများ ပြန်လည်ချောမွေ့စွာ ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်သည်ဟုဆိုသည်။
▪️ ထုတ်ပြန်ချက်တွင်
(၁) စက်သုံးဆီများကို အများပြည်သူ အဆင်ပြေအောင်အချိန်နှင့် တစ်ပြေးညီ ဖြန့်ဖြူးပေးနေသည့်အပြင် စက်သုံးဆီများလည်း စဉ်ဆက်မပြတ် ဆီသင်္ဘောများ ရောက်ရှိနေကြပါသည်။
▪️ (၂) သို့သော် အခု လောလောဆယ်အချိန်ကာလတွင် ကောလဟာလသတင်းများနှင့် မီဒီယာ တစ်ချို့၏ သတင်းမှားများဖြင့် ဝါဒဖြန့်ချိမှုကြောင့် ရန်ကုန်မြို့အပါအဝင် မြို့ကြီးအချို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် သာမာန်မဟုတ်ဘဲ ၀ယ်လိုအား အထူးမြင့်တက်ခဲ့ပါသည်။
▪️ ထို့အပြင် မိုးကြီးသည့်ကာလဖြစ်သဖြင့် ဆီတင်ကား ဘေးအန္တရာယ် ကင်းရှင်းရန်အတွက် သတိထားမောင်းနှင်ကြသဖြင့် ပုံမှန်အချိန်ထက် ပိုကြန့်ကြာခဲ့ပါသည်။
▪️ (၃) ထိုအတွက်ကြောင့် စက်သုံးဆီအရောင်းဆိုင်များတွင် ယာယီ စက်သုံးဆီပြတ်လပ်မှုများကြုံတွေ့ခဲ့ရပါသည်။
(၄) ထိုသို့ယာယီ စက်သုံးဆီပြတ်လပ်ခြင်းကြောင့် လူထုစိုးရိမ်မှုက အနည်းငယ် ပိုမိုမြင့်တက်လာခြင်းတို့ကြောင့် ယနေ့ ဖြစ်ပျက်နေသည့် အခြေအနေဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။
▪️ (၅) ထို့အပြင် မတည်ငြိမ်သည့်ဒေသများမှ ပြောင်းရွှေ့လာသူအများစုသည် မြို့ကြီးများသို့ရောက်ရှိလာသည့်အတွက် စက်သုံးဆီလိုအပ်ချက်ကလည်း မြို့ကြီးများတွင် ပိုမိုခဲ့ပါသည်။
▪️ (၆) သီလဝါရှိ စက်သုံးဆီ သိုလှောင်ကန်များတွင်လည်း စက်သုံးဆီလုံလောက်စွာရှိသည့်အပြင် နိုင်ငံခြားမှ စက်သုံးဆီတင်သွင်းလာသည့် သင်္ဘောများလည်း စဥ်ဆက်မပြတ်ဝင်ရောက်လျှက်ရှိပါသည်။
▪️ (၇) ထိုကြောင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း အနေဖြင့် စက်သုံးဆီပိုမို လျင်မြန်စွာ ဖြန့်ဖြူးပေးနိုင်ရန် လိုအပ်ချက်များကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်နေကြသဖြင့် ရက်ပိုင်းအတွင်း စက်သုံးဆီများ ပြန်လည်ချောမွေ့စွာ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း သတင်းပေးကြေငြာအပ်ကြောင်း ဖော်ပြထားသည်။
#YMG/tthl #Yangon_Times
ဩဂုတ်လထဲမှာ လေဖိအားနည်းရပ်ဝန်း (၂)ကြိမ်နဲ့မုန်တိုင်းငယ်တစ်ကြိမ်ဖြစ်နိုင်ပြီး စစ်ကိုင်း၊ကချင်မှာ မိုးပိုများနိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 1 August 2024
#မုန်တိုင်းငယ်တစ်ကြိမ်ဖြစ်နိုင် #လေဖိအားနည်းရပ်ဝန်း(၂)ကြိမ်
#YMG/tthl #Yangon_Times
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ယွန်းပညာကောလိပ်(ပုဂံ)မှာ ယွန်းအတတ်ပညာဒီပလိုမာနှစ်နှစ်သင်တန်းအတွက် ဝင်ခွင့်လျှောက်လွှာတွေ စတင်လက်ခံနေပြီလို့ သိရပါတယ်။
#Local_News
Published 1 August 2024
#ယွန်းပညာကောလိပ် #အသေးစားစက်မှုလက်မှုလုပ်ငန်း
#YMG/NN #Yangon_Times
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မဟာဝိဇ္ဇာဘွဲ့သင်တန်း ငါးခုကို အခုနှစ်အတွင်းဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 1 August 2024
#အမျိုးသားယဉ်ကျေးမှု #အနုပညာတက္ကသိုလ်(ရန်ကုန်)
#YMG/NN #Yangon_Times
ရန်ကုန်အိမ်ခြေမြံဈေးကွက်ထဲရင်းနှီးမြုပ်နှံချင်ကြပေမယ့်လည်း ပိုင်ဆိုင်မှုဆိုင်ရာ လွှဲပြောင်းရေးအခက်အခဲအချို့ကြောင့် ရင်းနှီးမြုပ်နှံသူ ထင်သလောက်မရှိသေးဘူးလို့ အိမ်ခြံမြေ အကျိုးတော်ဆောင်တွေထံမှ သိရပါတယ်။
#Local_News
Published 1 August 2024
#ရန်ကုန်အိမ်ခြံမြေဈေးကွက် #အငှားသာပိုများနေ
#YMG/tthl #Yangon_Times
ဩဂုတ်လအတွက် ရည်ညွှန်းဆန်ဈေးနှုန်းတွေမှာ ဆန်ကြမ်းဈေးတွေ ဈေးနှုန်းလျော့ချသတ်မှတ်လာတယ်လို့ စားသုံးသူရေးရာဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 1 August 2024
#ရည်ညွှန်းဆန်ဈေးနှုန်း #ဆန်ကြမ်းဈေးလျော့ချသတ်မှတ်
#YMG/NN #Yangon_Times
#Local_News
Published 1 August 2024
▪️ ၂ဝ၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မိုးစပါးသီးနှံဧက ၉ ဒသမ ၆ သိန်း ကိုနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ၁၉၂ ဒသမ ၇၁၀ ဘီလီယံနီးပါးကို အသုံးပြု၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
▪️ ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင်စုစုပေါင်းငွေကျပ် ၁၇၄ ဒသမ ၁၈ ဘီလီယံသုံးစွဲနိုင်ပြီး ပဲတီစိမ်းနှင့် နွေစပါးစီမံကိန်းအား ဆောင်ရွက်ခဲ့ရာ ချေးငွေများအားလုံးလည်း ပြန်လည်ရရှိပြီး ဖြစ် ကြောင်း၊အဆိုပါချေးငွေ ပြန်လည်ကောက်ခံရရှိငွေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နေပြည်တော်ကောင်စီ နယ်မြေ၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်များ၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင် မိုးစပါး စီမံကိန်းကို ငွေကျပ် ၁၃၄ ဒသမ ၂၁၃ ဘီလီယံ အသုံးပြုဆောင်ရွက်ခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နွေစပါးစီမံကိန်းကို ငွေကျပ် ၁၄၇ ဒသမ ၈၉၇ ဘီလီယံ အသုံးပြု၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် လက်ရှိ ဘဏ္ဍာနှစ်အတွင်း၌ မိုးစပါးသီးနှံကို နေပြည်တော်ကောင်စီနယ်မြေ၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန် တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး စသည့် ဒေသများတွင် ဆောင်ရွက်သွားမည် ဖြစ်ပြီး မိုးမြေပဲ သီးနှံစိုက်ပျိုးခြင်းကို နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး စသည့် နေရာဒေသများတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စုစုပေါင်းစိုက်ပျိုးဧက ၁ ဒသမ ၀၈ သိန်းကို စိုက်ပျိုးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 542 of 2206