ပြည်တွင်းမှာ နိုင်ငံတကာဈေးကွက်ဝင်ကော်ဖီတွေထုတ်လုပ်နိုင်ဖို့ သင်တန်းတွေပို့ချသွားမယ်လို့ မြန်မာနိုင်ငံကော်ဖီအသင်းက သိရပါတယ်။
#Local_News
Published 24 December 2024
#ဈေးကွက်ဝင်ကော်ဖီ #မြန်မာနိုင်ငံကော်ဖီအသင်း
#YMG/SW #Yangon_Times
YBS ယာဉ်တွေမှာမီးသတ်ဆေးဗူးပါမပါ စစ်ဆေးသွားဖို့ရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)က သိရပါတယ်။
#Local_News
Published 24 December 2024
#(YRTC) #မီးသတ်ဆေးဗူးပါမပါ
#YMG/NN #Yangon_Times
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဒီရေတောကာကွယ်ရေးအတွက် ဒီရေတောပင်တစ်သိန်းခွဲကို ဧရာဝတီတိုင်းဒေသကြီးအတွင်းစိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 24 December 2024
#ဒီရေတောပင် #ဒီရေတောကာကွယ်ရေး
#YMG/SW #Yangon_Times
#Local_News
Published 24 December 2024
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ SECRETARIAT YANGON (ဝန်ကြီးများရုံး)တွင် Yangon Downtown Lifestyle Shopping Festival နှစ်သစ်ကူးဈေးပွဲတော်ကို တစ်ပတ်ကြာကျင်းပသွားမည်ဖြစ်ကြောင်း Dora Entertainment မှ သိရသည်။
▪️ အဆိုပါ ဈေးပွဲတော်ကို ဒီဇင်ဘာလ ၂၅ ရက်မှ ၃၁ ရက်အထိ SECRETARIAT YANGON (ဝန်ကြီးများရုံး) Heritage Market ခန်းမကြီးတွင် ပြုလုပ်သွားမည် ဖြစ်သည်။
▪️ ယင်းဈေးပွဲတော်၌ ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ဖြင့် စားသောက်ကုန်၊ လူသုံးကုန်၊ အထွေထွေကုန်စည်မျိုးစုံ များ ကို ပြသရောင်းချသွားမည်ဖြစ်ပြီး ပွဲတော်လာသူများအတွက် မြက်ခင်းပြင်စားသောက်တန်းကိုလည်း ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ကလေးငယ်များအတွက် Playground တွင် တိုက်ကား၊ ပျော့အိအိကစားကွင်း၊ ရိုလာကိုစတာ၊ ပင်လယ်ဓားပြ စတဲ့ကစားနည်းများ၊
နှစ်သစ်ကူးဈေးပွဲတော်တွင် ပွဲတော်လာပရိသတ်များအတွက် ဖျော်ဖြေရေးအစီအစဉ်များကိုလည်း ထည့်သွင်းသွားမယ့်အပြင် နာမည်ကျော်အနုပညာရှင်များ၏ တေးသီချင်းဖျော်ဖြေမှုများ၊ စီစဉ်ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 24 December 2024
▪️ ချင်းပြည်နယ်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်ငါးခု၌ အအေးပိုလာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ မနက် ၇ နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။
▪️ ယနေ့မြန်မာစံတော်ချိန် ၅နာရီခွဲအချိန် တိုင်းထွာချက်များအရ ထူးခြားသည့်အခြေအနေ မှာ တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသောအပူပိုင်းမုန်တိုင်း“ပါဘက်”(PABUK)သည် အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာရွေ့လျားခဲ့ပြီး ဆက်လက်တည်ရှိနေပြီး အဆိုပါ အပူပိုင်းမုန်တိုင်း“ပါဘက်”(PABUK)သည် အနောက်-အနောက်တောင်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနိုင်ပြီး၊ ဒီဇင်ဘာ ၂၅ရက်နေ့တွင် ဗီယက်နမ်နိုင်ငံအရှေ့ပိုင်းကမ်းခြေအနီးသို့ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
▪️ ထို့အပြင် ယနေ့ညနေအထိခန့်မှန်းချက်အရ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ချင်း ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အများအားဖြင့် သာယာပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ် အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။
▪️ နောက်(၂)ရက်အတွက်ခန့်မှန်းချက်အရ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ညအပူချိန်များ အနည်းငယ်လျော့နည်းနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 24 December 2024
▪️ ဟီရိဩတ္တပ္ပ ကင်းသော၊ မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံသော၊ လူငယ်များ၏တွေးခေါ် မြော်မြင်မှုနှင့် ခံစားနားလည်မှုကို လွဲမှားစေနိုင်သော ညစ်ညမ်းစာများ ဖော်ပြပါရှိကြောင်း တွေ့ရှိရသည့် စာအုပ်နှစ်အုပ်အတွက် ပုံနှိပ်သူနှင့်ထုတ်ဝေသူများကို တရားစွဲဆိုအရေးယူသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။
▪️ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်မရှိဘဲ ပုံနှိပ်ဖော်ပြခဲ့သည့် ပုံနှိပ်သူဒေါ်အေးမြတ်မွန်၏ Yangon Printing Service နှင့် ထုတ်ဝေသူ ဒေါ်ချိုဇင်သဲ (Maple စာအုပ် တိုက်-၀၃၂၉၅) တို့မှ ပုံနှိပ်၊ ထုတ်ဝေသော မြမိုရ်ရေးသားသည့် “မေတ္တာနှောင်သီ ချစ်ကြိုးချည်” နှင့် စာရေးသူ DIDI ZAW ရေးသားသည့် “Match Made in Clouds” စာအုပ်များတွင် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဂ) ပါ စည်းကမ်းချက်ကိုဖောက်ဖျက်၍ ဟီရိဩတ္တပ္ပ ကင်းသော၊ မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံသော၊ လူငယ်များ၏တွေးခေါ် မြော်မြင်မှုနှင့် ခံစားနားလည်မှုကို လွဲမှားစေနိုင်သော ညစ်ညမ်းစာများ ဖော်ပြပါရှိကြောင်း တွေ့ရှိရကြောင်း၊ ၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဂ)ပါ စည်းကမ်းချက်ကိုဖောက်ဖျက်၍ ပုံနှိပ်၊ ထုတ်ဝေဖြန့်ချိခဲ့သည့်အတွက် ထုတ်ဝေသူ ဒေါ်ချိုဇင်သဲ (Maple စာအုပ်တိုက်-၀၃၂၉၅) ၏ ထုတ်ဝေခြင်းလုပ်ငန်းအသိအမှတ်ပြု လက်မှတ်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ရုပ်သိမ်းခဲ့ပြီး ယင်းစာအုပ်များအား တရားမဝင် ထုတ်ဝေစာဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ကြောင်း၊ ထို့နောက်ပုံနှိပ်သူနှင့်ထုတ်ဝေသူတို့အား ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ တရားစွဲဆို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။
▪️ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသောထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိ လျှင်သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိ လျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်းပြုနိုင်ကြောင်း ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ပုဒ်မ ၆ တွင် ပြဋ္ဌာန်းထားရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 24 December 2024
▪️ ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)တွင် သံစိမ်းများထုတ်လုပ်မည့် စက်ရုံ ၃ရုံသာ လည်ပတ်ရန် ကျန်ရှိတော့ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။
▪️ သံမြေမှ သံစိမ်းများထုတ်လုပ်နိုင်ရေးအတွက် အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)၌ အလုပ်ရုံ (၂၂)ရုံ တည်ဆောက်ခဲ့ရာအဆိုပါအလုပ်ရုံ (၂၂)ရုံအနက် အလုပ်ရုံ (၁၉) ရုံသည် စက်မှုဝန်ကြီးဌာနမှ ကျွမ်းကျင်ပညာရှင်များ၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှ ကျွမ်းကျင်ပညာများနှင့် ပြည်တွင်းပညာရှင်များဖြင့် စက်ပစ္စည်းကိရိယာများအား စစ်ဆေးပြုပြင်ခြင်း၊ စက်စမ်းသပ်လည်ပတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ကျန်ရှိသည့် အလုပ်ရုံ (၃)ရုံကိုလည်း အမြန်ဆုံးပြီးပြတ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ပြင် အောက်ဆီဂျင်ထုတ်လုပ်ရေး အလုပ်ရုံတွင် ဆောင်ရွက်ရန်ကျန် လုပ်ငန်း (၈၀)ခုရှိသည့်အနက် စက်မှုဝန်ကြီးဌာနမှ လုပ်ငန်း (၄၅)ခု၊ ပြည်ပကျွမ်းကျင်ပညာရှင်များဖြင့် ပူးပေါင်း၍ လုပ်ငန်း(၃၅)ခု ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စက်မှုဝန်ကြီးဌာမှ ဆောင်ရွက်ရမည့် လုပ်ငန်း(၄၅)ခု နှင့်ပတ်သက်၍ အမြန်ဆုံးပြီးစီးအောင် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနမှ ဆောင်ရွက်ရမည့်လုပ်ငန်းများ ပြီးပြတ်ပါကပြည်ပကျွမ်းကျင်ပညာရှင်များ လာရောက်မည် ဖြစ်ကြောင်း၊ စွန့်ပစ်အပူသုံးဓာတ်အားပေး စက်ရုံအား စက်ရုံမလည်ပတ်ခင် အကျိုးရှိထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာအလုံ ပါဝါကုမ္ပဏီလီမိတက်နှင့် ပူးပေါင်း၍ စက်လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ စွန့်ပစ်အပူသုံးဓာတ်အားပေး စက်ရုံလည်ပတ်၍ စွန့်ပစ်အပူများထွက်ရှိလာပါက အဆိုပါအလုပ်ရုံ၌ ပြန်လည်သုံးစွဲပြီး လျှပ်စစ်ဓာတ်အားကို ပိုမိုထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
▪️ သံမဏိစက်ရုံ(ပင်းပက်)တွင် နိုင်ငံတော်အတွက် လိုအပ်သော သံမဏိများထုတ်လုပ်နိုင်ရေးအတွက် အဓိကလိုအပ်သည့် သံစိမ်းကုန်ကြမ်းများ ထုတ်လုပ်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 546 of 2358