#Daily_News
Published 20 December 2024
၁။ ပြည်ပသို့လုပ်သားများစေလွှတ်ရာတွင် ကျွမ်းကျင်လုပ်သားများကို ပိုမိုစေလွှတ်မည်
၂။ စက်သုံးဆီအားလုံး ဈေးတက်၊ လျှပ်စစ်မီးပျက်ချိန်ပိုလာ၍ ရောင်းအားပိုကောင်းလာ
၃။ ယခုနှစ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာအကူအညီလုံးဝမရရှိခဲ့သည့် လူဦးရေ ၁ ဒသမ ၄ သန်းရှိ
၄။ တရုတ်ဒုသမ္မတနှင့် အိန္ဒိယနိုင်ငံတော်လုံခြုံရေးအကြံပေးတို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စများတွေ့ဆုံဆွေးနွေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပြည်ပဝယ်လိုအားမရှိတာကြောင့် ဂျင်းဈေးနှုန်းတွေ ကျဆင်းနေပြီး ရှမ်းတောင်သူ တွေတွက်ခြေကိုက်မှုနည်းပါးနေတယ်လို့ အောင်ပန်းပွဲရုံတွေက သိရပါတယ်။
#Local_News
Published 20 December 2024
#ဂျင်းဈေးနှုန်းကျဆင်း #ပြည်ပဝယ်လိုအားမရှိ
#YMG/NN #Yangon_Times
၂၀၂၄ ခုနှစ်အတွင်း ရန်ပုံငွေရရှိခဲ့မှု အလွန်နည်းပါးခဲ့တာကြောင့် လူဦးရေ ၁ ဒသမ ၄ သန်းဟာ ဘာအကူအညီမှမရရှိခဲ့ဘူးလို့ UNOCHA Myanmar ဆိုပါတယ်။
#Local_News
Published 20 December 2024
#ရန်ပုံငွေရရှိခဲ့မှုနည်းပါး #လူသားချင်းစာနာမှုဆိုင်ရာ
#YMG/SW #Yangon_Times
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန် ဈေးကွက်အတွက် ဒီကနေ့ထုတ်ပြန်ချက်အရ စက်သုံးဆီ အမျိုးအစားအားလုံးဈေးနှုန်းမြင့်တက်လာပြီး လျှပ်စစ်မီးပျက်ချိန် ပိုလာတာကြောင့် ရောင်းအားပိုကောင်းလာတယ်လို့ စက်သုံးဆီရောင်းချသူတွေဆီက သိရပါတယ်။
#Local_News
Published 20 December 2024
#စက်သုံးဆီရောင်းချသူ #စက်သုံးဆီဈေးတက်
#YMG/NN #Yangon_Times
ပြည်ပသို့ လုပ်သားတွေစေလွှတ်ရာမှာ အခြေခံလုပ်သားတွေအစား ကျွမ်းကျင်လုပ်သားတွေကို ပိုမိုစေလွှတ်သွားဖို့ရှိ
#Local_News
Published 20 December 2024
#အခြေခံလုပ်သား #ကျွမ်းကျင်လုပ်သား
#YMG/SW #Yangon_Times
#Local_News
၂၀ ဒီဇင်ဘာ ၂၀၂၄
▪️ နိုင်ငံတကာ Esports ဖက်ဒရေးရှင်း (IESF)၏ ၂၀၂၄ခုနှစ်အတွက် Esports အကောင်းဆုံးနိုင်ငံဆုအတွက် အမှတ်ပေးရွေးချယ်ခဲ့ရာ မြန်မာ Esports သည်ချန်ပီယံဆုနှင့်ကပ်လွဲကာ ဒုတိယအကောင်းဆုံးနိုင်ငံ အဖြစ် ရွေးချယ်ခံခဲ့ရတယ်လို့ သိရပါတယ်။
▪️ အဆိုပါ အကောင်းဆုံး Esports နိုင်ငံ ဆုပေးပွဲကို တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ ဒီဇင်ဘာ ၅ ရက်နှင့် ၆ ရက်များမှာကျင်းပခဲ့တာဖြစ်ပါတယ်။
▪️ ပထမချန်ပီယံဆုကို အင်ဒိုနီးရှားနိုင်ငံကရရှိခဲ့တာဖြစ်ပြီး အမှတ်ပေါင်း ၁၉၄၉ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံက အမှတ်ပေါင်း၁၉၁၀ ရရှိခဲ့ပါတယ်။ တတိယရရှိတဲ့ ပိုလန်နိုင်ငံ Esports က ၁၈၃၃မှတ်သာရရှိခဲ့ပါတယ်။
▪️ စတုတ္ထအဖြစ် အမှတ်ပေါင်း ၁၈၂၂ဖြင့် ဟန်ဂေရီနှင့် ပဉ္စမနေရာအတွက် အမှတ်ပေါင်း ၁၈၂၁ဖြင့် ဆာဘီယားကရရှိခဲ့ကြပါတယ်။
▪️ တစ်နှစ်တာအတွင်းအကောင်းဆုံ Esports နိုင်ငံဆုကို တစ်နှစ်ပတ်လုံး Esports လှုပ်ရှားမှုတွေမှာ အကောင်းဆုံးလုပ်နိုင်ခဲ့တဲ့နိုင်ငံကို အမှတ်ပေးရွေးချယ်တာလို့သိရပါတယ်။
▪️ အဲသလိုရွေးချယ်ရာမှာ ပရော်ဖက်ရှင်နယ်ကျကျလုပ်ဆောင်မှု၊ ပြိုင်ပွဲအောင်မြင်မှု၊ ဈေးကွက်ကမကထ ပြုမှု နှင့် Esports ရဲ့ ဂေဟစနစ်တိုးတက်ကြီးထွားလာဖို့ ကြိုးပမ်းအားထုတ်မှုဆိုတဲ့ နယ်ပယ်လေးခုမှာ တစ်ခုစီအလိုက်အမှတ်ပေးရွေးချယ်ခဲ့တာဖြစ်ကြောင်း Esports ရဲ့ဝက်ဘ်ဆိုက်မှာ သတင်းထုတ်ပြန်ထား ပါတယ်။
▪️ လုပ်ငန်းလုပ်ဆောင်မှုဌာန၊ပြိုင်ပွဲဌာနနှင့်ဈေးကွက်ဌာနတွေက စုစုပေါင်းအမှတ်အားလုံးရဲ့ ၃၀ရာခိုင် နှုန်းစီနှင့် အားကစားကော်မတီဌာနက ၁၀ရာခိုင်နှုန်းအမှတ်ပေးရွေးချယ်ခဲ့တာဖြစ်ပါတယ်။
#Local_News
Published 20 December 2024
▪️ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာအခမ်းအနားကိုလာမည့် ၂၀၂၅ခုနှစ်မေလ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။
▪️ အဆိုပါ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ၂၀၂၄ စက်တင်ဘာလမှ စတင်၍ လုံးတော်ပြည့်ရွှေသက်န်းတော်ကပ်လှူခြင်းလုပ်ငန်းကို ဆောင်ရွက်လျှက်ရှိပြီး
၂၀၂၅ ခုနှစ် မေလခန့်တွင် ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာအခမ်းအနားဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ကြောင့် သဒ္ဒါကြည်လင်ပါရမီရှင်များမှ ကုသိုလ်ယူပါဝင်လှူဒါန်းနိုင်ပါရန်နှင့် ရွှေစင်၊ရွှေပြား ၁၀လက်မ ပတ်လည် ၁ကျပ်သားတစ်ချပ်လျှင်ကျပ်၂၅သိန်းဖြင့်လည်းကောင်း၊ ရွှေစင်ရွှေပြား ၁ပေ ပတ်လည် ၆ကျပ်သားကို ကျပ် သိန်း ၁၅၀ ဖြင့် လည်းကောင်းလှူဒါန်းနိုင်ကြောင်း သိရသည်။
▪️ ထို့အပြင် ၂၀၂၅ ခုနှစ် မတ်လအတွင်း လှူဒါန်းသော ရွှေစင်ရွှေပြားများအား ယခုဆောင်ရွက်နေသည့် လုံးတော်ပြည့်ရွှေသက်န်းတော်ကပ်လှူခြင်း အစီအစဉ်တွင် ထည့်သွင်းလှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 550 of 2358