Published 25 February 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်နှင့်လောင်းလုံးမြို့တွင် အမြင့်ဆုံးအပူချိန်စံချိန်သစ်တင်ခဲ့ကြောင်း
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန် သည့် ဖေဖော်ဝါရီလ၏ အမြင့်ဆုံးအပူချိန်စံချိန်သစ်များအဖြစ်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ထားဝယ်တွင် ယခင်က အမြင့်ဆုံးအပူချိန်စံချိန် ၃၈ ဒီဂရီစင်တီဂရိတ်ပဲရှိခဲ့ရာမှ ဖေဖော်ဝါရီလ၂၄ရက်တွင် အမြင့်ဆုံးအပူချိန်စံချိန်သစ်အဖြစ် ၃၈.၃ ဒီဂရီစင်တီဂရိတ်အထိရှိကာ စခန်းဖွင့်သည့်နှစ်မှစပြီး နှစ်ပေါင်း(၇၈)နှစ်အတွင်းအပူဆုံး အပူချိန်အဖြစ် စံချိန်တင်ခဲ့ခြင်းဖြစ်သည်။
လောင်းလုံးတွင် ယခင်က အမြင့်ဆုံးအပူချိန်စံချိန် ၃၇.၅ ဒီဂရီစင်တီဂရိတ်ပဲရှိခဲ့ရာမှ ဖေဖော်ဝါရီ လ၂၄ရက်တွင် အမြင့်ဆုံးအပူချိန်စံချိန်သစ်အဖြစ် ၃၇.၈ ဒီဂရီစင်တီဂရိတ်အထိရှိကာ စခန်းဖွင့်သည့်နှစ်မှစပြီး နှစ်ပေါင်း(၄၁)နှစ်အတွင်းအပူဆုံး အပူချိန်အဖြစ် စံချိန်တင်ခဲ့ခြင်းဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီးသည်မြန်မာနိုင်ငံတောင်ပိုင်းဒေသတွင်ပါဝင်ပြီးယခုနှစ်တွင် အယ်နီညိုသက်ရောက်နိုင်သည့် ဒေသတစ်ခုဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
Yamgon_Times/tthl
#Local_News
#Published_ 25 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
တပိုတွဲလပြည့်နေ့၌ မန်းရွှေစက်တော်ဘုရားဖူးများ တည်းခိုဆောင်အားလုံး ပြည့်လုနီးပါးဖြစ်နေ
'ပွဲတော်အစမှတော့ ဘုရားဖူးပါးတယ်၊ အခု ကျောင်းစာမေးပွဲ တော်တော်များများပြီးသွားတော့ ဘုရားဖူးများလာတယ်၊ တပိုတွဲလပြည့်နေ့လည်းဖြစ်လို့ ကျွန်တော့်ဆီမှာတော့ အခန်းတွေ ပြည့်သွားပြီ၊ မတ်လ၊ တပေါင်းလထဲမှာလည်း ခရီးသွားအများဆုံးပါ။ '
Yangon Times/NN
#Local_News
#Published_ 24 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 25 February 2024
SKY EXPO ဗီယက်နမ် နိုင်ငံတကာပြပွဲဗဟိုဌာန၏
(၁၅)ကြိမ်မြောက် ဗီယက်နမ် နိုင်ငံတကာပရိဘောဂနှင့် အိမ်အသုံးအဆောင်ပစ္စည်းများပြပွဲအခမ်း အနားကို ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၉ ရက်အထိဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါအခမ်းအနားကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့တက်ရောက်ကြမည်ဖြစ်သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ကုန်စည်ပြပွဲသို့ တက်ရောက်ပြီး ဗီယက်နမ်နိုင်ငံရှိ အုန်းသီးစိုက်ပျိုးထုတ်လုပ်တင်ပို့မှု အခြေအနေများကို လေ့လာကာ စိုက်ပျိုး ထုတ်လုပ်မှု နည်းပညာဆိုင်ရာကိစ္စများကို ဆွေးနွေးသွားမည်ဖြစ်သည်။
ယင်းပြပွဲသည် နိုင်ငံတကာမှ ပရိဘောဂပစ္စည်းများနှင့် အိမ်အလှဆင်ပစ္စည်းများ ထုတ်လုပ်သူ၊ ရောင်းချသူ၊ ဝယ်ယူသူအစရှိသည့် စီးပွားရေးလုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအကြား တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီး စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ အခွင့်အလမ်းကောင်းများ ရရှိကာ မြန်မာ့ပရိဘောဂထုတ်ကုန်ပစ္စည်းများကို နိုင်ငံတကာဈေးကွက်သို့ ပိုမိုချဲ့ထွင်တင်ပို့နိုင်ပြီး ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုတိုးမြှင့်နိုင်မည်ဖြစ်သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အုန်းသီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်လုပ်ငန်းရှင်များ လိုက်ပါသွားကြောင်း သိရသည်။
Yamgon_Times/tthl
#Local_News
#Published_ 25 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 25 February 2024
(၉၂)ကြိမ်မြောက် မော်လမြိုင်မြို့၏ နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲနှင့်ဆုချီးမြှင့်ပွဲများကို(၄)ရက်တိုင်တိုင် ကျင်းပခဲ့ကြောင်း မော်လမြိုင်မြို့ရှိလူမှုကူညီရေးအဖွဲ့များထံမှသိရသည်။
လှည့်လည်ပူဇော်ခံပွဲကို မော်လမြိုင်မြို့တွင်း၌
ပထမရက် ဖေဖော်ဝါရီလ၂၁ရက်တွင်ကျောက် တန်းရပ်ကွက်မှ မုပွန်၊သီရိမြိုင်၊မောင်ငံ၊အောက် လမ်းမကြီးတစ်လျှောက် ဘိုကုန်းရပ်ကွက် သံလွင်ဟိုတယ်ထိ လည်းကောင်း၊
ဒုတိယရက်ဖေဖော်ဝါရီလ၂၂ရက်တွင် ငန်းတေးရပ်ကွက်မှ မြိုင်သာယာရပ်ကွက် လမ်းအတိုင်းတက္ကသိုလ်လမ်းမကြီးအတိုင်း စျေးကြိုအဝိုင်းအထိ လည်းကောင်း၊
တတိယရက်ဖေဖော်ဝါရီလ၂၃ရက်တွင် ဇေယျာသီရီရပ်ကွက် လမ်းမကြီးမှ ဒေါ်လန်းရပ်အနီးအထိ လည်းကောင်း၊
စတုတ္ထရက်ဖေဖော်ဝါရီလ၂၄ရက်တွင် သာသနာ့ဗိမာန်တော်ကြီးမှ ကျိုက်သုတ်ဘုရားအထိ လည်း ကောင်းလှည့်လည် အပူဇော်ခံခဲ့သည်။
ဖေဖော်ဝါရီလ(၂၄)ရက်တွင် မော်လမြိုင်မြို့နယ်လုံးဆိုင်ရာနှစ်ကျိပ်ရှစ်ဆူဘုရားရှင်များဒေသစာရီကြွချီလာစဉ်နောက်ဆုံးနေ့၌ဥပ္ပဿကာများအားဆုချီးမြှင့်ခြင်းအခမ်းအနားကိုကျင်းပခဲ့ပြီး
၁။ပထမဆု- ဘုရားအမှတ်(၄)ညောင်လေးပင်ရပ်
၂။ဒုတိယဆု- ဘုရားအမှတ်(၁)ပန်းပဲတန်အပေါ်
၃။တတိယဆု-ဘုရားအမှတ်(၂၆)မုပွန်ရပ်
၄။စတုတ္ထဆု-ဘုရားအမှတ်(၂၂)အောင်ချမ်းသာရပ်
၅။ပဉွမဆု-ဘုရားအမှတ်(၇ )သီရိမြိုင်ရပ်
၆။အထူးဆု-ဘုရားအမှတ်(၅)သင်္ဘောလဲရပ်
၇။အထူးဆု-ဘုရားအမှတ်(၈)ကုန်းတန်းရပ်
၈။အထူးဆု-ဘုရားအမှတ်(၁၃)အုန်းတောရပ်
၉။အထူးဆု-ဘုရားအမှတ်(၁၄)ပန်းပဲတန်းရပ်
၁၀။အထူးဆု-ဘုရားအမှတ်(၁၉)နတ်မှော်တန်းရပ်
တို့အားဆုချီးမြှင့်ခဲ့ကြောင်းသိရသည်။
မော်လမြိုင်မြို့၏ နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ပွဲကို ၁၉၁၆ ခုနှစ်တွင် ပန်းဘဲတန်းရပ်ကွက်မှ စတင်ကာ ကုသလဝါယမအသင်းက ဦးဇိနစေတီတော်ကို ဘုရားမီးပူဇော်ရန် ရည်ရွယ်ချက်ဖြင့် စတင်ခဲ့ကြောင်း သိရသည်။
Yamgon_Times/tthl
#Local_News
#Published_ 25 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
25 February 2024
လာမည့်မတ်လမှမေလ (၃)လတာကာလအတွင်းတွင်မြန်မာရုပ်ရှင်ကား(၁၂)ကား ရုံတင်ပြသသွားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရသည်။
မတ်လ(၁)ရက်မှ မေလ(၂၄)ရက်အထိပြသသွားမည့်ရုပ်ရှင်ဇာတ်ကားများနှင့် ရုံတင်ပြသမည့်ရက်များကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး Pageတွင်ဖော်ပြထားသည်။
ပြသသွားမည့်ရုပ်ရှင်ဇာတ်ကားများကတော့ ထင်ပေါ်ကျော်ကြားရုပ်ရှင်ဇာတ်ကားကို မတ်လ(၁ )
ရက်တွင်လည်းကောင်း၊ရွှေဖူးစာရုပ်ရှင်ဇာတ်ကားကို မတ်လ(၈ )ရက်တွင်လည်းကောင်း၊ ဟန်နီကယ်ရုပ်ရှင်ဇာတ်ကားနှင့် သံယောဇဉ်တွေသာကျည်ဆန်တွေဖြစ်ရင်ကို မတ်လ(၁၅ )ရက်တွင်လည်း ကောင်း၊ ကဝေရုပ်ရှင်ဇာတ်ကားကို မတ်လ(၂၂ ) ရက်တွင်လည်း ကောင်း၊ဂျင်းထည့်တဲ့ယောက်ဖရုပ်ရှင်ဇာတ်ကားကို မတ်လ(၂၉)ရက်တွင်လည်း ကောင်းပြသသွားမည်ဖြစ်သည်။
ဆက်လက်ပြီး ချစ်လို့စတာပါရုပ်ရှင်ဇာတ်ကားကို ဧပြီလ(၄ )ရက်တွင်လည်းကောင်း၊ပြိုင်ဘက် ရုပ်ရှင်ဇာတ်ကားကို ဧပြီလ(၁၇ )ရက်တွင်လည်းကောင်း၊တခုတ်တယရုပ်ရှင်ဇာတ်ကားကို ဧပြီလ(၂၆ )ရက်တွင်လည်းကောင်း၊ဖုန်းရွှေရုပ်ရှင်ဇာတ်ကားနှင့် လူကြီးလူကောင်းရုပ်ရှင်ဇာတ်ကားကို မေလ(၃ )ရက်တွင်လည်းကောင်း၊တောဂျပွေး ရုပ်ရှင်ဇာတ်ကားကို မေလ(၁၀)ရက်တွင်လည်း ကောင်း၊လာခေါ်သူရုပ်ရှင်ဇာတ်ကားကို မေလ(၁၇ )ရက်တွင်လည်းကောင်း၊မိတင်စိန်ရုပ်ရှင်ဇာတ်ကားကို မေလ(၄ )ရက်တွင်လည်းကောင်း ပြသသွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။
ရုပ်ရှင်ဇာတ်ကားများရုံတင်ပြသချိန်တွင်သတ်မှတ် ထားသည့်အတိုင်း ရုံပြည့်ရုံလျှံအားပေးမှုများရရှိပါက နောက်တစ်ပတ်ဆက်လက်ရုံတင်ပြသခွင့်ရရှိမည်ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရသည်။
Yamgon_Times/tthl
#Local_News
#Published_ 25 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
မတ်လဆန်းမှာ နွေရာသီရေကူးသင်တန်းတွေ နေပြည်တော်ဝဏ္ဏသိဒ္ဓိရေကူးကန်နဲ့ ရန်ကုန် မြို့ မြောက်ဒဂုံအမျိုးသားရေကူးကန်၊ ကုက္ကိုင်းရေကူးကန်တို့မှာဖွင့်မယ်
Yangon Times/tthl
#Local_News
#Published_ 24 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
၂၄ ဖေဖော်ဝါရီ ၂၀၂၄
သူရမချစ်ပိုသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော သူရဘွဲ့ရအမျိုးသမီးတစ်ဦးအဖြစ်ဂုဏ်ယူဖွယ် မော်ကွန်းတင် နိုင်ခဲ့ပြီး စစ်အင်ဂျင်နီယာတပ်ဖွဲ့၏ ဂုဏ်ကိုမြှင့်တင်နိုင်ခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စိန်ရတု စစ်အင်ဂျင်နီယာတပ်ဖွဲ့နေ့အခမ်းအနားတွင် ဂုဏ်ပြုပြောကြားခဲ့ပါတယ်။
၇၅)နှစ်မြောက် စိန်ရတုစစ်အင်ဂျင်နီယာတပ်ဖွဲ့နေ့အခမ်းအနားကို ဖေဖော်ဝါရီ (၂၄)ရက်က နေပြည်တော်၊ စစ်ကြောရေးနှင့်တည်ခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားရာမှာ ယင်းကို ထုတ်ဖော်ပြောကြားခဲ့ တာဖြစ်ပါတယ်။
၁၉၄၉ခုနှစ် ဖေဖော်ဝါရီ ၂၁ရက်နေ့တွင် KNDO သောင်းကျန်းသူများကမေမြို့ (ယခု ပြင်ဦးလွင်မြို့ )ကို တိုက်ခိုက် သိမ်းပိုက်ခဲ့ကြရာ အဆိုပါသောင်းကျန်းသူများကို လေ့ကျင့်ရေးအင်ဂျင်နီယာတပ်ရင်းမှ တပ်ကြပ်လှမောင်၏ ဇနီး မချစ်ပိုသည် ယင်းတပ်ရင်းမှ အရာရှိ စစ်သည်များနှင့်အတူ ရဲဝံ့စွာဖြင့် KNDO ကို ပြန်လည်တိုက်ခိုက်တိုက်ပွဲဝင်ခဲ့ သူဖြစ်ပါတယ်။ အဲဒါကြောင့် ဖေဖော်ဝါရီ (၂၄)ရက်နေ့တွင် မေမြို့ကို ပြန်လည်သိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။
“ အဆိုပါတိုက်ပွဲတွင် လေ့ကျင့်ရေးအင်ဂျင်နီယာတပ်ရင်းမှ တပ်ကြပ်လှမောင်၏ဇနီး မချစ်ပို၏ ရဲစွမ်းသတ္တိသည် သမိုင်းတွင် မော်ကွန်းရေးထိုးနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ မချစ်ပိုသည် စစ်သားဇနီးပီသစွာနှင့် အရေးကြုံ လာချိန်တွင် အာဇာနည်သူရဲကောင်း စိတ်ဓာတ်နှင့် မိမိအသက်ကို မငဲ့ကွက်ဘဲ တိုင်းပြည်အတွက် စွန့်လွှတ် စွန့်စားတိုက်ပွဲဝင်ခဲ့သူတစ်ဦးပင်ဖြစ်တယ်” လို့ ဗိုလ်ချုပ်မှူးကြီးက သူရမချစ်ပိုကို ဂုဏ်ပြုချီးကျူးပြောဆိုခဲ့ပါတယ်။
“မချစ်ပိုသည် သောင်းကျန်းသူများကိုတိုက်ခိုက်ရင်း ၁၉၄၉ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့တွင် သောင်းကျန်းသူများ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရပြီး သူရဲကောင်းပီသစွာဖြင့် တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရကြောင်း၊ ထိုသို့ မချစ်ပို၏ သူရဲကောင်းပီသမှုနှင့် ရဲစွမ်းသတ္တိပြည့်ဝမှုများကို ၁၉၅၀ ပြည့်နှစ်မှာ နိုင်ငံတော်က သူရဘွဲ့ပေးအပ်ပြီး အသိအမှတ်ပြုချီးမြှင့်ခဲ့ခြင်းကြောင်း” ဗိုလ်ချုပ်မှူးကြီးက အမှတ်တရပြောဆိုပါတယ်။
ထိုသို့ထူးချွန်ပြောင်မြောက်စွာဖြင့် ရဲစွမ်းသတ္တိပြသနိုင်ခဲ့သည့် စစ်အင်ဂျင်နီယာတပ်ဖွဲ့ကို ဂုဏ်ပြုသည့်အနေနဲ့ ပြင်ဦးလွင်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့် ၁၉၄၉ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်ကို စစ်အင်ဂျင်နီယာတပ်ဖွဲ့နေ့ အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။
မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုကာလကတည်းက တပ်မတော်၏ လက်ရုံးဝန်ထမ်း တပ်ဖွဲ့တစ်ခုအဖြစ်ပါဝင်ခဲ့ သည့် စစ်အင်ဂျင်နီယာတပ်ဖွဲ့သည် ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့်အင်ဂျင်နီယာဆိုင်ရာ နည်းပညာများကို ကြိုးစားလေ့လာပြီး စွမ်းရည်ထက်မြက်သည့်တပ်ဖွဲ့တစ်ခုဖြစ်အောင် ကြိုးစားတည်ဆောင်ကြဖို့ လည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်မှာကြားပါတယ်။
စစ်အင်ဂျင်နီယာတပ်ဖွဲ့၏သမိုင်းကြောင်းကို လေ့လာကြည့်ပါက ၁၉၃၇ ခုနှစ်တွင် အိန္ဒိယပြည် Madras Sapper Miners တပ်မှ ခွဲထွက်ပြီး Burma Sapper Miners တပ်အဖြစ် စတင်သန္ဓေတည်ပေါ်ပေါက်လာသည်ကို တွေ့ရှိရပြီး လွတ်လပ်ရေးကြိုးပမ်းမှုကာလ အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့သည့် မြန်မာ့တပ်မတော်တွင်လည်း စစ်အင်ဂျင်နီ ယာတပ်ဖွဲ့သည် လက်ရုံးဝန်ထမ်းတပ်ဖွဲ့တစ်ခုအဖြစ်ပါဝင်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။
စစ်အင်ဂျင်နီယာတပ်ဖွဲ့သည် စစ်ကျန်မြေမြှုပ်မိုင်းများ ရှင်းလင်းရေးလုပ်ငန်းများနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ မိုင်းရှင်းလင်းရေး (HumanitarianDemining)လုပ်ငန်းများကို ဆောင်ရွက်နေပြီး အထူး မိုင်းရှင်းလင်းရေးအဖွဲ့ (EOD Squad) များကို စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းများတွင် ဖွဲ့စည်းထားရှိကာ မြို့တွင်း မိုင်းရှင်းလင်းရေး လုပ်ငန်းများနှင့် စစ်ကျန်မကွဲဗုံးသီးများ ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ယင်းအပြင် စစ်အင်ဂျင်နီယာတပ်ဖွဲ့အနေဖြင့်သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့်ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများတွင် အင်ဂျင်နီယာပိုင်းဆိုင်ရာ နည်းပညာများ၊ အတတ်ပညာများ၊ စက်၊ယာဉ်၊ ယန္တရားများနှင့် အင်တိုက်အားတိုက်ပါဝင်ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်းလည်းသိရှိရပါတယ်။
အခမ်းအနားသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အတူ နစကဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ် ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အငြိမ်းစားစစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူတွေတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
@ymg/knl
Page 551 of 1980