#Daily_News
Published_ 21 June 2024
၁။ နေပြည်တော်တွင် ဈေးအသင့်တင့်ရှိသော အိမ်ခြံမြေများ အရောင်းဝယ်သွက်နေဟုဆို
၂။ 'မြန်မာ့ဂီတနေ့'ဂီတဖျော်ဖြေပွဲကြီးတွင် တီးဝိုင်း(၈)ဝိုင်းနှင့်အဆိုတော် (၃၅)ဦးဖျော်ဖြေမည်၊ အခမဲ့လက်မှတ်ရယူကြည့်ရူနိုင်
၃။ ရွှေတိဂုံစေတီတော်၌နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပပြီး ကမ္ဘာသူကမ္ဘာသား ဝေနေယျသတ္တဝါအပေါင်းတို့ ငြိမ်းချမ်းစေရန် ရင်ပြင်ပေါ်ရှိ ခေါင်းလောင်းများအား ပြိုင်တူတီးခတ်
၄။ လကမ္ဘာစူးစမ်းရေးဆိုင်ရာပထမဆုံးကုလကွန်ဖရင့် ဗီယင်နာတွင်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ဇွန်လအတွင်း YGEA ကသတ်မှတ်တဲ့ ရွှေဈေးနှုန်းတစ်သိန်းသုံးသောင်းကျော်ကျဆင်းခဲ့တယ်။ ဇွန်လ(၁၁)ရက်ကနေ(၂၁)ရက်အတွင်း ရွှေဈေးနှုန်း(၁၃၀၀၀)ကျော်ကျဆင်းခဲ့တယ်။ ရန်ကုန်၊ မန္တလေးနဲ့ ရမည်းသင်းမှာ YGEA ဈေးဖြင့်ရောင်းချတဲ့ရွှေဆိုင်တွေရှိနေပြီလို့ YGEA ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published_ 21 June 2024
#ရွှေဈေးနှုန်းကျဆင်း #YGEA
#tthl #Yangon_Times
နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့ )အခမ်းအနားကျင်းပပြီး ကမ္ဘာသူကမ္ဘာသား ဝေနေယျသတ္တဝါအပေါင်းတို ငြိမ်းချမ်းစေရန် ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်ရှိ ခေါင်းလောင်းများအား ပြိုင်တူတီးခတ်ခဲ့တယ်လိုဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က သိရပါတယ်။
#Local_News
Published_ 21 June 2024
#(မဟာသမယအခါတော်နေ့) #ခေါင်းလောင်းများပြိုင်တူတီးခတ်
#YMG/NN #Yangon_Times
နေပြည်တော် အိမ်ခြံမြေဈေးကွက်မှာ ဈေးကျပ်သောင်းနဲ့ချီရှိတဲ့ အိမ်ခြံမြေများ ဈေးကွက်အရောင်းဝယ်အေးနေပေမယ့် ဈေးနှုန်းအသင့်တင့်ရှိတဲ့ အိမ်ခြံမြေတွေကတော့ အရောင်းဝယ်သွက်နေတယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း (နေပြည်တော်)ထံက သိရပါတယ်။
#Local_News
Published_ 21 June 2024
#ဈေးအသင့်တင့်ရှိ #အိမ်ခြံမြေအရောင်းဝယ်သွက်
#YMG/LW #Yangon_Times
ရန်ကုန်ဈေးကွက်ထဲမှာ ဓာတ်ဆီဈေးနှင့် ဒီဇယ်ဈေးများ ဆက်တက်နေတယ်လို့ ဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published_ 21 June 2024
#ဓာတ်ဆီနှင့်ဒီဇယ်ဈေးဆက်တက် #ရန်ကုန်ဈေးကွက်
#YMG/NN #Yangon_Times
#Local_News
Published-21 June 2024
▪️ ဆဌသင်္ဂါယနာ သာသနာ့သမိုင်းဝင် ကမ္ဘာအေးစေတီတော်၌ နယုန်လပြည့်နေ့ (မဟာသမယအခါတော်နေ့) အခမ်းအနား ကို ဇွန် ၂၁ ရက်နေ့ယနေ့တွင်ကျင်းပခဲ့ကြောင်း သိရသည်။
▪️ ရှေးဦးစွာနမောသတဿ သုံးကြိမ်ရွတ်ဖတ်၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး နတ်ဗြဟ္မာများကိုပင့်ဖိတ်ကာ သမ္ဗာသမ္ဗုဒ္ဓ သုံးလောက ထွဋ်ထားမြတ်စွာဘုရားနှင့် လက်ယာတော်ယံ ၊ လက်ဝဲတော်ယံ ရဟန္တာကိုယ်တော်မြတ်ကြီးများအားပင့်လျောက်ခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် ပဌာန်းရောင်တော်ဖွင့်အဖွဲ့မှ ကမ္ဘာအေးစေတီတော်ဘုရားရှစ်ခိုးဖြင့်ပူဇော်ပြီး မဟာသမယအခါတော်နေ့ကျင်းပရခြင်းအကြောင်းကို ဂေါကပအလှည့်ကျသဘာပတိဦးဝင်းမြင့်က ပြောကြားခဲ့သည်။
▪️ "နယုလပြည့်နေ့မဟာသမအခါတော်နေ့ဆိုတာ မြတ်စွာဘုရားရှင်လက်ထက်တော်ကထဲက စစ်မက်ပြုကြမယ့်တိုင်းပြည်နှစ်ပြည်ကို ငြိမ်းအေးစေတဲ့အထိမ်းအမှတ်အနေနဲ့ ကျင်းပခြင်းဖြစ်ပါတယ်၊ ကျွန်တော်တို့ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်ဂေါပကအဖွဲ့အနေနဲ့ကတော့ မဟာသမယသုတ်ဖြစ်ပေါ်လာသကဲ့သို့ပဲ မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများ တစ်ဦးနဲ့တစ်ဦးမေတ္တာသက်ဝင်ချစ်ခင်ပြီးတော့ စစ်မက်ဘေးအန္တရာယ်ကင်းပါစေလို့ ဆုတောင်မေတ္တာပို့သပါတယ်"ဟု ၎င်းကဆိုသည်။
▪️ ထို့နောက် ဓမ္မယောဂီဝတ်အဖွဲ့မှ မဟာသမယသုတ် အမွန်းကိုရွတ်ဖတ်ပူဇော်ခဲ့ပြီး ဝိသာခါဝတ်အဖွဲ့မှ မဟာသမယလေးဂါထာကို ရွတ်ဖတ်ပူဇော်ကာ စင်္ကြဝဌာအရပ်လေးမျက်နှာမှ လာရောက်ကြသည့် နတ်ဗြဟ္မာများ၏ ချီးကျူးပုံများကို ဝတ်အသင်းအဖွဲ့များမှ ရွတ်ဖတ်ပူဇော်၍ ဝတ်အဖွဲ့အသီးသီးမှ မဟာသမယသုတ်ကို စုပေါင်းရွတ်ဖတ်ပြီးနောက် မေတ္တာပို့ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 549 of 2164