#Daily_News
Published 18 December 2024
၁။ မလေးရှားသို့ ဆိတ်အရှင်များ ပထမဆုံးအကြိမ်တင်ပို့
၂။ ရွှေဆိုင်အားလုံး စံချိန်မီ ရွှေ ၁ ကျပ်သား အလေးချိန်ပြောင်းလဲကျင့်သုံးရန် ဆောင်ရွက်နေ
၃။ အင်းလေးအမွေအနှစ်ဖောင်ဒေးရှင်း ယခုနှစ်ကုန်၌ ပိတ်သိမ်းတော့မည်ဟု ကြေညာ
၄။ သက်ကြီးသူတွေများလာသည့်ဂျပန်တွင် ယင်းတို့နှင့်ကိုက်ညီမည့်အလှအပရေးရာဝန်ဆောင်မှုလုပ်ငန်းများတိုးပွားလာနေ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်တွေမှာ အခြေခံစားကုန်ကြက်ဥတွေကို တစ်လုံး၃၆၅ကျပ်နဲ့ လှည့်လည်ရောင်းချပေးနေတယ်လို့ သိရပါတယ်။
#Local_News
Published 18 December 2024
#ကြက်ဥတစ်လုံး၃၆၅ကျပ် #လှည့်လည်ရောင်းချပေး
#YMG/SW #Yangon_Times
မြန်မာ့မျိုးရင်း ဗမာကြောင်တွေကို အများသိစေဖို့ ဆောင်ရွက်ပေးနေတဲ့ အင်းလေးအမွေအနှစ်ဖောင်ဒေးရှင်းကို အခုနှစ်ကုန်မှာ ပိတ်သိမ်းတော့မယ်လို့ ယင်းဖောင်ဒေးရှင်းက ထုတ်ပြန်ထားပါတယ်။
#Local_News
Published 18 December 2024
#အင်းလေးအမွေအနှစ် #ဖောင်ဒေးရှင်း
#YMG/NN #Yangon_Times
ရွှေဆိုင်အားလုံး စံချိန်မီ ရွှေ ၁ ကျပ်သား အလေးချိန်ပြောင်းလဲကျင့်သုံးရန် ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်က သိရပါတယ်။
#Local_News
Published 18 December 2024
#ရွှေလုပ်ငန်းရှင်များအသင်းချုပ် #ရွှေဆိုင်
#YMG/NN #Yangon_Times
မလေးရှားနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ဆိတ်အရှင် ၁၄၅၀ ကောင်ကို လေကြောင်းမှ တဆင့်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 18 December 2024
#မလေးရှား #ဆိတ်အရှင်များတင်ပို့
#YMG/SW #Yangon_Times
#Local_News
Published 18 December 2024
▪️ ဆေးပညာသူနာပြုပညာရပ်ဆိုင်ရာ အကျိုးတူပူးပေါင်းဆောင်ရွက်ရန်အတွက်ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုတက္ကသိုလ်-ရန်ကုန်နှင့် ကိုရီးယားသမ္မတနိုင်ငံ၊ Gyeongbuk College of Health(GCH) တို့အကြား နားလည်မှုစာချွန်လွှာ (Memorandum of Understanding) လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ (၅)နှစ်သက်တမ်းရှိ နားလည်မှုစာချွန်လွှာ (Memorandum of Understanding) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို (၁၇-၁၂-၂၀၂၄) ရက်က နေပြည်တော်ရှိ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနတွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ အခမ်းအနားသို့ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခဒေါက်တာတင်ထွန်းက တက်ရောက်အမှာစကားပြောကြားခဲ့ပြီး နှစ်ဖက်တက္ကသိုလ်များ ကိုယ်စားသူနာပြုတက္ကသိုလ်-ရန်ကုန်၊ ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာတင်တင်ကျော်နှင့် Gyeongbuk College of Health(GCH) ၏ President ဖြစ်သူ Mr. Lee Eun Gik တို့မှ လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ နားလည်မှုစာချွန်လွှာအရ တက္ကသိုလ်နှစ်ခုတို့သည် ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ အပြန်အလှန်စေလွှတ်ခြင်း၊ သင်ကြားရေး၊ သူနာပြုအတတ်ပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများဖလှယ်ခြင်း၊ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများ၊ ဘာသာရပ်ဆိုင်ရာပို့ချမှုများနှင့် သုတေသနကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 18 December 2024
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ တစ်သိန်းခွဲကျော်နှင့် ထိုင်းဘတ်ငွေရှစ်သိန်းကျော်ကို ယမန်နေ့က ထုတ်ရောင်းခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ထုတ်ရောင်းရာတွင်ဒီဇင်ဘာလ ၁၇ ရက်နေ့က ငွေလဲနှုန်း ၃၅၈၇ ကျပ်ဖြင့် အမေရိကန်ဒေါ်လာ ၁၅၁,၀၀၀ ကို ထုတ်ရောင်းခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ငွေလဲနှုန်း ၁၂၉.၅ ကျပ်ဖြင့် ထိုင်းဘတ် ၈၁၆,၀၈၁ ကိုလည်းထုတ်ရောင်းပေးခဲ့ ကြောင်း သိရသည်။
▪️ ၎င်းအပြင် AD လိုင်စင်ရဘဏ်များနှင့် လုပ်ငန်းရှင်များအကြား ဒေါ်လာသန်း ၂၀ ခန့်၊ တရုတ်ယွမ် ၇၁၂,၄၂၉ နှင့် ထိုင်းဘတ်သန်း ၅၀ အလွှဲအပြောင်းရှိခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 553 of 2358