#Daily_News
Published_ 28 March 2024
၁။ ပုဂံတွင် ပုန်းရည်အစရှိသည့်ဒေသထွက်ကုန်များ ရောင်းအားတက်ပြီး E-bike အငှားလုပ်ငန်းဖြစ်ထွန်းနေ
၂။ နွေရာသီကျောင်းပိတ်ရက်တွင် ဆယ်အိမ်တန်းကမ်းခြေသို့လာရောက်အပန်းဖြေသူပိုများလာ
၃။ ရန်ကုန်လမ်းလျှောက်သင်္ကြန်၌ ရေကစားမဏ္ဍပ်၊ ဖျော်ဖြေရေးမဏ္ဍပ်များနှင့်အတူ စားသောက်ဆိုင်ခန်း (၁၅၀)ပါမည်ဟုဆို
၄။ ယူဂိုဆလားဗီးယားအား နေတိုးတိုက်ခိုက်ခဲ့သည့်(၂၅)နှစ်မြောက် အထိမ်းအမှတ်အောက်မေ့ပွဲ ဆားဘီးယားနိုင်ငံတွင်ကျင်းပ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Local_News
Published 28 March 2024
ရန်ကုန်-မော်လမြိုင် အမြန်လမ်းတွင် ကားတစ်စီးအရှိန်လွန်ကာ ချောက်ထဲထိုးကျသဖြင့် နှစ်ဦးေ-သဆုံးကြောင်း လူမူကူညီရေးအသင်းများထံက သိရသည်။
ယနေ့မနက် ၁၁နာရီအချိန်က သထုံမြို့နယ်နောင်ဘိုကျေးရွာ ဘူတာလမ်းထိပ်အလွန် ရန်ကုန်-မော်လမြိုင်ကားလမ်း တံတားဘေးရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရသည်။
အဆိုပါကားတစ်စီး ချောက်ထဲ ထိုးကျတိမ်းမှောက်ခဲ့ခြင်းကြောင့် ယာဉ်ပေါ်ပါအမျိုးသား၂ဦး ေ-သဆုံးခဲ့ကြောင်း သိရသည်။
ေ-သဆုံးသွားသည့် အမျိုးသား(2)ဦး ကို ဖြစ်စဥ်နေရာ မှသိမ်ဆိပ်ရင်ခွဲရုံသို့ ပီတိနှလုံးသားအသင်းက သွားရောက်ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
#Local_News #ကားတစ်စီးအရှိန်လွန်ပြီးချောင်းထဲပြုတ်ကျ #နှစ်ဦးေ-သဆုံး #YMG/LW #Yangon_Times
ဇီဝဇိုးငှက်သိုက်ကို တရုတ်သို့ အဓိကထားတင်ပို့ရောင်းချပြီး လက်ရှိဈေးကွက်အခြေအနေမှာ ပစ္စည်းပြတ်သည်အထိ ဝယ်ယူမှုရှိနေပါတယ်။ အချို့တရုတ်ကုန်သည်တွေကလည်း ပြည်တွင်းရှိ တရုတ်ကုန်သည်တွေနဲ့ ချိတ်ဆက်ကာဇီဝဇိုးဌက်သိုက်မွေးမြူထုတ်လုပ်သူတွေထံလာရောက်ပြီး ကုန်ရရှိရန် ကြိုတင်မှာယူတာတွေရှိနေတယ်လို့ ဆိုပါတယ်။
#Local_News
Published 28 March 2024
#ဇီဝဇိုးငှက်သိုက်ဈေးကွက် #ဌက်သိုက်မွေးမြူထုတ်လုပ်သူ
#YMG/LW #Yangon_Times
လမ်းလျှောက်သင်္ကြန်မှာ လမ်းတစ်လျှောက်ရေမှုန် ရေမွှားလျှောက်လမ်း၊ ရေကစားမဏ္ဍပ်တွေ၊ ဂီတအနုပညာရှင်တွေရဲ့ ဖျော်ဖြေရေးမဏ္ဍပ်တို့နဲ့အတူ စားသောက်ဆိုင်ခန်းပေါင်း (၁၅၀)ပါ ထည့်သွင်းဆောင်ရွက်သွားဖို့ရှိတယ်။
#Local_News
Published 28 March 2024
#ရန်ကုန်လမ်းလျှောက်သင်္ကြန် #ဖျော်ဖြေရေးမဏ္ဍပ်
#tthl #Yangon_Times
ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်မှာတည်ရှိတဲ့ ဆယ်အိမ်တန်းကမ်းခြေကို ယခုနွေရာသီ ကျောင်းပိတ်ရက်မှာ လာရောက်လည်ပတ် အပန်းဖြေသူများလာပါတယ်။ ပြည်တွင်း ခရီးသွားအေဂျင်စီတွေရဲ့အစီအစဉ်တွေနဲ့ လာရောက်လည်ပတ်အပန်းဖြေကျသလို ကိုယ့်အစီအစဉ်ဖြင့် ကိုယ်လာရောက်လာလည်ပတ်သူတွေလည်းရှိတယ်လို့ ဆိုပါတယ်။
#Local_News
Published 28 March 2024
#ချောင်းသာကမ်းခြေ #ရေဆော့ကစားနိုင်
#YMG/LW #Yangon_Times
ပုဂံဒေသထွက် အဝတ်အထည်ပုဂံချည်သားထည်တွေ၊ ထန်းလျက်၊ ဇီးဖျော်ရည်၊ ပုန်းရည်၊ ပြည်တွင်းခရီးသွားတည်းခိုခန်းတွေ လည်ပတ်စရာ E-bike ဘက်ထရီဆိုင်ကယ်ငှားရမ်းတဲ့ လုပ်ငန်းတွေဖြစ်ထွန်းနေတယ်။
#Local_News
Published 28 March 2024
#ဒေသထွက်ကုန်များရောင်းအားတက် #E-bikeအငှားလုပ်ငန်းဖြစ်ထွန်း
#tthl #Yangon_Times
#Local_News
Published_ 28 March 2024
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander Vasilyevich Fomin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် သီးခြားစီ လာရောက်ဖူးမြော် ကြည်ညိုခဲ့ကြကြောင်း သိရှိရပါတယ်။
#YMG_News #Yangon_Times #Yangon_Media_Group
Page 556 of 2042