၅ ဒီဇင်ဘာ ၂၀၂၃
ရုရှားနိုင်ငံလုံခြုံရေးကောင်စီအတွင်းရေးမှူးနှင့်ကိုယ်စားလှယ်အဖွဲ့ မြန်မာ-ရုရှား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု များဆွေးနွေး
မြန်မာနိုင်ငံအတွင်း နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအား တရုတ်နိုင်ငံသို့ ပြန်လည်ထပ်မံလွှဲပြောင်းပေး
၅-၁၂-၂၀၂၃ ရက်နေ့ ပဲခူးတိုင်းဒေသကြီး မုန်းတိုက်နယ်ဖြစ်စဉ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အခြေအနေများ
မြန်မာနိုင်ငံ၏ သဘောထားရပ်တည်ချက်များ
နှင့်ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကပြောကြားခဲ့ပါတယ်။
ပြောကြားချက်အပြည့်အစုံကို ပြန်လည်ဖော်ပြပေးပါတယ်။
-ymg/knl
၅ ဒီဇင်ဘာ ၂၀၂၃
ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတက်ရောက်ရန် တရုတ်နိုင်ငံသို့ ယနေ့ ဒီဇင်ဘာ ၅ရက်တွင် ထွက်ခွာသွားတယ်လို့ သိရပါတယ်။
နစက နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေသည် တရုတ်နိုင်ငံဘေဂျင်းမြို့တော်တွင် ဒီဇင်ဘာ (၇)ရက်၌ ကျင်းပပြလုပ်မည့် (၈)ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့တက်ရောက်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီရဲ့ ဖိတ်ကြားချက်အရသွားရောက်တာဖြစ်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့မှာ တရုတ်နိုင်ငံနှင့်အတူ မဲခေါင်မြစ်ဖြတ်သန်းစီးဆင်ရာ နိုင်ငံတွေဖြစ်တဲ့ မြန်မာ၊လာအို၊ထိုင်း၊ကမ္ဘောဒီးယားနှင့်ဗီယက်နမ်တို့ဖြင့် ဖွဲ့စည်းထားတာဖြစ်ပါတယ်။
ယခုအစည်းအဝေးတွင် လာမည့် ငါးနှစ်တာ အစီအစဉ်များညှိနှိုင်းဆွေးနွေးဆုံးဖြတ်ကြမှာဖြစ်ပြီး မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေး ပူးတွဲသဘာပတိအဖြစ် လက်ရှိမြန်မာနိုင်ငံက တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်ပူးတွဲဆောင်ရွက်ခဲ့ရာမှ အလှည့်ကျစနစ်ဖြင့် ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးမှာဖြစ်ပါတယ်။
-ymg/knl
#Daily_News
Published 05 December 2023
၁။ မြန်မာ့အိုးစည်ဒိုးပတ်ကို နိုင်ငံ(၄)နိုင်ငံမှ မှာယူမှုများခဲ့၊ တပို့တွဲ၊ တပေါင်း၊ တန်ခူးတွင်ထပ်မှာကြဦးမည်
၂။ တောင်ကိုရီးယားကို ရာသီချိန် လုပ်သားစေလွှတ်လိုသည့် အေဂျင်စီများ လာရောက်လျှောက်ထားနိုင်ဟုဆို
၃။ တရုတ်တင်ပို့သည့်လမ်းကြောင်း အခက်အခဲများကြောင့် ဖရဲ၊ သခွှားမွှေးစိုက်ပျိုးမှုလျော့ကျ
၄။ ဂေဟပတ်ဝန်းကျင်ထိန်းသိမ်းရေးအားထုတ်မှုများကြောင့် တရုတ်နိုင်ငံရှန်ရှီမြစ်တလျှောက်တွင်ဆောင်းခိုငှက်အများအပြားရောက်ရှိလာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၅ ဒီဇင်ဘာ ၂၀၂၃
မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးနှင့် စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့အပါအဝင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ယနေ့ ဒီဇင်ဘာ(၅)ရက်က ညှိနှိုင်းဆွေးနွေးခဲ့ကြတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
နစက ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီတို့အကြား တရား ဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဝန်ကြီးအဆင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC II) ၌ ကျင်းပ ရာတွင် နှစ်နိုင်ငံ အဆင့်မြင့် ပုဂ္ဂိုလ်များက ဆွေးနွေးခဲ့ကြတာလို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာနီကိုလိုင်းပတ်ထရူးရှက်ဖ် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံ နေပြည်တော်သို့ ဒီဇင်ဘာ ၄ ရက် ညက ၁၀နာရီတွင် အထူးလေယာဉ်ဖြင့် မော်စကိုမှရောက်ရှိလာခဲ့ပြီးနောက် အဆိုပါဆွေးနွေးပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။
ဆွေးနွေးပွဲတွင် နိုင်ငံတကာမျက်နှာစာ၌ နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေး အခြေအနေ၊ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတကာ သတင်း အချက်အလက်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံကဏ္ဍစုံပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ဆွေးနွေးပွဲသို့ မြန်မာဘက်မှ နစက ကောင်စီအဖွဲ့ဝင်၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်လူမွန်၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၁) ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးနှင့် အဆင့်မြင့်အရာရှိကြီးများနှင့် ရုရှားဖက်ဒရေးရှင်းဘက်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး မစ္စတာ နီကိုလိုင်းပတ်ထရူးရှက်ဖ်ဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါ ဆွေးနွေးပွဲနှင့်တစ်ဆက်တည်း “ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု” ဆိုင်ရာဆွေးနွေးပွဲ”ကို ကျင်းပခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စက်မှုလက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Albert KARIMOV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
ထို့နောက် “စားနပ်ရိက္ခာလုံခြုံရေး” ဆိုင်ရာ ဆက်စပ်ဆွေးနွေးပွဲကိုကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Sergei LEVIN ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ဆွေးနွေးကြပါတယ်။
ဆက်လက်၍ “စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေး” ဆိုင်ရာဆက်စပ်ဆွေးနွေးပွဲကိုကျင်းပရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသန့်စင်တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း(Rosatom)၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူး Mr. Andrei BELYAKOV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
ထို့နောက် “ဘဏ္ဍာရေးဆိုင်ရာလုံခြုံရေး” ဆက်စပ်ဆွေးနွေးပွဲကိုကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ Mr. Aleksei GUZNOV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါဆက်စပ်ဆွေးနွေးပွဲများတွင် ကဏ္ဍအလိုက် နှစ်နိုင်ငံရှေ့ဆက်ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဆွေးနွေးပွဲအပြီးတွင် မြန်မာ-ရုရှားနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို နစကကောင်စီအဖွဲ့ဝင်၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူးမစ္စတာ နီကိုလိုင်းပတ်ထရူးရှက်ဖ်တို့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရတို့အကြား အပြည်ပြည်ဆိုင်ရာသတင်းအချက်အလက် လုံခြုံရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်ကို နစက ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေး ကောင်စီအတွင်းရေးမှူး မစ္စတာနီကိုလိုင်းပတ်ထရူးရှက်ဖ်တို့က လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။
-ymg/knl
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO အခြေပြုဒေသကို ကယားပြည်နယ်မှ စစ်ဘေးရှောင်ပြီး လာရောက်နေထိုင်တဲ့ ပြည်သူတစ်သောင်းကျော်ရှိပြီဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ထံက သိရပါတယ်။
#Local_News
Published 05 December 2023
#YMG/LW #Yangon_Times
#Local_Sport
Published 05 December 2023
ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အင်္ဂလန်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်က ၂၀၂၃ ခုနှစ်အတွက် တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့ပါတယ်။
လူငယ်အကောင်းဆုံး ကစားသမားဆု ချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ(၄)ရက်နေ့ကကျင်းပခဲ့တာဖြစ်ပြီး ဘယ်လင်ဟမ်က လူငယ်အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။
အသက်(၂၀)အရွယ်သာရှိသေးပေမယ့် ဘယ်လင်ဟမ်ဟာ (၂၀၂၃) ခုနှစ်အတွင်း ခြေစွမ်းပြ နိုင်ခဲ့သလို ရီးရဲလ်မက် ဒရစ်အသင်းမှာလည်း အဓိကကစားသမားတစ်ယောက်အဖြစ် အခုဘောလုံးရာသီမှာ ခြေစွမ်းပြ ကစားနေပါတယ်။
ဘယ်လင်ဟမ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ဒေါ့မွန်အသင်းကနေ ပေါင်(၁၁၅) သန်းနဲ့ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ရောက်လာခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းအတွက် လာလီဂါ (၁၃)ပွဲ ကစားပြီးချိန်မှာ (၁၁)ဂိုးသွင်းယူကာ (၂)ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။
ဘယ်လင်ဟမ် ဦးဆောင်တဲ့ ရီးရဲလ် မက်ဒရစ် အသင်းဟာ အခုဘောလုံးရာသီ လာလီဂါ(၁၅)ပွဲကစားပြီးချိန်မှာ (၁၂)ပွဲနိုင်၊ (၂)ပွဲ သရေ၊ (၁)ပွဲရှုးရလဒ်နဲ့ အမှတ်ပေးဇယားရဲ့အဆင့်(၁)နေရာမှာ ရပ်တည်နေပါတယ်။
#Local_Sport #ဘယ်လင်ဟမ် #Yangon_Times #YMG_News #Yangon_Media_Group
"မီးလောင်ကျွမ်းမှု (၁၂၇၁)ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၇၅ ဦးသေဆုံးကာ ကျပ်သန်းပေါင်း ၂သောင်း ကိုးထောင်ကျော်ဆုံးရှုးခဲ့တယ်။ နှစ်စဉ် ပူပြင်းခြောက်သွေ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာ မီးလောင်ကျွမ်းမှုတွေ ပိုမိုဖြစ်ပွားနိုင်တဲ့အတွက် မီးသတိပြုဖို့လိုအပ်တယ်" မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အဖွဲ့ချုပ်မှညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး
#Local_News
Published 05 December 2023
#မီးသတိပြုရန်လို #မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
#tthl #Yangon_Times
Page 552 of 1834