ရှမ်းတောင်ရှိ အရှူံးပေါ်နေသည့် မုန်ညှင်းနှင့် အခြားဟင်းသီးဟင်းရွက်များအား နောက်ဆုံးဈေးကွက်ဖြင့် ချိတ်ဆက်ပေးနေ
'ဒီနှစ်က အောင်ပန်းဈေးကွက်က ဈေးမရတာကြောင့် တစ်ချို့အခင်းတွေဒီတိုင်းပဲပစ်လိုက်ရတာ တွေ့ရတယ်၊တစ်ချို့ကားလေးတွေနဲ့ တစ်အိတ်လောက်ဖြစ်ဖြစ် လိုက်ရောင်းတာရှိတယ်၊ ထွက်တဲ့ကုန်ချိန်နဲ့ဆိုရင် ဈေးကွက်ကြီးတစ်ခုကိုသွားမှဖြစ်မယ်ဆိုပြီး နောက်ဆုံး ဈေးကွက်နဲ့ချိတ်ဆက်ပေးတာပါ'
Yangon Times/NN
#Local_News
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
ကောင်စစ်ဆိုင်ရာ လျှောက်ထားသူများအနေနဲ့ လျှောက်ထားမှုအလိုက် သံရုံးငွေ စာရင်းသို့ ငွေပေးသွင်းရာမှာ မိမိပေးသွင်းရတဲ့ ငွေပမာဏ အတိ အကျကိုသာ ပေးသွင်းကြဖို့ လိုအပ်တယ်။
Yangon Times/tthl
#Local_News
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
ပြန်ဝယ်ပေးမည့်လက်နက်များတွင် မြေပြင်မှဝေဟင်ပစ်ဒုံးကျည်များအထိပါဝင်
၂၂ ဖေဖော်ဝါရီ ၂၀၂၄
မြန်မာနိုင်ငံအထဲက လက်နက်ကိုင်သောင်းကျန်းသူ အုပ်စုတစ်စုအတွက် နျူကလီးယားပစ္စည်းများနှင့်မူးယစ်ဆေး ဝါးများ ပြည်ပသို့ရောင်းချပေးပြီး ယင်းတို့အတွက် လက်နက်များပြန်ဝယ်ပေးတဲ့ဂျပန်လူမျိုး ယာကူဇာ ရာဇဝတ် ဂိုဏ်းခေါင်းဆောင်တစ်ဦးကို အမေရိကန်အာဏာပိုင်များက ဖမ်းဆီးတရားစွဲဆိုလိုက်တယ်လို့ နယူးယောက်မှ သတင်းကို ကိုးကားပြီး နိုင်ငံတကာမီဒီယာတွေက ယနေ့ ဖေဖော်ဝါရီ ၂၂ရက်မှာ ဖော်ပြရေးသားကြပါတယ်။
ဒါပေမယ့် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းဆိုတာကိုတော့သတင်းတွေမှာဖော်ပြမထားပါဘူး။
အသက်၆၀အရွယ်ရှိပြီဖြစ်တဲ့ အီဘီဆာဝါနှင့် ၆၁နှစ်အရွယ် ဆင်ဟာဆီရီတို့ဟာ မြန်မာနိုင်ငံမှ လက်နက်ကိုင် သောင်းကျန်သူတစ်ဖွဲ့ကိုယ်စား မြန်မာနိုင်ငံမှယူရေနီယမ်နှင့် လက်နက်အဆင့်ရှိ ပလူတိုနီယမ် ပစ္စည်းတွေနှင့် မူးယစ်ဆေးဝါးတွေရယူရောင်းချကာ လက်နက်တွေပြန်ဝယ်ပေးတဲ့ လျှို့ဝှက်ကြံစည်မှုကို ကျူးလွန် ခဲ့ကြတယ်လို့ လက်ထောက်ရှေ့နေချုပ် မက်သျူးအိုဆန်က ပြောတယ်လို့ ရိုက်တာသတင်းရေးသားပါတယ်။
နျူကလီးယားပစ္စည်းတွေကို အီရန်နျူကလီယားလက်နက်ထုတ်လုပ်ရေးမှာ အသုံးပြုဖို့ဖြစ်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်ထားတယ်လို့လည်း အမေရိကန်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌနာရဲ့အကြီးအကဲ အန်နီမီလ်ဂရမ်က ပြော ပါတယ်။ နှစ်ဦးစလုံးကို ရမန်ဖြင့်ချုပ်နှောင်ထားတယ်လို့လည်း သတင်းများကဆိုပါတယ်။
သောင်းကျန်းသူအဖွဲ့အတွက် ဝယ်မယ့်စစ်လက်နက်ထဲမှာ မြေပြင်မှဝေဟင်ပစ်ဒုံးကျည်တွေလည်းပါတယ်လို့ တရားစွဲဆိုချက်မှာဖော်ပြထားပါတယ်။
၂၀၂၀ခုနှစ်ကစပြီး အီဘီဆာဝါဟာ အသွင်ယူထားတဲ့ အရာရှိတစ်ဦးကို သူ့ဆီမှာ နျူကလီးယားပစ္စည်းတွေ အမြောက်အများရောင်းဖို့ရှိတယ်လို့ကြွားဝါပြီး ပုံတွေပါထုတ်ပြခဲ့ပါတယ်။
အဲဒါကြောင့်သူတို့ဟာ ဖမ်းဆီးရမိရေးအတွက်လျှို့ဝှက်စစ်ဆင်ရေးတွေလုပ်နေစဉ်အတွင်း ထိုင်းအာဏာပိုင် တွေကလည်း အမေရိကန်စုံစမ်းထောက်လှမ်းသူတွေကို အဝါရောင်အမှုန့်နှစ်ထုတ်ပ်ကို သိမ်းဆည်းရမိရေး ကူညီပေးခဲ့တယ်လို့ရိုက်တာသတင်းအရသိရပါတယ်။အဲဒီအမှုန့်ကို တရားခံတွေက အဝါရောင်ကိတ်လို့ ခေါ်ကြပါတယ်။
“ နျူကလီးယားနမူနာထဲမှာတွေ့ရတဲ့ ပလူတိုနီယမ်ရဲ့ အိုင်ဆိုတုပ်ဖွဲ့စည်းပုံအရ ယင်းဟာ လက်နက်အဆင့် ဖြစ်တယ်လို့ အမေရိကန်ဓာတ်ခွဲခန်းက အတည်ပြုဆုံးဖြတ်ပါတယ်။ ဆိုလိုတာကတော့ အဲဒါကိုလုံလောက်တဲ့ အရေအတွက်နှင့်သာဆိုရင် နျူကလီးယားလက်နက်ထုတ်ဖို့သင့်လျော်တဲ့အနေအထားဖြစ်နေတယ်” လို့ တရားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အီဘီဆာဝါရဲ့လက်ထောက်တွေထဲက တစ်ဦးက သူတို့ဆီမှာ Thorium-232 ကီလိုနှစ်ထောက်ကျော်နှင့် အဝါရောင်ကိတ်လို့သိကြတဲ့ U3O8 ကွန်ပေါင်းထဲ ယူရေနီယမ် ၁၀၀ကီလိုကျော်ရှိနေတယ်လို့ ပြောခဲ့ပါတယ်။
အီဘီဆာဝါက သူတို့ဟာ မြန်မာနိုင်ငံက လက်နက်ကိုင်သောင်းကျန်းသူတစ်ဖွဲ့ကိုယ်စား လက်နက်တွေ ဝယ်ဖို့အတွက်နျူကလီးယားပစ္စည်းတွေကိုရောင်းဖို့လုပ်တာလို့ စွဲချက်မှာဖော်ပြထားပါတယ်။
မြေပြင်မှဝေဟင်ပစ်ဒုံးကျည်ဝယ်ဖို့ကြိုးစားတဲ့အတွက် အီဘီဆာဝါဟာ ထောင်ဒဏ်အနည်းဆုံး ၂၅နှစ်ကျခံရဖို့ ရှိနေပြီး နျူကလီးယားပစ္စည်းတွေကို နိုင်ငံတကာမှာတရားမဝင်ရောင်းဝယ်မှုအတွက်လည်း ထောင်ဒဏ် အနှစ် (၂၀) အထိကျခံရဖို့ရှိနေပါတယ်။
အီဘီဆာဝါဟာ ယာကူဇာဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်ပြီးသူတို့ဟာ ကမ္ဘာတစ်လွှားမှာ မူးယစ်ဆေးဝါးနှင့်လက်နက်မှောင်ခိုလုပ်နေကြတဲ့ အဆင့်မြင့်မြင့်ဖွဲ့စည်းထားတဲ့ ဂျပန်ရဲ့ရာဇဝတ်ကွန်ယက်ကြီး တစ်ခုဖြစ်တယ်လို့ တရားစွဲဆိုသူတွေက ဖော်ပြကြပါတယ်။
Source: Reuters/AFP
၂၁ ဖေဖော်ဝါရီ ၂၀၂၄
နစကဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း သည် အိန္ဒိယ တပ်မတော်၊ အမှတ်(၃)တပ်မကြီးမှူး ဒုတိယဗိုလ်ချုပ်ကြီး Harjeet Singh Sahi နှင့် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်လုံခြုံရေးပူးပေါင်းဆောင်ရွက်မည့်ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံ နေပြည်တော်သို့ရောက်ရှိနေတဲ့ အိန္ဒိယတပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး Harjeet Singh Sahi ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယနေ့ဖေဖော်ဝါရီ၂၁ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံရာ၌ ယင်းကိစ္စရပ်များကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါ တယ်။
ထိုသို့တွေ့ဆုံကြရာတွင် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးနှင့် ဆက်လက်ပူပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို တိုးမြှင့်ဆောင်ရွက် နိုင်မည့်အခြေအနေများ၊ ၊နှစ်နိုင်ငံနယ်စပ် ဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေ များနှင့် ပတ်သက် ၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တွေ့ဆုံပွဲသို့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အတူ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ဒုတိယဗိုလ်ချုပ်ကြီး Harjeet Singh Sahi နှင့်အတူ အိန္ဒိယစစ်သံမှူး ဗိုလ်မှူးကြီး Jaswinder Singh Gill နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့သိရှိရပါတယ်။
@ymg/knl
#Daily_News
Published_ 21 February 2024
၁။ သင်္ဘောသားများနှင့် ၄င်းတို၏မိသားစုဝင်များ အပတ်စဥ်ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးနိုင်
၂။ ကိုရီးယားတွင်ကျောင်းတတ်ရန် သင်တန်းကြေးများနှင့် ကျောင်းဝင်ကြေးများကို ကြားခံကတဆင့် ပေးသွင်းသူများ သေချာစုံစမ်းပြီးမှသာ ငွေလွဲပေးဖို့ မြန်မာသံရုံး အသိပေး
၃။ ပထမဆုံး မြင်းလေလံပွဲ ကြမ်းခင်းဈေး ကျပ်၃၅သိန်းဖြင့် ပြုလုပ်
၄။ ဆူဒန်နိုင်ငံ တဝှမ်းဆက်သွယ်ရေးနှင့် အင်တာနက်ပြတ်တောက်နေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 21 February 2024
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်၊ ဗိဿနိုးရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ရွှေရောင်တော်ဘုရားကြီးတွင် ရှင်အပါး (၅၀၀၀)ရှင်ပြုပွဲကို လာမည့်ဧပြီလအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှသိရသည်။
အဆိုပါရှင်ပြုအလှူတော်မဂ်လာပွဲကို မဟာမြိုင် သဲဖြူဆရာတော်ကြီး၏ကြီးကြပ်မှုနှင့်မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှပူးပေါင်း၍ ဧပြီလ ၅ရက်မှ ၇ရက်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
အလှုပွဲကာလအတွင်းတရားပွဲကျင်းပခြင်း၊မြန်မာ တစ်နိုင်ငံလုံးအေးချမ်းသာယာ စေရန်ရည်ရွယ်၍နေပြည်တော်အပါအဝင်တိုင်းဒေသကြီး၁၅ခုကိုယ်စားပြု မီးပုံးပျံ၁၅လုံးလွှတ်တင်ခြင်းအခမ်းအနားများလည်းထည့်သွင်းပြုလုပ် သွားမည်ဖြစ်ကြောင်းသိရသည်။
လတ်တလောတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ရှင်မပြုရသေးသည့်ကလေးငယ်များအားဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကာ လက်ရှိအချိန်အထိ ရှင်အပါး၅၀၀၀ကျော်အထိ စာရင်းကောက်ယူထားပြီးဖြစ်ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 21 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 21 February 2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ (၃၅x၃၆)လမ်းကြား (၈၈) လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ ထံ ကသိရသည်။
ဖေဖေါ်ဝါရီ ၂၁ရက် နံနက် ၁၀နာရီ ၁၆ မိနစ်က မီး လောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဂေါဝိန်နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ဒေးဝန်အရှေ့အရန်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ဂေါဝိန်အရန်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ချမ်းအေး(၃)အရန်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၀ နာရီ၂၂ မိနစ် အချိန် တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
""နေအိမ် မီးလောင်တာ ဝါယာရှော့ ဖြစ်တာလို့ ပြောတယ် သေချာ တော့ မသိသေးဘူးသက်ဆိုင်ရာက စစ်ဆေးမှုတွေ လုပ်နေတယ်""ဟု ဒေသခံ တစ်ဦး ကပြောသည်။
မီးလောင်သည့် အကြောင်းရာ နှင့် ဆုံးရှုံးမှုတန်ဖိုး ကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 21 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 558 of 1981