#Local_News
Published 22 March 2025

▪️ ယခု မတ်လအတွင်း သင်္ဘောအစင်း ၃၀ ဖြင့် ပြည်ပမှ စက်သုံးဆီများ စဉ်ဆက်မပြတ် စီမံတင်သွင်းနေကြောင်း သိရသည်။

▪️ လက်ရှိအခြေအနေတွင် သီလဝါရှိ ဆီချဆိပ်ကမ်းများတွင် စက်သုံးဆီတင်သင်္ဘော သုံးစင်း ဆိုက်ကပ်ချယူလျက်ရှိပြီး လမ်းခရီးတွင် ခုနစ်စင်း၊ ပြည်ပနိုင်ငံတွင် စက်သုံးဆီတင်ဆောင်နေသော သင်္ဘောလေးစင်းနှင့် စက်သုံးဆီတင်ရန်စောင့်ဆိုင်းနေဆဲ ခြောက်စင်း အပါအဝင် မတ်လအတွင်း သင်္ဘောအစင်း ၃၀ ဖြင့် ပြည်ပမှ စက်သုံးဆီများ စဉ်ဆက်မပြတ် စီမံတင်သွင်းလျက်ရှိကြောင်း သိရသည်။

▪️ ထို့အပြင် ပြည်ပမှ စက်သုံးဆီများ စဉ်ဆက်မပြတ် စီမံတင်သွင်းလျက်ရှိသဖြင့် ပြည်တွင်း စက်သုံးဆီ ဖူလုံမှုအခြေအနေမှာ နေ့စဉ်သုံးစွဲမှုပမာဏအပြင် အရန်ဆီအနေဖြင့်လည်း ရက်သတ္တသုံးပတ်စာခန့်အထိ ကြိုတင်တင်သွင်း သိုလှောင်ထားရှိကြောင်း သိရသည်။

▪️ သီလဝါဒေသ သိုလှောင်ကန်စခန်းများမှ နိုင်ငံတစ်ဝန်းရှိ အရောင်းဆိုင်များနှင့် စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် ကုန်ထုတ်လုပ်ငန်းအပါအဝင် အခြားလုပ်ငန်း ကဏ္ဍအသီးသီးသို့ အချိန်နှင့်တစ်ပြေးညီ ဖြည့်တင်းဖြန့်ဖြူးပေးလျက်ရှိသည့်အပြင် အဓိကဆက်သွယ်ရေး လမ်းကြောင်းကြီးများဖြစ်သည့် ရန်ကုန် - ပဲခူး - နေပြည်တော် - မန္တလေး အမြန်လမ်း၊ ရန်ကုန် - ပုသိမ် - ချောင်းသာ - ငွေဆောင်လမ်း၊ သာစည် - ကလော - အင်းလေး - တောင်ကြီးလမ်း၊ မန္တလေး - မိတ္ထီလာ - ကျောက်ပန်းတောင်း - ပုပ္ပား - ပုဂံလမ်း၊ မန္တလေး - ပြင်ဦးလွင်လမ်း၊ မကွေး - မင်းဘူး - ရွှေစက်တော် လမ်းများပေါ်ရှိ အရောင်းဆိုင်များနှင့် မြို့ကြီးများရှိ အဓိကအရောင်းဆိုင်များသို့ စက်သုံးဆီ ကြိုတင်ဖြည့်တင်းထားခြင်းကြောင့် လာမည့် မဟာသင်္ကြန် ကာလအပါအဝင် အများပြည်သူ ရုံးပိတ်ရက်ရှည်များတွင် စက်သုံးဆီများကို လိုအပ်သည့်နေရာတွင် လိုအပ်သလောက် အဆင်ပြေ လွယ်ကူချောမွေ့စွာ ဝယ်ယူသုံးစွဲနိုင်ကြမည် ဖြစ်သည့်အပြင် အခြားလုပ်ငန်းကဏ္ဍများတွင်လည်း လိုအပ်သလောက် ဝယ်ယူသုံးစွဲနိုင်ကြမည် ဖြစ်သဖြင့် လုပ်ငန်းများ ပုံမှန်လည်ပတ် ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။

▪️ စက်သုံးဆီဈေးနှုန်းများသည်လည်း မတ်လအတွင်း ဆက်တိုက် ကျဆင်းလျက်ရှိရာ ယခုတစ်ပတ်တွင်လည်း ယခင်ကထက် တစ်လီတာလျှင် ကျပ် ၇၀ မှ ၇၅ ကျပ်အထိ ထပ်မံကျဆင်းခဲ့ကြောင်း သိရသည်။

#YMG/NN #Yangon_Times