#Local_News
Published 21 March 2025
▪️ ယနေ့နေ့လည်ပိုင်းက လမ်းမတော်မြို့နယ် ၅ ရပ်ကွက်ဘုန်းကြီးလမ်းအလယ် ဘလောက်တွင်တိုက်ခန်းမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ ၂၁.၃.၂၀၂၅ ရက်၊ နေ့လည် ၁၁နာရီ ၂၄ မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ (၅)ရပ်ကွက်၊ ဘုန်းကြီးလမ်းအလယ်ဘလောက်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီးနှင့် အလုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ၁၁နာရီ ၄၅ မိနစ် အချိန်က မီးငြိမ်းခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့အနာဂတ်အလင်းတန်းပရဟိတအသင်းမှ NO.3မီးသတ်အထောက်အကူပြုယာဉ်တစ်စီးနှင့် စေတနာ့ဝန်ထမ်း(၆)ဦးထွက်ခွါ၍ နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်များ၊ပရဟိတအသင်းအဖွဲ့ဝင်များ၊သက်ဆိုင်အဖွဲ့အစည်းများနှင့်အတူ မီးငြိမ်းသတ်ခြင်းလုပ်ငန်းများအားပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times