အခုရက်ပိုင်းအတွင်း တနင်္သာရီတိုင်း၊ကချင်ပြည် နယ်၊စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ မိုးထစ်ချုန်းရွာသွန်းနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
Yangon Times/tthl
#Local_News
#Published_ 20 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို သွားရောက်လိုသူတွေအတွက် ပြည်ဝင်ခွင့်ဗီဇာ ကြိုတင်ရက်ချိန်းရယူမှုကို အွန်လိုင်းစနစ်နဲ့ပါ လက်ခံသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မှာ ထုတ်ပြန်လိုက်တယ်။
Yangon Times/LW
#Local_News
#Published_ 20 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
20 February 2024
ကရင်ပြည်နယ် "ယှးယံင့်ဝဝ်အွာ"ဇာတ်သဘင်အဖွဲ့ကိုတင်ဆောင်လာသည့်ဇာတ်သဘင်အဖွဲ့ ကားတိမ်းမှောက်သွားသည့်အတွက် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)မှအဆိုပါဇာတ်သဘင်အဖွဲ့ကိုကနဦးထောက်ပံ့ငွေပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သေဆုံးသူများအတွက် (၁) ဦးလျှင် (၅) သိန်းကျပ်ထိခိုက်ဒဏ်ရာရရှိသူများအတွက် (၁) ဦးလျှင် (၃) သိန်းကျပ်စီကိုမြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) မှကနဦး ထောက်ပံ့လှူဒါန်းမည်ဖြစ်သည်ဟုဆိုသည်။
ဖေဖော်ဝါရီလ(၁၉)ရက်၊မနက်(၁၀)နာရီ၊၃၀မိနစ်တွင်ကရင်ပြည်နယ် ဘားအံမြို့ရှောင်လမ်းသစ် ကြာအင်းတောင်ကြားလမ်း (ရဲသာ) ဘက်ခြမ်းတွင်`ယှးယံင့်ဝဝ်အွာ 'အဖွဲ့ ကရင်ဇာတ်သဘင်ကားချောက်အတွင်း ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဇာတ်ကားတိမ်းမှောက်မှုကြောင့် လူ (၁)ဦးသေဆုံး ၊လူ (၁၁) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကရင်ပြည်နယ်
ပြည်သူ့ဆေးရုံကြီးတွင်ဆေးကုသမှုခံယူနေကြောင်း
သိရသည်။
ကရင်ပြည်နယ် သဘင်အစည်းအရုံးဝင်“ယှးယံင့်ဝဝ်အွာဇာတ်သဘင်” အဖွဲ့ဇာတ်ကားတိမ်းမှောက်သွား၍မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) နှင့် ချိတ်ဆက်ကာကရင်ပြည်နယ် သဘင်အမှုဆောင်များမှဘားအံပြည်သူ့ဆေးရုံကြီးတွင်
ရောက်ရှိကာ ဝိုင်းဝန်းကူညီနေကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 20 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 20 February 2024
နိုင်ငံကူးလက်မှတ်များအား ပုံမှန်လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးနေပြီး ကောလာဟလသတင်းများထုတ်ပြန်၍ ငွေကြေးအဆမတန်တောင်းခံသူများ၊ကြားပွဲစားများအားဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှအသိပေးထားသည်။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် နိုင်ငံကူးလက်မှတ်များအား ပုံမှန်လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးလျှက်ရှိရာ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)တွင် online bookingတင်၍ QR စနစ်ဖြင့် ၂၇၀၀ဦးနှုန်းဖြင့်လည်းကောင်း၊နေပြည်တော်၊မြစ်ကြီးနား၊ဟားခါး၊လွိုင်ကော်၊မကွေး၊မန္တလေး၊မုံရွာ၊တောင်ကြီး၊ကျိုင်းတုံ၊လားရှိုး၊တာချီလိတ်၊ဘားအံ၊မြဝတီ၊မော်လမြိုင်၊ထားဝယ်၊ကော့သောင်း ၊ပုသိမ်၊စစ်တွေ၊ပဲခူးမြို့များရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲ များတွင် သတ်မှတ်လူဦးရေအတိုင်းလည်းကောင်း ၊ရုံးဖွင့်ရက်များတွင်နေ့စဉ် လက်ခံဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။
လက်ရှိအချိန်တွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနှင့်ပတ်သက်ပြီး ကောလာဟလသတင်းများ ထွက်ပေါ်နေ၍ နိုင်ငံကူးလက်မှတ်ရရှိရေး စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း သိရှိသဖြင့် အမှန်တကယ်သွားရောက်လိုသူများကို ယခင်သတ်မှတ်ထားသောလုပ်ငန်းစဉ် ၊ခွင့်ပြုအရေအတွက်များအတိုင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ထို့အပြင် ကောလာဟလသတင်းများထုတ်ပြန်၍ ငွေကြေးအဆမတန်တောင်းခံသူများ၊ကြားပွဲစားများအားဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 20 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
ပြည်ပတင်ပို့မှု နဲ့ ပြည်တွင်းသိုလှောင်မှုတွေကြောင့် ကြက်သွန်နီဈေးဟာ ဈေးမြင့်လာပေမယ့် ရန်ကုန် ဈေးကွက်မှာတော့ အရောင်းဝယ်ကောင်းနေတယ်။
Yangon Times/LW
#Local_News
#Published_ 20 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
ဒီနေ့အကြိုဗိုလ်လုပွဲ၊ ဗိုလ်လုပွဲ၊ ဆုပေးပွဲနဲ့ မြင်းလေလံပွဲပြုလုပ်သွားမှာပါ ၊ပြည်ထောင်စုဖလားပြိုင်ပွဲကို နောက်နှစ်တွေလည်း ကျင်းပသွားမယ်၊ တစ်နှစ်ထက်တစ်နှစ်လည်း မြင်းစီးအားကစားသမားကောင်းတွေ ပေါ်ထွက်လာမယ်လို့မျှော်လင့်ပါတယ်။
Yangon Times/NN
#Local_News
#Published_ 20 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
ချင်းရိုးရာချည်ထည်များကို မလေးရှား၊ စင်ကာပူနှင့် USAနိုင်ငံတို့မှ စိတ်ဝင်စားပြီး မှာယူနေ
"ချင်းရိုးရာချည်ထည်တွေထဲမှာ ဟားခါးရိုးရာ ဂျက်ခုတ်ထည်၊ ချင်းရိုးရာဆွဲကြိုး၊ ချင်းရိုးရာခါးပတ်တွေကတော့ ရောင်းအား အကောင်းဆုံးဖြစ်နေတယ်" ရွှေယက္ကန်းချင်းရိုးရာချည်ထည်နှင့် အသုံးအဆောင်ပစ္စည်းများ လက်လီလက်ကားဖြန့်ချိရေးမှ တာဝန်ရှိသူတစ်ဦး
Yangon Times/tthl
#Local_News
#Published_ 20 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 561 of 1981