#Local_News
Published_12 Dec 2024
▪️ မန္တလေးမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ သယ်ဆောင်သည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၂ တန်ခန့် ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဖမ်းမိခဲ့ကြောင်း သိရသည်။
▪️ ဒီဇင်ဘာလ ၃ ရက်ညနေ ၅ နာရီအချိန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာ အနီးတွင် သိန်းထိုက်အောင် မောင်းနှင်သည့် ISUZU ၁၂ ဘီး မော်တော်ယာဉ်နှင့် ကျော်ဝင်း မောင်းနှင်သည့် FUSO ၁၂ ဘီး မော်တော်ယာဉ်တို့ကို သတင်းအရရှာဖွေရာ အဆိုပါယာဉ် ၂ စီး ပေါ်တွင် နွားချေးမြေဩဇာများဖြင့် ဖုံးအုပ် သယ်ဆောင်လာသည့် ယင်းထိန်းချုပ်ဓာတုပစ္စည်းကဖင်း ၂ တန်ခန့်ကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ စစ်ဆေးဖော်ထုတ်ချက်အရ ကဖင်းများတရားမဝင် သယ်ဆောင် ရောင်းဝယ်ရာတွင်ပါဝင်သူ နေအောင် အား ဒီဇင်ဘာလ ၄ ရက်တွင် ပုသိမ်ကြီးမြို့နယ်၊ နားဋောင်းကျကျေးရွာ၌ ဖမ်းဆီးရမိခဲ့ပြီး ကဖင်းများကို မန္တလေးမှရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ သယ်ဆောင်ခိုင်းသူ အိုက်စိုးပေါက်(ခ)စိုင်းထွန်းထွန်း နှင့် ရင်အောင်သူ တို့အား ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် FORD RANGER မော်တော်ယာဉ် တစ်စီးနှင့်လည်းကောင်း၊ ချမ်းမြသာ စည် မြို့နယ်ရှိ ရင်အောင်သူ ၏နေအိမ်မှ TOYOTA LANDCRUISER မော်တော်ယာဉ်တစ်စီးကို လည်းကောင်း၊ ပူးပေါင်းပါဝင်သူများဖြစ်သည့် အောင်စိုးလင်း(ခ) အောင်အောင် အား အမရပူရမြို့နယ်တွင်လည်းကောင်း၊ စိုင်းသီဟငယ်(ခ)သီဟ(ခ)မောက်ဆိုင် အား ပုသိမ်ကြီးမြို့နယ်တွင်လည်းကောင်း၊ ဒီဇင်ဘာလ ၆ ရက်တွင် မန္တလေးမှ ကဖင်းအိတ်များ သယ်ဆောင်ခဲ့သူ စိုင်းနေမင်းထွန်း အား အောင်မြေသာစံမြို့နယ်တွင် ကဖင်းများ သယ်ဆောင်ပေးခဲ့သည့် PRADO မော်တော်ယာဉ်တစ်စီးနှင့်လည်းကောင်း၊ မန္တလေးမြို့၌ ကဖင်းအိတ်များသို လှောင်ပေးခဲ့သည့် ဂိုဒေါင်ပိုင်ရှင် ချစ်စိန်အား မဟာအောင်မြေမြို့နယ်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
▪️ ယခုအခါ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိခဲ့သည့် ထိန်းချုပ်ဓာတုပစ္စည်းကဖင်း များကို မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်နေ ယုံကော ၏ အစီအမံဖြင့် မန္တလေးတိုင်းဒေသကြီးမှ တစ်ဆင့် ရှမ်းပြည် နယ်(မြောက်ပိုင်း)သို့ တရားမဝင်သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။
▪️ နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အေဂျင်စီများ၏ သုတေသနပြုသတင်းဖလှယ်ချက်များအရ ကဖင်း တစ်တန်အား အခြားဓာတုပစ္စည်းများနှင့်ရောစပ်၍ စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်မည်ဆိုပါက ဆေးပြား ၁၄ သန်းခန့် ထုတ်လုပ်နိုင်ကြောင်းသိရှိရပြီး မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း နယ်စပ် ဒေသများမှတစ်ဆင့် တရားမဝင်တင်သွင်းခဲ့သည့် ထိန်းချုပ်ဓာတုပစ္စည်းကဖင်း ၂၄ တန်ကျော် ဖမ်းဆီးအရေးယူထားရှိသဖြင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၃၆ သန်းကျော် ထုတ်လုပ်ခြင်းကို တားဆီးကာကွယ် နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲ တပ်ဖွဲ့က သိရသည်။
#Yangon_Times/PP
၁၁ ဒီဇင်ဘာ ၂၀၂၄
ရန်ကုန်မြို့၏ ပွဲတော်ညဈေးများတွင် တစ်ခုအပါအဝင်ဖြစ်တဲ့ ကျွန်းတောပွဲတော်ဈေးကို စမ်းချောင်း မြို့နယ် ကျွန်းတောလမ်းမကြီးပေါ်တွင် ကျင်းပလျက်ရှိနေပါတယ်။
ယမန်နေ့ ဒီဇင်ဘာ ၁၀ရက်ကစခဲ့တဲ့ ပွဲတော်ဈေးမှာ ဒေသခံများရဲ့လက်လုပ် မြန်မာမုန့်၊ မြန်မာ့ရိုးရာ အစားအစာ များ၊အသုတ်စုံ၊အကြော်၊ရေမုန့်စသည်တို့ဖြင့် သွားရေယိုစရာအစားအစာစုံကို ခင်းကျင်း ရောင်းချနေပါတယ်။
အဲဒီအပြင် ပျော်ရွှင်ဆော့ကစားစရာ ချား၊ရဟတ်များကိုလည်း ထည့်သွင်းထားလို့ အစားအသောက်မြတ် နိုးသူတွေ၊ ဆော့ကစားသန်တဲ့ကလေးသူငယ် လူငယ်လူရွယ်တွေအများစုနှင့် ပွဲတော်ဟာ စည်ကားနေပါ တယ်။
ကျွန်းတောပွဲတော်ဈေးကို ဒီဇင်ဘာ ၁၆ ရက်နေ့အထိကျင်းပသွားမယ်လို့သိရပါတယ်။
#Daily_News
Published 11 December 2024
၁။ ပြည်တွင်းစားဆန် ဈေးကျပ်၈၅,၀၀၀ မှ ၁၅၀,၀၀၀ ကျပ်အကြား သတ်မှတ်ထားပြီး ၈ ရာခိုင်နှုန်းထက်ပို၍ ရောင်းချခြင်းမပြုရ
၂။ တစ်နိုင်ငံလုံးနှင့် တိုင်းရင်းသားအားလုံး ပါဝင်ဆင်နွှဲနိုင်သောကြောင့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ယူနက်စကိုဝင်ခဲ့ဟုဆို
၃။ တရုတ်ယွမ် ၉ သိန်းနီးပါး ဗဟိုဘဏ်ထပ်မံထုတ်ရောင်း
၄။ ၂၀၂၄ ၏ ပထမ(၁၁)လသည် ကမ္ဘာ့အပူနွေးဆုံးကာလအဖြစ်စံချိန်တင်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 11 December 2024
▪️ ယနေ့ဒီဇင်ဘာလ၁၁ရက်၌ တစ်ရက်အတွင်း ငလျင်နှစ်ကြိမ်လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ သိရသည်။
▪️ ပထမအကြိမ် ငလျင်လှုပ်ခတ်မှုမှာ ယနေ့ နံနက် မြန်မာစံတော်ချိန် (၇)နာရီ (၅၅) မိနစ်အချိန်တွင် စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့အနီး ၄ ဒသမ ၇ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ် ငလျင်လှုပ်ခတ်မှုမှာ ယနေ့ နံမြန်မာစံတော်ချိန်နံနက်(၁၀)နာရီ (၂၆)မိနစ်အချိန်တွင် မိုင်းဆတ်မြို့အနီး ၃ ဒသမ ၃ အဆင့်ရှိ မြေငလျင်ငယ်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ယနေ့ တစ်ရက်အတွင်း မြေငလျင်လှုပ်ခတ်မှု နှစ်ခုအပါအဝင် ယခုလအတွင်းငလျင် ငါးကြိမ်ခန့်လှုပ်ခတ်ခဲ့ပြီး ဒီဇင်ဘာလ၁ရက်က ကြံခင်းမြို့အနီးလှုပ်ခတ်ခဲ့သည့် မြေငလျင်မှာ အင်အားရစ်(ခ်) တာစကေး ၄.၉အဆင့်ရှိခဲ့ပြီး ဒီဇင်ဘာလ ၂ရက်တွင် ရှမ်းပြည်နယ်၊ မိုင်းပြင်းမြို့အနီး အင်အားရစ်(ခ်) တာစကေး (၃.၈)အဆင့်ရှိမြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၉ရက်က သိန္နီမြို့အနီးလှုပ်ခတ်ခဲ့သည့် အင်အားရစ်(ခ်) တာစကေး (၄.၅)အဆင့်ရှိမြေငလျင်တွင် နေအိမ်တချို့အက်ကွဲကြောင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 11 December 2024
▪️ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက် ( FX Trading Platform)တွင် သွင်းကုန်လုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာနှင့် ထိုင်းဘတ်ငွေများ ရောင်းချပေးမည်ဖြစ်ကြောင်း ဒီဇင်ဘာ (၁၀) ရက်တွင် အသိပေးကြေညာထားသည်။
▪️ ထိုသို့ ရောင်းချပေးရာတွင် သွင်းကုန်လုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ (၃၅) သန်းနှင့် ထိုင်းဘတ် သန်း (၄၀) ရောင်းချပေးမည်ဖြစ်ကြောင်း၊ ဗဟိုဘဏ်အနေဖြင့် သွင်းကုန်လုပ်ငန်းရှင်များ အဆင်ပြေစေရန်အတွက် နိုင်ငံခြားငွေများကို ထုတ်ရောင်းပေးလျက်ရှိကြောင်း သိရသည်။
▪️ ဗဟိုဘဏ်မှ ပြီးခဲ့သည့် ဩဂုတ်လ (၁) ရက်မှ နိုဝင်ဘာလ (၂၆) ရက်အထိ ဒေါ်လာ (၃၃၅) သန်းကျော်၊ ထိုင်းဘတ် (၁. ၂၅၈) သန်းကျော်နှင့် တရုတ်ယွမ် (၅၆) သန်းခန့်အထိ ထုတ်ရောင်းပေးထားပြီး ယခုဘဏ္ဍာနှစ်၏ (၇)လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံ ထုတ်ရောင်းပေးထားပြီးဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
သုခဒဂုံအငှားအိမ်ရာမှာ အိမ်ခန်းရမယ်လို့ပြောဆိုပြီး ငွေကြေး လိမ်လည်သူတွေရှိနေတာကြောင့် ပြည်သူတွေ သတိပြုကြဖို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကအသိပေးထားပါတယ်။
#Local_News
Published 11 December 2024
#သုခဒဂုံအငှားအိမ်ရာ #ငွေကြေးလိမ်လည်သူများရှိနေ
#YMG/SW #Yangon_Times
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ တရုတ်ယွမ် ၉ သိန်းနီးပါးကို ယမန်နေ့က ထပ်မံထုတ်ရောင်း လိုက်ပါတယ်။
#Local_News
Published 11 December 2024
#တရုတ်ယွမ် #မြန်မာနိုင်ငံတော်ဗဟိုဘဏ်
#YMG/NN #Yangon_Times
Page 561 of 2358