#Local_News
Published 18 March 2025
▪️ CMP လုပ်ငန်းသို့ ဝင်ရောက်သည့် နိုင်ငံခြားငွေမှ ဒေါ်လာ ၂.၂ သန်းခန့် ဗဟိုဘဏ် နေ့စဉ် ထုတ်ရောင်းပေးနေသည့်အပြင် စက်သုံးဆီလုပ်ငန်းရှင်များကို ဒေါ်လာ ၃၃ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
▪️ နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) ကနေ CMP လုပ်ငန်းများ ကို ဝင်ရောက်သည့် နိုင်ငံခြားငွေမှ တစ်ရက်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၂.၂ သန်းခန့် နေ့စဉ်ရောင်းချပေးနေခြင်းဖြစ် ကြောင်းသိရသည်။
▪️ အဆိုပါ နိုင်ငံခြားငွေများကို စက်သုံးဆီနှင့် အခြားကုန်စည်များ တင်သွင်းသည့် လုပ်ငန်းရှင်များအတွက် ရည်ရွယ်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် FX Trading Platform မှ စက်သုံးဆီလုပ်ငန်းရှင်များကို အမေရိကန်ဒေါ်လာ ၃၃ သန်း ရောင်းချပေးမည်ဖြစ်ကြောင်းလည်း ယမာန်နေ့က ကြေညာထားကာ ရောင်းချပေးမည့် နိုင်ငံခြားငွေအတွက် သတ်မှတ်ငွေလဲနှုန်းကိုမူ သီးခြားဖော်ပြထားခြင်းမရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times