#Local_News
Published 18 March 2025

▪️ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ယူ-၂၂ နိုင်ငံတကာ ခြေစမ်းပွဲကို မတ်လ (၁၉)ရက်၌ ရန်ကုန်မြို့သုဝဏ္ဏအားကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။

▪️ အဆိုပါ ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်း၏ ပထမဆုံးခြေစမ်းပွဲ တရုတ် (ဟောင်ကောင်)-၂၂အသင်းဖြင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

▪️ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းအား ၂၀၂၅ ဆီးဂိမ်း နှင့် အာဆီယံ ချန်ပီယံရှစ်၊ အာရှခြေစစ်ပွဲများအတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ် ကြောင်း သိရသည်။

▪️ အဆိုပါ ၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာယူ-၂၂ အသင်းကို ပြည်နယ်နှင့်တိုင်းများရှိ  ကလပ်အသင်းများမှ ကစားသမားများဖြင့် ရွေးချယ်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ကစားသမားများကို ယခုဖော်ဖော်ဝါရီလ (၁၁) ရက်မှ (၁၆)ရက်အထိ စခန်းသွင်းရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#YMG/NN #Yangon_Times