ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် အခုနှစ် ၂၀၂၄ ခုနှစ် ဇန်နဝါရီလက နေ နိုဝင်ဘာလကုန်အထိ ယာဉ်မတော်တဆမှုပေါင်း(၁၈၉)မှုဖြစ်ပွားခဲ့ပြီး ေ-သဆုံးသူ(၈၇)ဦးရှိခဲ့ပြီး ၃၀၀ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။
#Local_News
Published 09 December 2024
#ရန်ကုန်-မန္တလေးအမြန်လမ်း #ယာဉ်မတော်တဆမှု
#YMG/NN #Yangon_Times
အခုနှစ် မိုးပြောင်းထွက်ရှိတဲ့ ရာသီချိန်မှာ ပြည်ပနိုင်ငံတွေက ဝယ်လိုအားများနေတာကြောင့် ဈေးကောင်းရနေတယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းကနေသိရပါတယ်။
#Local_News
Published 09 December 2024
#မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း #ပြောင်းဆံစျေးတက်
#YMG/NN #Yangon_Times
ရန်ကုန်တိုင်းအပါအဝင် ပြည်နယ်နဲ့တိုင်း ၇ ခုတို့ရှိ နှစ်ပေါင်း ၁၀၀ နဲ့ အထက်သက်တမ်းရှိတဲ့ အဆောက်အအုံပေါင်း ၄၀ ခုကို ရှေးဟောင်းအဆောက်အအုံတွေအဖြစ်သတ်မှတ်လိုက်တယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ကသိရပါတယ်။
#Local_News
Published 09 December 2024
#ယဉ်ကျေးမှုဝန်ကြီးဌာန #ရှေးဟောင်းအဆောက်အအုံ
#YMG/NN #Yangon_Times
#Local_News
Published 9 December 2024
▪️ ဂျပန်ကုမ္ပဏီများအနေဖြင့် ပြည်တွင်းမှအလုပ်သမားများခေါ်ယူရန်အတွက် အလုပ်ကမ်းလှမ်းစာ (Demand Letter) စိစစ်နိုင်ရန် စာရွက်စာတမ်းများကိုတိုကျိုမြို့ရှိ မြန်မာသံရုံးသို့ ပေးပို့လျှက်ရှိရာကြိုတင်ပေးပို့သည့် ဂျပန်ကုမ္ပဏီများသည် အကျုံးဝင်မှုမရှိကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးက ဒီဇင်ဘာ ၉ ရက်က ထုတ်ပြန်သည်။
▪️ ထိုထုတ်ပြန်ချက်တွင် မြန်မာသံရုံး တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့်ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (Demand Letter) များကို စိစစ်ဆောင်ရွက်ပေးလျက်ရှိရာတွင် ကုမ္ပဏီအချို့သည်ကြေညာချက်မထုတ်ပြန်မီကတည်းက သံရုံးသို့ စာရွက်စာတမ်း၊ အချက်အလက်များ ကြိုတင်ပေးပို့မှုများ ပြုလုပ်ထားကြရာ ထိုသို့ကြိုတင်ပေးပို့ခြင်းသည် အကျုံးဝင်မှု မရှိကြောင်းနှင့် ယခုကြေညာချက်တွင်ပါရှိမှသာ ကြေညာချက်အမှတ်စဉ်ဖော်ပြလျက် စာရွက်စာတမ်း၊ အထောက်အထားများကို စာတိုက်မှတစ်ဆင့် ပြန်လည်ပေးပို့ရန် လိုအပ်ကြောင်း ဖော်ပြထားသည်။
▪️ ထို့ကြောင့် စာရွက်စာတမ်း၊ အချက်အလက်များ ပေးပို့ပေးနိုင်ရန် ကုမ္ပဏီ ၂၀၇ ခု၏ စာရင်းအား ပူးတွဲပါထုတ်ပြန်ချက် (၄၈/၂၀၂၄) အနေဖြင့် ထုတ်ပြန်ထားပြီး အချက်အလက်များကြိုတင်ပေးပို့ထားသည့်ကုမ္ပဏီများအနေဖြင့် Labour Section၊ Myanmar Embassy,Tokyo နှင့် 4-8-26, Kita Shinagawa, Shinagawa Ku, Tokyo 140-0001သို့ လိပ်မူ၍ အချက်အလက်များကို စာတိုက်မှတစ်ဆင့် ပြန်လည်ပေးပို့ပေးရမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 09 December 2024
▪️ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ ပလပ်စတစ်စက်ရုံတစ်ရုံတွင် ယနေ့ ဒီဇင်ဘာ ၉ ရက်နံနက် ၆ နာရီ ၂၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့် ပျဥ်းမနားအရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
▪️ ဒီဇင်ဘာ ၉ ရက်နေ့၊ မနက်၆ နာရီ ၂၀မိနစ် အချိန်ခန့်က နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာရှိ ပလပ်စတစ်စက်ရုံတွင် မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဗဟိုမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ဥတ္တရခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ပုဗ္ဗသီရိမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ ပျဉ်မနားမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရွာကောက်နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ပုဗ္ဗနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာ ငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
▪️ ထို့ကြောင့် မီးလောင်ချိန် ၂ နာရီခန့်အကြာ နံနက် ၈ နာရီ ၅ မိနစ်၌ မီးငြိမ်းသွားပြီး မီးလောင်မှုဖြစ်စဉ်နှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးများအားဆက်လက်စုံစမ်းလျှက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 9 December 2024
▪️ ယနေ့ဒီဇင်ဘာလ ၉ရက် နံနက်စောပိုင်းက သိန္နီမြို့အနီး အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ချက်ထားသည်။
▪️ ထုတ်ပြန်ချက်တွင် ဒီဇင်ဘာလ ၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၃)နာရီ၊ (၂၈)မိနစ်၊ (၀၃)စက္ကန့် အချိန်တွင် သီပေါမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၆၉)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (သိန္နီမြို့၏ အရှေ့မြောက်ဘက် (၇) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၃၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈.၀၃) ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိေကြာင်း ဖော်ပြထားသည်။
▪️ ယခုမြေငလျင်လှုပ်ခတ်မှုသည် ဒီဇင်ဘာလအတွင်း သုံးကြိမ်မြောက်လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၁ရက်ကကြံခင်းမြို့အနီးတွင် တစ်ကြိမ် ဒီဇင်ဘာလ ၂ရက်က မိုင်းပြင်းမြို့အနီးတွင်တစ်ကြိမ် လှုပ်ခတ်ခဲ့သေးကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Daily_News
Published 07 December 2024
၁။ ထိုင်းရောက် မြန်မာလုပ်သားများသို့ သက်သေခံလက်မှတ်များထုတ်ပေးရာတွင် ငွေကြေးကောက်ခံခြင်းမရှိကြောင်း သံရုံးထုတ်ပြန်
၂။ တရုတ်-မြန်မာ အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲရန်ကုန်၌ ကျင်းပနေ
၃။ ပြည်တွင်းဆီစက် ၇၀ရာခိုင်နှုန်းအထိ ပြန်လည်လည်ပတ်လာနိုင်ခဲ့
၄။ တောင်ကိုရီးယား စစ်အုပ်ချုပ်ရေးအမိန့်ရုပ်သိမ်းပြီးနောက်တိုင်းပြည်စီးပွားရေးနှင့်ဘဏ္ဍာရေးထိခိုက်မှုမှကာကွယ်ရန်လိုအပ်ဟု ပညာရှင်များသတိပေး... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 565 of 2358