ရန်ကုန်-မော်လမြိုင်ရထားပိုင်း ပြင်ဆင်ထားပြီဖြစ်လို့ ရန်ကုန်-မော်လမြိုင်ခရီးစဉ်ကို မတ်လ(၂၄) ရက် မနက် ၆နာရီခွဲမှာ စတင်ထွက်ခွာဖို့ လက်မှတ်တွေ ရောင်းခိုင်းထားပြီဖြစ်တယ်။ ရန်ကုန်-ပြည်ရထား နေ့စဉ်ရှိ။ ရန်ကုန်ကနေပုဂံကို သောကြာနေ့ ညနေ၄နာရီ ၁၅ မိနစ်တိုင်း ရထားနဲ့ သွားရောက်နိုင်မယ်။ မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦး
Yangon Times/tthl
#Local_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ပြည်ပဝယ်လိုအား နည်းနေတဲ့အတွက် ယခုမတ်လကုန် ပြီးတဲ့အထိ ပဲစဉ်းငုံဈေးကွက်ဟာ အကျဈေးဘက်ကိုသာ ဦးတည်နေတယ်လို့
ကုန်သည်တွေထံက သိရပါတယ်။
Yangon Times/LW
#Local_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ယခုလအတွင်း မိုးအုံ၍ ဆားအထွက်နည်းပါးနေသော်လည်း ထွက်ရှိသမျှကုန်နေတယ်လို့ မွန်ပြည်နယ်က နေလှမ်းဆားထုတ်လုပ်သူတွေဆီက သိရပါတယ်။
Yangon Times/NN
#Local_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
မြန်မာအသင်းဟာ ဆီးရီးယားနဲ့ မတ်လ ၂၆ ရက်၊ ဆော်ဒီအာရေဗျနိုင်ငံ ဒါမန်းမြို့မှာ အဝေးကွင်းပွဲစဉ်ထပ်ကစားဖို့ မတ်လ(၂၂) ရက်ညနေပိုင်းက ရန်ကုန်လေဆိပ်မှ ထွက်ခွာသွားခဲ့ပြီး မတ်လ ၂၃ ရက်မှာ ဒါမန်းသို့ ရောက်ရှိမှာဖြစ်ပါတယ်။
Yangon Times/tthl
#Local_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 23 March 2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်၊ ၃၈ လမ်း(၉၁x၉၂)ကြားတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ ထံ က သိရသည်။
မတ်လ ၂၃ရက် နေ့လည် ၁၂နာရီ ခွဲ အချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ မဟာအောင်မြေမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့သဖြင့် ၁၂နာရီ ၄၃ မိနစ် တွင် မီးငြိမ်း ခဲ့ကြောင်း သိရသည်။
"" ဘယ်လို လောင်တယ်တော့မသိဘူး လူနေအိမ် မီးလောင်တာ နေ့ခင်းအပူများတဲ့ အချိန်ဆိုတော့ မီးကများတယ် အိမ်၂လုံး၃လုံးလောက် မီးထဲပါသွားတယ်""ဟု ဒေသခံတစ်ဦးကပြောသည်။
မီးလောင်သည့်အကြောင်းရာနှင့်ဆုံးရှုံးမှုတန်ဖိုး များကိုသက်ဆိုင်ရာကစစ်ဆေးလျက်ရှိကြောင်းသိရသည်။
Photo - Than Htay
Yangon Times/LW
#Local_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 23 March 2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပါးတောင် အမျိုးသားဘူမိဥယျာဉ် ယခုရက်ပိုင်း၌ စတင်ဖွင့်လှစ် ခဲ့ကြောင်းသယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည် ။
ထိုသို့ဖွင့်လှစ်ရာတွင် မတ်လ ၂၀ ရက်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယင်း ဘူမိဥယျာဉ်သည် မြန်မာ နိုင်ငံ၏ ပထမဆုံးသော အမျိုးသားအဆင့်ဘူမိဥယျာဉ်လည်း ဖြစ်ပြီးဘူမိနယ်မြေ ၁၅ ခုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည့်အပြင် သယံဇာတပေါကြွယ်ဝကာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ တည်ရှိသည့် နေရာများကိုလည်း ဘူမိဥယျာဉ်များ အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည် ။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေတွေအဖြစ် ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်နေကြောင်း လက်ရှိအချိန်ထိ သဘာဝထိန်းသိမ်းရေး နယ်မြေ ၅၉ ခု၊ နိုင်ငံဧရိယာ၏ ၆ ဒသမ ၄၂ ရာခိုင်နှုန်းကို ဖွဲ့စည်းသတ်မှတ်ပြီး ဖြစ်ကြောင်းသိရသည် ။
Yangon Times/NN
#Local_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 23 March 2024
မနှစ်က ကလေး(၁၈)ရာခိုင်နှုန်းတွင် တီဘီပိုးတွေ့ခဲ့ပြီး တီဘီနှင့်ဆေးယဉ်ပါးတီဘီရှာဖွေစက်များတိုးချဲ့တပ်ဆင် ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနမှသိရသည်။
ယင်းကဲ့သို့ဆောင်ရွက်နေကြောင်းကို၂၀၂၄ ခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ (World TB Day) အထိမ်းအမှတ်အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်အရသိရခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက"၂၀၂၃ ခုနှစ်အတွင်း တီဘီလူနာရှာဖွေတွေ့ရှိမှု၏ ၁၈ ရာနှုန်းမှာ ကလေးများတွင်ဖြစ်ပြီး အသက်(၈) နှစ်အောက်ကလေးများ၏ သလိပ်နှင့် Stool Specimen ကို GeneXpert စက်ဖြင့် တီဘီပိုးရှာဖွေစစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း၊
ဆေးယဉ်ပါးတီဘီရောဂါ ရှာဖွေခြင်းကို လူနာများလက်လှမ်းမီစေရန် Rapid Diagnostic Test ဖြစ်သော GeneXpert စက်အလုံး ၁၁၀ ကို တီဘီရောဂါတိုက်ဖျက်ရေးဌာန ၈၆ ခုတွင် တပ်ဆင်လွှမ်းခြုံဆောင်ရွက်လျက်ရှိပြီး အမျိုးသားမှီငြမ်းပြုတီဘီဓာတ်ခွဲဌာန (ရန်ကုန်) တွင် အဓိကဆောင်ရွက်လျက်ရှိကာ မန္တလေးနှင့်တောင်ကြီးတို့တွင် အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆေးယဉ်ပါး တီဘီရောဂါကုသမှုတွင် ခြောက်လ သို့မဟုတ် ကိုးလထိသာ ဆေးကုသမှုခံယူရမည့် ကုထုံးသစ် (BPaLM / BPaL) ကို ဆေးယဉ်ပါးတီဘီလူနာကုသမှုပေးနေသည့် ဌာနများတွင်အသုံးပြု ဆောင်ရွက်လျက်ရှိကြောင်း"ထည့်သွင်းပြောခဲ့သည်။
မြန်မာနိုင်ငံသည် တီဘီ/အိပ်ချ်အိုင်ဗွီအဖြစ် အများဆုံးနိုင်ငံ (၃၀) တွင်ပါဝင်နေပြီး ၂၀၂၃ ခုနှစ်တွင် စုစုပေါင်းတီဘီလူနာတစ်သိန်းနှစ်သောင်းကျော် ရှာဖွေကုသပေးနိုင်ခဲ့ပြီး ဆေးကုသမှုအောင်မြင်နှုန်းမှာ ၈၈ ရာခိုင်နှုန်းရရှိခဲ့ကြောင်း၊
၂၀၂၃ ခုနှစ်အတွင်း တီဘီလူနာအားလုံး၏ ၉၃ ရာနှုန်းကို HIV ပိုးရှိမရှိ စစ်ဆေးနိုင်ခဲ့ပြီး HIV ပိုးတွေ့ တီဘီလူနာ ၇၉၃၆ ဦးအနက် ၇၆ ရာနှုန်းကို ART ဆေးရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင်၂၀၂၄ ခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် ''Yes! We can End TB!'' “တီဘီရောဂါ ပပျောက်ဖို့၊ အားလုံး ဝိုင်းဝန်းပူးပေါင်းလို့၊ ပံ့ပိုးကူညီဆောင်ရွက်စို့။” နှင့်အညီ တီဘီရောဂါပပျောက်နိုင်ရေးအတွက် ကာကွယ်ကုသရေးလုပ်ငန်းများကို လူတိုင်းလက်လှမ်းမီရရှိနိုင်ရန် အားလုံးပူးပေါင်း၍ ပံ့ပိုးဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Yangon_Times/tthl
#Local_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 565 of 2042