28 November 2023
စားအုန်းဆီဈေးအနည်းငယ်တက်နေပြီး ရန်ကုန်အထိုင်အခြေခံလက်ကားရည်ညွှန်းဈေးပင် တစ်ပိဿာကျပ် ၅၀၀၀ရှိလာပြီဖြစ်ကြောင်း စားသုံးရေးရာဦးစီးဌာနမှသိရသည်။
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၃ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၅,၀၀၀ ကျပ် ဖြစ်ကြောင်းထုတ်ပြန်ကြေညာ ထားသည်ဟုဆို သည်။
အောက်တိုဘာလ၁၆ရက်က ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းအဖြစ် စားအုန်းဆီ တစ်ပိဿ၄၂၇၅ကျပ်သာရှိခဲ့ရာမှ ယခုနိုဝင်ဘာလ၂၈ရက်ရောက်ချိန်တွင် စားအုန်းဆီတစ်ပိဿ ၅၀၀၀ကျပ်အထိ တက်လာခဲ့ခြင်းဖြစ်သည်။
စားအုန်းဆီများကို ယခုသတ်မှတ်ထားသည့်ရည်ညွှ်န်းဈေးနှုန်းအတိုင်းရောင်းချရမည်ဖြစ်ပြီး ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှအသိပေး ထုတ်ပြန်ထားကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published 28 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
၂၇ နိုဝင်ဘာ ၂၀၂၃
#တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ စစ်သင်္ဘော ၃ စင်း မြန်မာနိုင်ငံရန်ကုန်မြို့သို့ ချစ်ကြည်ရေးခရီး အလည်အပတ် ရောက်ရှိမှု
#နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမှု
#အမေရိကန်အစိုးရ၏ ကျောထောက်နောက်ခံ USIP (United States Institute of Peace) အဖွဲ့အစည်း၏ သုတေသန စာတမ်းများအားအမှီပြု၍ အနောက်နိုင်ငံမီဒီယာများမှ ကျယ်ကျယ်ပြန့်ပြန့် ဝါဒဖြန့်နေမှုများ
#၂၇-၁၁-၂၀၂၃ရှမ်းပြည်နယ်(အရှေ့မြောက်ဘက်)နှင့်ကယားပြည်နယ်တွင် စစ်ရေးနှင့် မသက်ဆိုင်သော ကယားပြည်နယ် ယဉ်ကျေးမှုအဆောက်အဦနှင့်အကျဉ်းထောင်သို့ လာရောက် တိုက်ခိုက်မှုများ၊ရခိုင်ပြည်နယ်တို့တွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားမှု များ
#မြန်မာနိုင်ငံ၏ ရှေ့မြောက်ဘက်ဒေသတွင်ဖြစ်ပေါ်နေသောအခြေအနေများကို အခွင့်ကောင်းယူ၍ အချက်ပေးလှုံ့ဆော်မှုများ
တို့နှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။
အဆိုပါပြောကြားချက်ကို အပြည့်အစုံပြန်လည်ဖော်ပြပေးပါတယ်။
-ymg/knl
#Daily_News
Published_ 27 November 2023
၁။ အေးရမည့်အချိန်တွင် လေဖိအားနည်းရပ်ဝန်းကြောင့် အအေးပေါ့ပြီး ပြန်ပူမည်၊ မိုးအနည်းငယ်ရွာမည်
၂။ လောက်ကိုင်တွင် ပိတ်မိနေသည့် ပြည်တွင်းရွှေ့ပြောင်းလုပ်သားများအပါအ၀င် ပြည်သူများ မြို့မှထွက်ခွာမှုများလာ
၃။ မူဆယ်- မန္တလေးယာဉ်စီးခဈေးနှုန်းများ ခုန်တက်နေပြီး နမ္မတူလမ်းပိတ်ထားသောကြောင့် လွယ်ဂျယ်လမ်းပိုင်းအား အသုံးပြု၍ ဆက်လက်ပြေးဆွဲပေးနေ
၄။ တောင်နှင့်မြောက်ငြိမ်းချမ်းရေး သဘောတူညီချက်များ ရပ်ဆိုင်းကာ စစ်ရေးလှုပ်ရှားမှုများမြောက်ကိုရီးယားပြန်လည်ဆောင်ရွက်သွားမည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News
#Local_Sport
Published-27 November 2023
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟိုချီမင်းမြို့တွင် ကျင်းပနေသည့် ၂၀၂၃ခုနှစ်၊ (၇)ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ် (7th WVVF World Vovinam Championships 2023)ပြိုင်ပွဲတွင် မြန်မာမှ ငွေ ဆုနှင့် ကြေး ဆုစုစုပေါင်း၇ ဆုအထိ ရရှိထားပြီး ဆက်လက်ယှဉ်ပြိုင်နေကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံဗိုဗီနမ်အားကစားအဖွဲ့ချုပ်မှ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာမြန်မာဗိုဗီနမ်အားကစားအသင်းသည် နိုဝင်ဘာ (၂၅) ရက်နေ့တွင် Four element staff form ပြိုင်ပွဲ၌ တင်ထူးဇော် ငွေတံဆိပ်(၁)ခုနှင့် 3male, 3Female ပြိုင်ပွဲ၌ တင်ထူးဇော်၊ ကျော်သူစိုးအောင်၊ ဟိန်းထက်အောင်၊ ချစ်နိုဒီဆောင်း၊ မေဟန်နီအောင်လွင်၊ အိန္ဒြဖေူးတို့က ငွေတံဆိပ် (၁) ခု စုစုပေါင်း ဆုတံဆိပ် (၂)ခု ဆွတ်ခူးရရှိခဲ့ကြောင်း၊ အလားတူ ယမန်နေ့ နိုဝင်ဘာ ၂၆ ရက်တွင် ၅၄ကီလိုတန်း(အတိုက်ပြိုင်ပွဲ)တွင် မင်းမင်းထိုက်မှ ကြေးတံဆိပ်ဆု (၁) ခု၊ female self defense(အပြပြိုင်ပွဲ)တွင် အောင်ခိုင်လင်း၊ ချစ်နိုဒီဆောင်းတို့အတွဲမှ ကြေးတံဆိပ်ဆု (၁) ခု၊ pair sword form male ပြိုင်ပွဲတွင် တင်ထူးဇော်၊ ကျော်သူစိုးအောင်တို့အတွဲ ကြေးတံဆိပ်ဆု (၁) ခု၊ ying yang sword form male ပြိုင်ပွဲတွင် ဟိန်းထက်အောင်မှ ကြေးတံဆိပ်ဆု (၁) ခု၊ ying yang sword form female ပြိုင်ပွဲတွင် မေဟန်နီအောင်လွင်မှ ငွေတံဆိပ်ဆု (၁ )ခု၊ ရရှိခဲ့ကြောင်း သိရသည်။
မြန်မာအသင်းအနေဖြင့် လက်ရှိအချိန်အထိငွေတံဆိပ် (၃) ခု၊ ကြေးတံဆိပ် (၄) ခု၊ စုစုပေါင်း ဆုတံဆိပ် (၇) ခုရရှိထားပြီး အဆိုပါပြိုင်ပွဲအား ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့ အထိကျင်းပမည်ဖြစ်ပြီး အခြားဆုတံဆိပ်များရရှိစေရန် ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
#Local_Sport #ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲ #ငွေနှင့်ကြေး၇ဆုရရှိ #YMG NN #Yangon_Times
#Local_News
Published-27-November-2023
ရန်ကုန်မြို့ ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊လမ်း(၁၂၀)၊ အာဒါးလမ်းထောင့်ရှိ တိုက်ဟောင်းတစ်လုံး နိုဝင်ဘာ၂၇ရက် မနက်ပိုင်းက ဘေးနံရံပြိုကျမှုကြောင့် လူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါ ပြိုကျခဲ့သည့် တိုက်မှာ အမှတ် (၂၆) လေးခန်းတွဲ နှစ်ထပ်တိုက်အမျိုးအစားဖြစ်ပြီး၊ ၂၀၁၃ ခုနှစ်အတွင်းက လူနေထိုင်ရန် မသင့်တော်သည့် တိုက်အဖြစ် သက်ဆိုင်ရာဌာနက သတ်မှတ်၍ လူနေထိုင်ခွင့်ပိတ်ထားသော တိုက်ဖြစ်ကြောင်း သိရသည်။
"တိုက်ဘေးနံရံပြိုကျတာပါ။ အမျိုးသားတစ်ဦးတော့ထိခိုက်ဒဏ်ရာရသွားတယ်။ သူကတိုက်ဘေးနားမှာ အလုပ်လုပ်နေတုန်းပြိုကျလို့ ထိသွားတာပါ"ဟု သပြေကုန်းပရဟိတ အသင်းမှအသင်းဝင်တစ်ဦးကပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူကို ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ တိုက်ပြိုကျသည့်နေရာသို့ မီးသတ်တပ်ဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများလာရောက်ကြည့်ရှု့ကာ ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#Local_News ##မင်္ဂလာတောင်ညွှန့် #ဘေးနရံပြိုကျ #လူတစ်ဦးထိခိုက်ဒဏ်ရာရ #YMG/LW #Yangon_Times
'တောင်ကြီး-ပေါမူ-တောင်ကြီးရှုခင်းကြည့်အထူးရထားကို နိုဝင်ဘာရက်နေ့က၂၇ရက်နေ့အထိ အထူးအစီအစဉ်နဲ့ ပြေးဆွဲပေးနေပါတယ်'
#Local_News
Published_ 27 November 2023
#တောင်ကြီးရှုခင်း #အထူးရထားပြေးဆွဲပေး
#YMG/ NN #Yangon_Times
နိုင်ငံပေါင်း(41)နိုင်ငံယှဉ်ပြိုင်ခဲ့ရာ မြန်မာအသင်းမှ ခင်ချယ်ရီသက်ဟာ အမျိုးသမီးတစ်ဦးချင်း Shooting ပြိုင်ပွဲမှာ Vietnam နဲ့ ယှဉ်ပြိုင်ကစားရာ ရမှတ်(၄/၂)နဲ့ ပထမဆုတံဆိပ်ရရှိခဲ့ပြီး အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာ ကမ္ဘာ့အဆင့်(၁)ရရှိခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံပီတန်းအဖွဲ့ချုပ်
#Local_News
Published_ 27 November 2023
#မြန်မာအားကစားမယ် #ကမ္ဘာ့အဆင့်(၁)ရရှိ
#tthl #Yangon_Times
Page 568 of 1834