#Local_News
Published 8 July 2024
▪️ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်ရှိ မြစ်ထွက်ပေါက်များ၌ အမှိုက်များစနစ်တကျစွန့်ပစ်စေရေး မေတ္တာရပ်ခံချက်ဆိုင်းဘုတ်များတပ်ဆင်ခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
▪️ ဒေါပုံမြို့နယ် အလင်းရောင်မြစ်ထွက်ပေါက်နှင့် မင်္ဂလာရာမမြစ်ထွက်ပေါက်များအတွင်းသို့ ပြည်သူများစည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုကြောင့် မြောင်းများပိတ်ဆို့ပြီးရေကြီးရေလျှံမှုမဖြစ်စေရေးအတွက် "ရေမြောင်းထဲအမှိုက်ပစ်ပါက ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူမည်"စာသားပါအနီရောင် တားမြစ်သတိပေးချက်ဆိုင်းဘုတ်များစိုက်ထူထား ကြောင်းသိရသည်။
▪️ ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှုူး၏ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းသန့်ရှင်းသာယာလှပစေရေးအတွက် ပြည်သူများအမှိုက်များစနစ်တကျစွန့်ပစ်စေရန် ရေမြောင်းထိပ်၌ စိုက်ထူထားသည့် တားမြစ်သတိပေးချက်အနီရောင်ဆိုင်းဘုတ်အောက်၌ "မြို့တော်သန့်ရှင်းသာယာလှပစေရေးနှင့်ရေစီးရေလာကောင်းမွန်စေရေးအတွက် အမှိုက်များအားမြောင်းအတွင်းသို့စွန့်ပစ်ခြင်းမပြုရန်နှင့် အမှိုက်များအားသတ်မှတ်နေရာများတွင်ရှိသော အမှိုက်ပုံးများအတွင်းသို့ စွန့်ပစ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်" စာသားပါ မေတ္တာရပ်ခံချက်အပြာရောင်ဆိုင်းဘုတ်များထပ်မံတပ်ဆင်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
၈ ဇူလိုင်၂၀၂၄
▪️ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်ကို ယနေ့မနက်၉နာရီက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်းတုန်းပြည်နယ် ချင်းတောင်မြို့ရှိ ချင်းတောင်နိုင်ငံတကာ ကွန်ဖရင့်စင်တာတွင်ကျင်းပရာ နစက ဒုတိယ ဥက္ကဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။
#ymg/knl


#Local_News
Published 08 July 2024
▪️ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်ရှိ ပန်းတစ်ပွင့်တောင် သာသနာ့နယ်မြေတွင် ယနေ့ ဇူလိုင်(၈)ရက်၌ 'ပန်းတစ်ပွင့်တောင်တော်မြတ် (၂၇)နှစ်ပြည့်နှစ်ပတ် လည်အခမ်းအနား'ကျင်းပလျက်ရှိကြောင်း သိရသည်။
▪️ ၂၀၂၄ခုနှစ် ဇူလိုင်လ(၈)ရက်သည် ဆရာတော်ဘုရားကြီး ပန်းတစ်ပွင့်တောင်သို့ စတင်ရောက်ရှိတဲ့နေ့ဖြစ်သည်ဟုဆိုသည်။
▪️ ယခုဆိုလျှင် ပန်းတစ်ပွင့်တောင်တော်မြတ်တွင် သာသနာတော်ထွန်းကားစည်ပင်ခဲ့သည်မှာ (၂၇)နှစ်ပြည့်ပြီဖြစ်ပြီး ဤနေ့တွင် ဒကာ/ဒကာမ ဥပထမ္ဘကအဖွဲများမှ စုပေါင်း သိက္ခာထပ် ကံဆင့်၊ ကံမြင့် မင်္ဂလာ ပြုလုပ်ကျင်းပမည် ဖြစ်သည်။
▪️ သို့ဖြစ်၍ ရပ်ဝေးရပ်နီးမှ ဒကာ/ဒကာမ များ အားလုံးကို ပန်းတစ်ပွင့်တောင်တော်မြတ် အထိမ်းအမှတ်မွေးနေ့ပွဲ သို ကြွရောက်ကြရန် ဖိတ်ကြားထားခဲ့ကြောင်းနှင့် နှစ်ပတ်လည် အခမ်းအနားကျင်းပလျက်ရှိကြောင်း သိရသည်။
#tthl #Yangon_Times
၇ ဇူလိုင် ၂၀၂၄
တရုတ်နိုင်ငံ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်သို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်းတုန်းပြည်နယ် ချင်းတောင်မြို့သို့ရောက်ရှိနေသည့် နစက ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ယနေ့ ဇူလိုင်(၇)ရက် ဒေသစံတော်ချိန်(၅)နာရီတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်အမျိုးသားကော်မတီ၏ ဒုတိယဥက္ကဋ္ဌ၊ SCO အိမ်နီးချင်း ကောင်းစိတ်ဓာတ်၊ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် GNFCCSCO : the Good-Neighborliness, Friendship and Cooperation Commission of Shanghai Cooperation Organization) ဥက္ကဋ္ဌ ဖြစ်သူ မစ္စရှန်ယွဲယွဲ Ms. Shen Yueyue နှင့် ချင်းတောင်နိုင်ငံတကာ ကွန်ဖရင့်စင်တာတွင် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် Ms. Shen Yueyue တို့သည် မြန်မာ-တရုတ်နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နေမှုများ၊ SCO အဖွဲ့ကြီးတွင် မြန်မာ ဆွေးနွေးဖက်နိုင်ငံအဖြစ်ပါဝင်နေသည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ ကို ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် မနက်ဖန် ဇူလိုင် ၈ရက်တွင်ကျင်းပမည့် စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ် ဖွင့်ပွဲတွင် အခြား SCO နိုင်ငံများမှ နိုင်ငံ့အကြီးအကဲများနှင့်အတူ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
အဆိုပါဖိုရမ်သို့တက်ရောက်ရန် SCO အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူအဆင့်နှင့် ဆွေးနွေးဖက်အဆင့်နိုင်ငံများမှ တာဝန်ရှိသူများ၊ပညာရှင်များနှင့်မီဒီယာကိုယ်စားလှယ်များတက်ရောက်ကြမည်ဟုသိရသည်။
ဒုတိယဗိုလ်ချုပ်မှူးကြီးသည် အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ ဇူလိုင် ၆ရက်နေ့ ညနေပိုင်းက ချင်းတောင်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ရာသက်ပန်လိုင်စင်ပိတ်သိမ်းခံရတဲ့ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီတွေရဲ့ လိုင်စင်အာမခံစပေါ်ငွေတွေကို နိုင်ငံတော်ဘဏ္ဍာသို့ ပေးသွင်းဆောင်ရွက်သွားမယ်လို့ အလုပ်သမားညွန်ကြားမှုဦးစီးဌာနက ဇူလိုင် ၅ရက်နေ့မှာ အသိပေးကြေညာလိုက်ပါတယ်။
#Local_News
Published 07 July 2024
#လိုင်စင်ပိတ်ခံရသည့်အေဂျင်စီ #နိုင်ငံတော်ဘဏ္ဍာသို့ပေးသွင်း
#NN #Yangon_Times
ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်တို့ဟာ မြို့(၁၉) မြို့မှာ မြစ်ရေတွေဆက်တက်ဖို့ရှိနေပြီး စိုးရိမ်ရေအမှတ် အထက်ကျော်လွန်ပြီး မြစ်ရေတက်မယ့် မြို့(၃)မြို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 07 July 2024
#ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်ရေ #မြို့(၁၉)မြို့တွင်ဆက်တက်နိုင်
#tthl #Yangon_Times
#Daily_News
Published 06 July 2024
၁။ ရန်ကုန်တွင် ဝမ်းပျက်ဝမ်းလျောလူနာထက် ကလေးဖျားနာလူနာနှင့် သွေးလွန်တုပ်ကွေးလူနာများပိုများနေ
၂။ စက်သုံးဆီ ဈေးများဆက်တက်၊ တစ်လတာအတွင်းတစ်လီတာကို ကျပ် ၁၀၀ ကျော်မှ ၅၀၀ကျော်အထိမြင့်တက်လာ
၃။ ဘောလုံးနည်းပြဖြစ်လိုသူများ နိုင်ငံတကာအသိအမှတ်ပြုဘောလုံးနည်းပြ ဒီပလိုမာသင်တန်း တက်ရောက်နိုင်ပြီ
၄။ ဂျပန်ယန်းငွေတန်ဖိုးကျဆင်းခြင်းကြောင့် စားသောက်ကုန်အမျိုးအစားပေါင်း(၄၀၀)ကျော်ဈေးနှုန်းမြင့်တက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 570 of 2207