‘ကောလဟာလသတင်းတွေ ထွက်ပေါ်လာတဲ့အတွက် လုံခြုံရေးအရစိုးရိမ်ပြီး ရန်ကုန်နဲ့မန္တလေးမှ ချောင်းသာကမ်းခြေကို တန်ဆောင်တိုင်လာမယ့်အစီအစဉ်တွေ ဖျက်သွားကြတာ ဖြစ်တယ်’ ချောင်းသာကမ်းခြေခရီးသွားလမ်းညွှန်
#Local_News
Published_ 25 November 2023
#တန်ဆောင်တိုင် #ချောင်းသာကမ်းခြေခရီးသွားလမ်းညွှန်
#tthl #Yangon_Times
ယခုရက်ပိုင်းစက်သုံးဆီဈေးကွက်အနေထားမှာတော့ ၀ယ်ယူသုံးစွဲမှုများတဲ့ ဓါတ်ဆီ ဈေးအနည်းငယ်ပြန်ကျပြီး ဒီဇယ်ဈေးကတော့ ဈေးပြန်မြင့်လာတယ်လို့ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ဈေးနှုန်းသတ်မှတ်ထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News
Published_ 25 November 2023
#စက်သုံးဆီဈေးကွက် #ဓါတ်ဆီဈေးအနည်းငယ်ကျ
#YMG/LW #Yangon_Times
#Local_News
Published-25-November-2023
ဒူဘိုင်းသို့ အလုပ်လုပ်ရန် သွားရောက်ရာမှ အီရတ်သို့ အရောင်းစားခံရသည်ဆိုကာ မြန်မာအမျိုးသမီး ၆ယောက်မှာ ဒုက္ခရောက်နေသဖြင့် သက်ဆိုင်ရာမှ အကူညီပေးရန်အတွက် လူမှု
ကွန်ယက်ဖေ့ဘုတ်စာမျက်နှာကနေတစ်ဆင့် အကူညီတောင်းခံကြောင်း သိရသည်။
နိုဝင်ဘာ ၂၄ ရက် နေ့တွင် Yee Yee Cho နာမည်ဖြင့် ဖေ့ဘုတ်အကောင့်မှ တစ်ဆင့် Live ပြီးမြန်မာနိုင်ငံအမျိုးသမီး ၆ ယောက်မှာ ဒူဘိုင်းသို့အိမ်အကူဖြင့် အလုပ်လုပ်ရန်အတွက် ပွဲစား
မှတဆင့်လာရောက်ပြီး ဒူဘိုင်းတွင် ၃ပတ်ခန့်နေထိုင်ခဲ့ရပြီးနောက် အလုပ်မရရှိဘဲ အီရတ်ကိုထပ်မံ ပို့ဆောင်ခံရခြင်းဖြစ်ကြောင်း ပြောကြားထားသည်။
''ကျွန်မတို့ကို ဒူဘိုင်းမှာ အိမ်အကူအလုပ်လုပ်ရမယ်။ လစာကောင်းတယ်ဆိုလို့ လာခဲ့တာ။ ဒူဘိုင်းရောက်တော့ အလုပ်လဲမလုပ်ရဘူး ထပ်ပြီးတော့ အီရတ်ကိုပို့တယ်၊ ဒီမှာလဲ အိမ်အကူအလုပ်ကိုနေ့စားသဘောမျိုးလုပ်ရတယ်၊ တပတ်မှာ ၃ရက်လောက်ပဲလုပ်ရတယ်။ လုပ်ခကိုလဲအပြည့်မပေးဘူး ထမင်းဆိုလဲ တရက်မှတနပ်ပဲ ကျွေးတယ်။ ထမင်းမစားရတဲ့ ရက်တွေတောင်ရှိပါတယ်''ဟု ဖေ့ဘုတ်အကောင့်မှ တစ်ဆင့် Live လွှင့်ပြီး ပြောထားသည်ကို တွေ့ရသည်။
အဆိုပါ အမျိုးသမီးများသည် သူတို့ကိုပို့ဆောင်ပေးခဲ့သည့် ပွဲစားကို ဆက်သွယ်သော်လည်းအဆက်သွယ်မရကြောင်းနှင့် မည်သည့်နေရာရောက်နေသည်ကိုပင် မသိရှိကြောင်း ပြော
ထားသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင်လည်း မြန်မာအမျိုးသမီးငယ်၇ ဦး ဒူဘိုင်းနိုင်ငံသို့ ရောင်းစားခံရသဖြင့် လူမှုကွန်ယက်စာမျက်နှာမှ တစ်ဆင့် အကူညီတောင်းခံခဲ့မှုဖြစ်ခဲ့ပြီး အလုပ်သမားဝန်ကြီးဌာနအပါအ၀င် သက်ဆိုင်ရာဌာနတွေက အကူညီပေးခဲ့ပြီး မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #အီရတ်သို့အရောင်းစားခံရ #လူမှုကွန်ယက်မှတစ်ဆင့်ကူညီတောင်းခံ #YMG/LW #Yangon_Times
#Local_News
Published 25 November 2023
ယခုလအတွင်းရခိုင်ဒေသအတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မြန်မာ-ဘဂ်လားဒေ့ရှ်ကုန်သွယ်ရေးထိခိုက်နေကြောင်း ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များနှင့် စီးပွားရေးလေ့လာသုံးသပ်သူများ၏ ပြောကြားချက်အရ သိရသည်။
ဘဂ်လားဒေ့ရှ့သို့ ပြည်တွင်းမှ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငါးခြောက်၊ အေးခဲငါး၊ အုန်း သီး၊ ဂျင်း၊ ကွမ်းသီးနှင့်သစ်များ တင်ပို့လေ့ရှိပြီး ဘဂ်လားဒေ့ရှ်မှ အာလူး၊ အထည်ချုပ်ပစ္စည်းများ၊ ပလက်စတစ်ပစ္စည်းများ၊ အလူမီနီယံနှင့် အခြားထုတ်ကုန်များကိုပြည်တွင်းသိုတင်သွင်းလေ့ရှိကြောင်း သိရသည်။
'ဟိုဘက်လည်းပို့မရ၊ ဒီဘက်လည်းသွင်းမရနဲ့ အကုန်ရပ်ကုန်တာ၊ အခက်အခဲရှိတာပေါ့၊ အကုန်အခက်အခဲရှိတယ်၊ ဒါကိုပဲမှီခိုစားသူ အကုန်ဒုက္ခတွေ့ကုန်တာပေါ့' ဟု ပို့ကုန်လုပ်ငန်းရှင် ဦးမောင်လှက ပြောသည်။
ရခိုင်ပြည်နယ်တွင်း AA နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့မှစတင်၍ ကုန်စည်စီးဆင်းသည့်လမ်းကြောင်း အားလုံးကို ပိတ်ထားသည့်အတွက် ကုန်စည်စီးဆင်းမှုရပ်တန့်နေခြင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနတ်ဆိပ်ကမ်းနှင့် ရခိုင်ပြည်နယ်မောင်တောဆိပ်ကမ်းတို့အကြား အဓိက ပြုလုပ်လျက်ရှိပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုမှာ စိုးရိမ်စရာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်သွင်းကုန်လုပ်ငန်းရှင်များက ထုတ်ဖော်ပြောဆိုထားကြသည်။
ထို့အပြင် လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း စက်သုံးဆီဈေးနှုန်းမြင့်တက်ခြင်းနှင့် ပြတ်လပ်မှုများ ကြုံတွေ့နေခြင်းကြောင့် စပါးရိတ်သိမ်းမည့် တောင်သူများမှာလည်း အခက်တွေ့နေကြောင်း သိရသည်။
၄င်းအပြင် ရခိုင်ဒေသအပါအဝင် မူဆယ်၊ ကယားစသည့်ဒေသများသိုလည်း ကုန်စည်စီးဆင်းမှုရပ်တန့်နှောင့်နှေးမှုများရှိနေရာ ကုန်စည်စီးဆင်းမှု အခြေအနေများ ဆက်လက် ထိခိုက်နေပါက ကုန်ဈေးနှုန်း မြင့်တက်မှု၊ တိုင်းပြည်စီးပွားရေးကျဆင်းမှုနှင့် ဒေသတွင်း ဒုစရိုက်မှုများ တိုးလာနိုင်သောကြောင့် ဒေသတည်ငြိမ်အေးချမ်းပြီး ကုန်စည်စီးဆင်းမှုများ ပြန်လည်မှန်ကန်လာစေရန်အမြန်ဆုံးလုပ်ဆောင်သင့်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက သုံးသပ်ထားသည်။
#Local_News #ရခိုင်တိုက်ပွဲ # မြန်မာ-ဘဂ်လားဒေ့ရှ်ကုန်သွယ်ရေးထိခိုက် #YMG/NN #Yangon_Times
Breaking_News
၂၅ နိုဝင်ဘာ ၂၀၂၃
တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့်နယ်မြေဒေသလုံခြုံ အေးချမ်းရေးအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တောင်ပိုင်းစစ်ဒေသကြီး၏ ပုံမှန်စစ်ရေး လေ့ကျင့်မှုအား တရုတ်-မြန်မာနယ်စပ်ဒေသတွင် နိုဝင်ဘာလ ၂၅ ရက်နေ့၌ လုပ်ဆောင်သွားမည်ဖြစ်ပြီး တရုတ်တပ်မတော်(ရေ)ရဲ့ စစ်သင်္ဘောများလည်း မြန်မာနိုင်ငံကိုမကြာမီလာရောက် လည်ပတ်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားပါတယ်။
ပြောကြားချက်အပြည့်အစုံကိုဖော်ပြအပ်ပါတယ်။
-ymg/knl
၂၄ နိုဝင်ဘာ ၂၀၂၃
-လွိုင်ကော်တက္ကသိုလ်မှဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် မိသားစုဝင်များထဲမှ(၁၀၃)ဦး တောင်ကြီးသို့ ပြန် လည် ရောက်ရှိလာမှုအခြေအနေ၊
-ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းဈေးတွင် မီးလောင်မှုဖြစ်စဉ် ဖြစ်ပွားမှုအခြေအနေ
-၂၄-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(အရှေ့မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများ
-နိုင်ငံနေရာအနှံ့ကောလာဟလသတင်းများထုတ်လွှင့်နေမှုအခြေအနေများ
နှင့်ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားရှင်းလင်းခဲ့ပါတယ်။
ပြောကြားချက်အပြည့်အစုံကိုပြန်လည်ဖော်ပြပေးပါတယ်။
-ymg/knl
#Daily_News
Published_ 24 November 2023
၁။ (၃)လအတွင်း ရန်ကုန်တိုင်းအတွင်းရှိ တိုက်ကြီးမြို့နယ်၌ ငလျင်(၁၀)ကြိမ်လှုပ်ခတ်သက်ရောက်ခဲ့
၂။ မန္တလေး-မြစ်ကြီးနားလမ်းပိုင်း ပြန်လည်ဖွင့်လှစ်ပြီး ကုန်စည်များ ပြန်လည်ပို့ဆောင်နေ
၃။ မလေးရှားတွင် အလုပ်လုပ်ရန်အတွက် ပို့ဆောင်ပေးမည်ဆိုကာ ငွေကြေးလိမ်တောင်းခံရသဖြင့် တိုင်ကြားမှု အများဆုံးဖြစ်နေ
၄။ ဂျပန်လူနေရပ်ကွက်များသို့ ဝက်ဝံများမကြာခဏဝင်ရောက်လာသဖြင့် ကာကွယ်ရေးနည်းလမ်းများကျင့်သုံးနေကြရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News
Page 573 of 1834