ရေဘေးသင့်ပြည်သူတွေ နေရပ်ပြန်လာတဲ့အခါမှာ သောက်သုံးရေအဆင်ပြေစေဖို့နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ ရေဘေးသင့်ကျေးရွာတွေက ရေတွင်းတွေကိုဆယ်ယူတာတွေဆောင်ရွက်ပေးနေတယ်လို့ ရေဘေးကယ်ဆယ်ရေးများဆောင်ရွက်ပေးနေသူ ပျဉ်းမနားမြို့ ဒေသခံ ဦးကျော်သူရထံက သိရပါတယ်။
#Local_News
Published 17 September 2024
#ရေတွင်းများဆယ်ယူပေးနေ #သောက်သုံးရေအဆင်ပြေဖို့
#YMG/NN #Yangon_Times
ထူးကဲဒီရေတက်မယ့်ရက်နဲ့ ရန်ကုန်မိုးများမယ့်ရက်တိုက်နေလို့ ရန်ကုန် ရေကြီးရေလျှံဖြစ်နိုင်ခြေရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 17 September 2024
#ထူးကဲဒီရေတက်မည့်ရက် #ရန်ကုန်ရေကြီးရေလျှံနိုင်
#YMG/tthl #Yangon_Times
#Local_News
Published 17 September 2024
▪️ ပြီးခဲ့သည့်ရက်ပိုင်းကဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် တိုင်းနှင့်ပြည်နယ်ကိုးခု၌ သီးနှံစိုက်ဧက ၆ သိန်းခွဲနီးပါး ရေဝင်နစ်မြုပ်ခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။
▪️ တိုင်ဖွန်းမုန်တိုင်း ရာဂိ၏ နောက်ဆက်တွဲ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်နေပြည်တော်၊ ကယား၊ ကရင်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်းနှင့် ဧရာဝတီတိုင်းအတွင်း မြို့နယ်ပေါင်း ၅၆ မြို့နယ်မှ စပါးနှင့်သီးနှံစုံ စိုက်ပျိုးဧက ၆၄၃,၀၈၁ ဧက ရေဝင်နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ရေဝင်နစ်မြုပ်မှုများတွင် နေပြည်တော်ကောင်စီနယ်မြေ၌ စုစုပေါင်း စိုက်ပျိုးထားသည့် မိုးသီးနှံဧက ၃၄၅၀၀၀ မှ ဧက ၄၇၀၀၀ ကျော် ရေကြီးနစ်မြုပ်ခဲ့ပြီး လက်ရှိအချိန်အထိ ဧက ၂၈၀၀၀ ပြန်ပေါ်ခဲ့ပြီး ထိခိုက်မှုရှိခဲ့သည့် ဧက ၁၇၀၀၀ ကျော်တွင် ဧက ၃၉၀၀ ကျော်သည် သီးနှံပျက်စီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
▪️ ယင်းရေကြီးမှုများကြောင့် ပျက်စီးခဲ့သည့် စိုက်ပျိုးမြေများကို ရာသီချိန် အမီ ပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် ထိခိုက်ခဲ့သည့် သီးနှံစိုက်ခင်းများကို အထွက်နှုန်းနှင့်သီးနှံအရည်အသွေးထိခိုက်မှု သက်သာစေရေး၊ ရေကြီးရေလွှမ်းပြီးနောက် သီးနှံစိုက်ခင်းများကို ကျရောက်တတ်သည့် သီးနှံပိုးမွှားရောဂါများ ကာကွယ်နှိမ်နင်းရေးအတွက် နည်းပညာနှင့် အကူအညီများ ပံ့ပိုးပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
▪️ အဆိုပါ သီးနှံစိုက်ဧကများ ရေနစ်မြုပ်မှုအပြင် လယ်ယာသုံး ကျွဲ၊ နွားတွေ အပါအဝင် တိရစ္ဆာန်မျိုးစုံ ၁၂၈၃၄၄ ကောင်ရေ သေဆုံးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 17 September 2024
▪️ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံရှိတိုင်းနှင့်ပြည်နယ်အချို့တွင် ဖြစ်ပွားခဲ့သည့် ရေကြီး၊ ရေလျှံမှုများ အတွက် အာဆီယံမှပေးပို့မည့် လူသားချင်းစာနာမှုအကူအညီတချို့ ရောက်ရှိမည်ဖြစ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး (၂/၂၀၂၄)မှ သိရသည်။
▪️ အဆိုပါ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး (၂/၂၀၂၄) ကို စက်တင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပရာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
▪️ ထိုသို့ပြောကြားရာတွင် နိုင်ငံတကာအကူအညီအနေဖြင့် ယခုလည်း အာဆီယံ မှ ပေးပို့မည့် လူသားချင်းစာနာမှု အကူအညီတချို့ ရောက်ရှိတော့မည်ဖြစ်ပြီး AHA Center မှ နိုင်ငံတွင်း ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (In-Country Liaison Team – ICLT) ကလည်း မြန်မာနိုင်ငံကိုလာရောက်ပြီး ဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက် အလက်ထုတ်ပြန်ရေးနှင့် နိုင်ငံတကာအကူအညီများ တိုးတက်ရရှိရေးအတွက် ပူးပေါင်းကူညီဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
▪️ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင်ဖြစ်ပေါ်ခဲ့သည့် အားကောင်းသောမုန်တိုင်းငယ်နှင့် တောင်တရုတ်ပင်လယ်တွင်ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်းရာဂီ အရှိန်ကြောင့် စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်အတွင်း ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှအပ နေပြည်တော်ကောင်စီနယ်မြေနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
▪️ ယင်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများက သက်ဆိုင်ရာအဖွဲ့အစည်းနှင့် တာဝန်ရှိသူများက ရေကြီးရေလျှံနေသည့်နေရာများအား ခက်ခက်ခဲခဲဖြင့် သွားရောက်ဆောင်ရွက်ခဲ့ရကြောင်း၊ ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ စက်တင်ဘာ ၁၅ ရက်နေ့တင်ပြမှုအရ တိုင်းဒေသကြီးနှင့်ပြည်နယ် ၇ ခုရှိ မြို့နယ် ၆၉ မြို့နယ်တွင် သေဆုံးမှုအနေဖြင့် နေပြည်တော်တွင် ၄၇ ဦး၊ ကရင်ပြည်နယ်တွင် ငါးဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ၇၆ ဦး၊ ရှမ်းပြည်နယ်တွင် ၄၃ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် တစ်ဦးရှိနေကြောင်း သိရသည်။
▪️ ထို့အပြင် ပျက်စီးမှု၊ သေဆုံးပျောက်ဆုံးမှုများကို အတည်ပြုထုတ်ပြန်သွားရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုတွင် ယာယီရေဘေး ကယ်ဆယ်ရေးစခန်း ၃၈၈ ခုဖွင့်လှစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်ပြီး အာဟာရပြည့်ဝသည့် စားရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ ကျန်းမာရေးနှင့် အဝတ်အထည်ရရှိရေးတို့ကို တာဝန်ရှိသူများနှင့် အလှူရှင်များက လှူဒါန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
▪️ ရေကြီး၊ရေလျှံမှုဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးသေဆုံးမှု အနေဖြင့် စက်တင်ဘာ ၁၅ ရက် စာရင်း ဇယားများအရ နိုင်ငံအဝန်း၌ မြို့နယ် ၆၉ မြို့နယ်မှ လူနေအိမ် ၁၀၈၃ လုံး၊ ရုံးဌာန အဆောက်အဦ ၁၄၆ လုံး၊ စာသင်ကျောင်း ၁၀၂၃ ကျောင်း၊ ဘာသာရေးကျောင်း ၃၈၂ ကျောင်း၊ လမ်း/တံတားပျက်စီးမှု ၁၇၇ ခု၊ လျှပ်စစ်မီးတိုင် ၉၆၃ တိုင်၊ ဆက်သွယ်ရေးတိုင် ၈၂ တိုင် ထိခိုက်ပျက်စီးခဲ့ကာ သေဆုံးသူ ၁၇၂ ဦး၊ မျောပါပျောက်ဆုံးသူ ၃၈ ဦးရှိပြီး တိရစ္ဆာန်သေဆုံးမှုအနေဖြင့် ၁၀၅၃၈၈ ကောင်ရှိကြောင်း ကနဦးသိရှိရပြီး ရေဘေးသင့်ဒေသများသို့ လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ (Disaster Management Committee)ဖွဲ့စည်းပြီး ၂၄ နာရီ အရေးပေါ်ရုံးခန်း ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 16 September 2024
၁။ ရေဘေးသင့်ပြည်သူများ သောက်သုံးရေကြောင့် ရောဂါမရအောင်ဆောင်ရွက်ပေးမည်ဟုဆို
၂။ ပြည်ပနိုင်ငံပေါင်း၄၀ကျော်သို့ ကန်ဒေါ်လာ သန်း၁၃၀ ကျော်တန်ဖိုးရှိ ငါးမျိုးစုံတင်ပို့ထား
၃။ ရွှေဈေး ကျပ်တစ်သိန်းခန့်မြင့်တက်
၄။ ဂါဇာဒေသ၌ ငြိမ်းချမ်းရေးပြန်လည်ဖော်ဆောင်ကြရန် စစ်ဘေးသင့်ဂါဇာပြည်သူများ အနူးအညွတ်မေတ္တာရပ်ခံ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မုန်တိုင်းငယ်အရှိန်ကြောင့် စက်တင်ဘာလ (၁၆)ရက်ကစပြီး နောက်(၂၄)နာရီအတွင်း ရခိုင်၊ စစ်ကိုင်း၊ ချင်းမှာမိုးသည်းထန်ပြီး သဘာဝဘေးကြုံနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 16 September 2024
#မုန်တိုင်းငယ်အရှိန် #သဘာဝဘေးကြုံနိုင်
#YMG/tthl #Yangon_Times
#Local_News
Published 16 September 2024
▪️ နေပြည်တော်မြို့အဝင်၊ ရာဇသင်္ဂဟလမ်းမကြီးပေါ်မှာ မြို့အဝင်မုခ်ဦးပုံစံ (Conceptual Design) ဒီဇိုင်းရေးဆွဲပေးပို့ရန် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဖိတ်ခေါ်ထားကြောင်း သိရသည်။
▪️ ကိုယ်တိုင်ရေးဆွဲထားသည်ဆိုသည့်ဝန်ခံချက်နှင့် ဒီဇိုင်းရေးဆွဲသူကိုယ်တိုင် စိတ်ကူးအကြံဉာဏ်များကို Presentation ပြုလုပ်ရန်လည်း လိုအပ်ပြီး ပေးပို့လာသောဒီဇိုင်းများထဲမှ ရွေးချယ်ခံရ သော ဒီဇိုင်းများအတွက် ထိုက်သင့်သောချီးမြင့် ငွေများပေးအပ်သွားမည်ဖြစ်သည်ဟုဆိုသည်။
▪️ မုခ်ဦးပုံစံတွင်မြန်မာမှုစုလစ်မွမ်းချွန်ပုံစံထည့်သွင်းရန်လိုအပ်ပြီး အလျား၂၀၀ပေ၊အနံ၅၀ပေခန့် (Clear Span ၁၁၈ပေ)ရှိမည့်မုခ်ဦးအတွက် ဒီဇိုင်းရေးဆွဲရမည်ဖြစ်ပြီးစက်တင်ဘာလ(၃၀)ရက် နောက်ဆုံးထားကာ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)သို့ အဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ အရေအတွက် အကန့်အသတ်မရှိ ပေးပို့နိုင်ကြောင်း သိရသည်။
#YMG/tthl #Yangon_Times
Page 572 of 2276