#Daily_News
Published 05 July 2024
၁။ ဆန်များအိမ်အရောက်ပို့ပေးသည်ဆိုပြီး ငွေကြေးလိမ်လည်မှုများရှိနေ
၂။ ရခိုင်မှအုန်းဆီရရှိမှုမရှိတော့၍ ဈေးကွက်တွင်းအုန်းဆီပြတ်လတ်နေ
၃။ ရူပီးနှင့်ကျပ်ငွေ ကုန်သွယ်မှုငွေပေးချေရေးယန္တရား စတင်ဆောင်ရွက်နေပြီး ပို့ကုန်သမားများအဆင်ပြေ
၄။ တရုတ်-ရုရှားနှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတန်ဖိုးအား ဆက်လက်ထိန်းသိမ်းသွားရန် ရှီကျင့်ဖင်ပြော ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်ရွှေဈေးကွက်အတွင်းမှာ တစ်လတာအတွင်း ရွှေဈေးတစ်ကျပ်သားကို ကျပ်နှစ်သိန်းခြောက်သောင်းကျော်
အထိကျဆင်းနေတယ်လို့ ဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published 05 July 2024
#ရွှေဈေးကျဆင်း #ရန်ကုန်ရွှေဈေးကွက်
#NN #Yangon_Times
ရူပီးနဲ့ ကျပ်ငွေကုန်သွယ်မှုငွေပေးချေရေးယန္တရားကို စတင်ဆောင်ရွက်နေရာ ပို့ကုန်သမားတွေအတွက် အဆင်ပြေနိုင်တယ်လို့ ပို့ကုန်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
#Local_News
Published 05 July 2024
#ရူပီးနှင့်ကျပ်ငွေကုန်သွယ်မှု #ငွေပေးချေရေးယန္တရား
#NN #Yangon_Times
ဧရာဝတီမြစ်ဟာ ဗန်းမော်မြို့၊ရွှေကူမြို့ ၊ကသာမြို့၊ သပိတ်ကျင်းမြို့၊ ချင်းတွင်းမြစ်ရေ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်မြို့၊မော်လိုက်၊ ကလေးဝ၊ မင်းကင်းမြို့၊ မုံရွာမြို့တို့နဲ့ နန့်ယင်းချောင်းရေဟာ မိုးကောင်းမြို့မှာ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ပြီး မြစ်ရေကြီးဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 05 July 2024
#မြစ်ရေကြီးမည့်မြို့(၁၁)မြို့ #စိုးရိမ်ရေအမှတ်ကျော်
#tthl #Yangon_Times
ရခိုင်မှအုန်းဆီရရှိမှုမရှိတော့လို့ ရန်ကုန်ဈေးကွက်တွင်းအုန်းဆီပြတ်လတ်နေတယ်လို့ သိရပါတယ်။ တစ်ပိဿာ ၃သောင်းကျော်အထိတက်ပြီး ပစ္စည်းလိုသလောက်မရဖြစ်နေ။
#Local_News
Published 05 July 2024
#ဈေးကွက်တွင်းအုန်းဆီပြတ်လတ်နေ #ရခိုင်မှအုန်းဆီရရှိမှုမရှိတော့
#tthl #Yangon_Times
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် Page မှာတင်ထားတာကို'ပေါ်ဆန်းမွှေးဆန်များ အိမ်အရောက်ပို့စနစ်ဖြင့် ဖြန့်ဖြူးရောင်းချခြင်းအစီအ စဉ်'ကို ကူးယူပြီး Pageအတုဖြစ်တဲ့ MSF- Myanmar Rice Federation Page မှာ ဖုန်းနံပါတ်တွေ၊ viberနံပါတ်တွေပြောင်းပြီး ငွေလိမ်လည်နေတာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 05 July 2024
#ငွေကြေးလိမ်လည်မှုများရှိနေ #အိမ်အရောက်ပို့စနစ်
#tthl #Yangon_Times
#Local_News
Published 05 July 2024
▪️ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်မှပါရဂူဘွဲ့၊မဟာဘွဲ့အပါအဝင် ဘွဲ့ရရှိသော ပြည်တွင်းပြည်ပမှရဟန်းရှင်လူ(၁၂၉) ပါး/ဦးကို ဘွဲ့လက်မှတ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
▪️ (၂၂) ကြိမ်မြောက် ဘွဲ့နှင်းသဘင်နှင့် ဒီပလိုမာအောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ဇူလိုင်ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် Seminar Hall ၌ ကျင်းပခဲ့သည်။
▪️ အခမ်းအနားတွင်သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် (ကိုယ်စား) ဒုတိယဝန်ကြီး ဦးအေးထွန်းက ဂုဏ်ယူဝမ်းမြောက်စကား လျှောက်ထားရာတွင် ယနေ့ ကျင်းပသည့် (၂၂) ကြိမ်မြောက် တက္ကသိုလ်ဘွဲ့နှင်းသဘင် အခမ်းအနားတွင် (၂ဝ၂၃-၂ဝ၂၄) ပညာသင်နှစ်အတွက် ပါရဂူဘွဲ့ (ဗုဒ္ဓဓမ္မ) (၄) ပါး၊ မဟာဝိဇ္ဇာဘွဲ့ (ဗုဒ္ဓဓမ္မ) (၁၈) ပါး/ဦး၊ ဝိဇ္ဇာဘွဲ့ (ဗုဒ္ဓဓမ္မ) (၃၃) ပါး/ဦး၊ ဒီပလိုမာအောင်လက်မှတ် ရရှိသူ (၇၄) ပါး/ဦး၊ စုစုပေါင်း (၁၂၉)ပါး/ဦးကို သက်ဆိုင်ရာ ဘွဲ့အောင်လက်မှတ်များ ပေးအပ် ချီးမြှင့်မည်ဖြစ်ကြောင်း သိရ၍ ဗုဒ္ဓ၏တရားတော်များကို လေ့လာဆည်းပူးခဲ့ကြသည့် သင်တန်းသားများ၏ အောင်မြင်မှုကို လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း၊
▪️ ဤတက္ကသိုလ်တွင် ပညာဆည်းပူးခဲ့ကြသည့် ပြည်တွင်း/ပြည်ပ ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်များအနေဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ နိုင်ငံဒေသ အသီးသီးရှိ သာသနာရေးဆိုင်ရာ ဗျူရိုဌာနများနှင့် ၎င်းဒေသနိုင်ငံများရှိ ဗုဒ္ဓဘာသာ တက္ကသိုလ်များတွင် အဆင့်မြင့်ရာထူးများ ခန့်အပ်တာဝန်ပေးခြင်းခံရသည်ဟု သိရသည့်အတွက် လွန်စွာကျေနပ် အားရမိပါကြောင်း၊
▪️ ဤတက္ကသိုလ်မှ သင်ကြားဆရာတော်ကြီးများ အနေဖြင့်လည်း သင်တန်းသားများအား အရည်အချင်း ပြည့်၀စေရန်အတွက် ပြည်တွင်း/ပြည်ပ သင်တန်းသားများအား ထေရဝါဒ ဓမ္မလက်ဆောင်များ သင်ကြားဖြန့်ဝေပေးခြင်းဖြင့် ကမ္ဘာသူ ကမ္ဘာသားတို့၏ ကောင်းကျိုးများ ရရှိစေရန်အတွက် ကြိုးပမ်းနေကြကြောင်း သိရသဖြင့် သင်ကြားဆရာတော်များနှင့် သင်တန်းသားများ အားလုံးအတွက် အထူးဂုဏ်ယူ ဝမ်းမြောက်ရပါကြောင်း လျှောက်ထားခဲ့သည်။
▪️ ပါမောက္ခချုပ်ဆရာတော်က ဘွဲ့ရကျောင်းသားများကို တက္ကသိုလ်အဓိဋ္ဌာန် အမေး/အဖြေပြုပြီး သင်တန်းအသီးသီးသို့ တက်ရောက် အောင်မြင်ခဲ့ကြသော ပြည်တွင်း/ပြည်ပ သင်တန်းသား သင်တန်းသူ စုစုပေါင်း (၁၂၉) ပါး/ဦးတို့ကို ဘွဲ့၊ အောင်လက်မှတ်နှင့် အဆောင်အယောင်များ ချီးမြှင့် အပ်နှင်းတော်မူသည်။
▪️ ဝိဇ္ဇာဘွဲ့ (ဗုဒ္ဓဓမ္မ) တန်းမှ ပညာရည်ချွန် ထူးချွန်ဆုရရှိသော (Gold Medalist) ထူးချွန် ရွှေတံဆိပ်ဆုရှင် မြန်မာသင်တန်းသား ရဟန်းတော် ဘဒ္ဒန္တဗာကုလအား တက္ကသိုလ်က ချီးမြှင့်သည့် ရွှေစင်ရွှေပြား တစ်ကျပ်သား ဆုတံဆိပ်ကို ပါမောက္ခချုပ်ဆရာတော် (ကိုယ်စား) ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း က ပေးအပ်လှူဒါန်း ချီးမြှင့်ခဲ့သည်။
▪️ အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်း ပရိယတ္တိစာသင်တိုက် ပဒေနနာယက၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် အဓိပတိ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ အကျိုးတော်ဆောင် ဆရာတော် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းတိုက် ပဓာနနာယကဆရာတော် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယအဓိပတိ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ အမှူးပြုသော ဆရာတော်ကြီးများ၊ တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ အမှူးပြုသော သင်ကြားဆရာတော်ကြီးများ၊ ဂုဏ်ထူးဆောင်ပါမောက္ခ ဆရာတော်ကြီးများ၊ သင်ကြားသီလရှင် ဆရာကြီးများ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ရန်ကုန်မြို့တော်ဝန်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ပနိုင်ငံများမှ သံအမတ်ကြီးများ၊ အတွင်းဝန်များနှင့် သံရုံးတာဝန်ခံများ၊ ပြည်တွင်း၊ ပြည်ပနိုင်ငံများမှ ဘွဲ့ရသင်တန်းသားများနှင့် မိဘဆွေမျိုးများ တက်ရောက်ကြကြောင်း သိရသည်။



#tthl #Yangon_Times
Page 572 of 2207