အခုရက်ပိုင်းအတွင်း အခေါက်ရွှေဈေးနှုန်းတွေအနည်းငယ်ဆက်လက်ကျဆင်းနေပြီး တောင်ကြီးမြို့ရှိ ရွှေဆိုင်တွေပါ ရည်ညွှန်းဈေးအတိုင်းရောင်းချနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 03 July 2024
#ရွှေဈေးအနည်းငယ်ကျ #ရည်ညွှန်းဈေးအတိုင်းရောင်းချ
#NN #Yangon_Times
ထိုင်းနိုင်ငံကို ပြောင်းတင်ပို့ရာမှာ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေရှိနေတဲ့အပြင် ထိုင်းဝယ်လိုအားကြောင့် လက်ရှိမှာဈေးတွေလည်းကျဆင်းနေတယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းက သိရပါတယ်။
#Local_News
Published 03 July 2024
#ပြောင်းဈေးများကျဆင်း #သယ်ယူပို့ဆောင်ရေးအခက်အခဲရှိ
#NN #Yangon_Times
ယူ-၁၂လူငယ်ကစားသမား ရွေးချယ်ပွဲများဘောလုံးအကယ်ဒမီ (မန္တလေး)မှာ ဇူလိုင်လ ၁၂၊ ၁၃၊ ၁၄ ရက်နဲ့ အမျိုးသား ဘောလုံးအကယ်ဒမီ(ရန်ကုန်) ဇူလိုင်လ ၆၊ ၇၊ ၈ ရက်မှာ စတင်ရွေးချယ်သွားမှာဖြစ်တယ်လို သိရပါတယ်။
#Local_News
Published 03 July 2024
#ယူ-၁၂လူငယ်ကစားသမားရွေးချယ်ပွဲ #ဘောလုံးအကယ်ဒမီ(ရန်ကုန်)
#tthl #Yangon_Times
နန်းယင်းချောင်းနဲ့ နန့်ကောင်းချောင်းရေဟာ မိုးကောင်းမှာ၊ ဧရာဝတီမြစ်ဟာ ဗန်းမော်၊ ရွှေကူနဲ့ကသာမှာ၊ ချင်းတွင်းမြစ်ရေဟာလည်း ဟုမ္မလင်း၊ ဖောင်းပြင်၊မော်လိုက်၊ ကလေးဝ၊ မင်းကင်းဒေသတို့မှာ တိုးဖို့ရှိနေတယ်လို့ သိရပါတယ်။
#Local_News
Published 03 July 2024
#မြစ်ရေများတိုး #နန်းယင်းချောင်း #နန့်ကောင်းချောင်း
#tthl #Yangon_Times
နိုင်ငံခြားမှာ အလုပ်ရမယ်ဆိုပြီးသင်တန်းကြေး၊ ပတ်စ်ပို့ကြေး၊ ဗီဇာကြေးတွေ မြန်မာအမျိုးသမီးငယ်လေးတွေထံမှ အလိမ်ခံရတာများနေတယ်လို့ သိရပါတယ်။ တရားဝင်အေးဂျင့်တွေနဲ့ဆက်သွယ်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
#Local_News
Published 03 July 2024
#ပတ်စ်ပို့ကြေး #ဗီဇာကြေးများအလိမ်ခံရမှုများ
#tthl #Yangon_Times
#Local_News
Published 03 July 2024
▪️ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပခဲ့သည့် နိုင်ငံတကာယဉ်ကျေးမှုနှင့် အားကစားပွဲ(နဂါးလှေလှော်)ပြိုင်ပွဲတွင် မြန်မာရွှေတံဆိပ်နှစ်ခုဖြင့် နိုင်ငံအလိုက်ပထမရရှိသော အောင်ပွဲရမြန်မာအားကစားအဖွဲ့အား ကြိုဆိုခဲ့ကြောင်း သိရသည်။
▪️ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Barnaul မြို့တွင် ဇွန်(၂၈)ရက်နေ့မှ ဇူလိုင်(၂၈)ရက်နေ့အထိကျင်းပခဲ့သော နိုင်ငံတကာယဉ်ကျေးမှုနှင့် အားကစားပွဲ (နဂါးလှေပြိုင်ပွဲ) (Altai Regatta Dragon Festival ) ပြိုင်ပွဲတွင် မြန်မာရွှေတံဆိပ်နှစ် ခုဖြင့် နိုင်ငံအလိုက်ပထမရရှိသောအောင်ပွဲရ မြန်မာအားကစားအဖွဲ့သည် ဇူလိုင်(၃)ရက်တွေင်ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။
▪️ အောင်ပွဲရမြန်မာလှေလှော်အားကစားအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ်ဦးစိုးသိန်းနှင့်တိုင်းဒေသကြီး၀န်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိပုဂ္ဂိုလ်များ၊မြန်မာနိုင်ငံလှေလှော်လှာ်အဖွဲ့ချုပ်ဒုတိယဥက္ကဌ ၊ အမှုဆောင်များနှင့် လှေလှော်အားကစားသမားများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှကျောင်းသား၊ကျောင်းသူများ၊ မိဘဆွေမျိုးများသောင်းသောင်းဖျဖျကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
▪️ မြန်မာအသင်းသည် မီတာ၂၀၀နှင့် မီတာ၅၀၀တို့တွင် ပထမဆု ရွှေတံဆိပ်တစ်ခုစီ ရယူခဲ့ပြီး မီတာ၂၀၀၀တွင်မြန်မာအသင်းအနေဖြင့်အကောင်းဆုံးယှဉ်ပြိုင်လှော်ခတ်သွားနိုင်သော်လည်း ရလဒ်အနေဖြင့် အဆင့် ၆ ဖြင့်သာကျေနပ်ခဲ့ရပြီး နိုင်ငံအလိုက်ပထမဆုရရှိခဲ့ကြောင်း သိရသည်။
▪️ အဆိုပါပြိုင်ပွဲတွင်အိမ်ရှင်ရုရှား၊ မလေးရှား၊ အိန္ဒိယ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှာ၊ ကမ္ဘောဒီယား၊ ဥဇဘက်ကစ်စတန် မြန်မာနိုင်ငံတို့ပါ၀င်ကာ အသင်း ၁၃ သင်း၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ယင်းပြိုင်ပွဲသို့မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်း ၊ အုပ်ချုပ်/နည်းပြ နှစ်ဦးအမျိုးသားအားကစားသမား၁၂ဦးတို့ ပြန်လည်လိုက်ပါခဲ့ကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published_3 July 2024
▪️ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် ငွေကျပ် ၂၀ ဒသမ ၁၆ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူး သွပ်ဆေးပြား ၁၃ ဒသမ ၄၄ သန်း သယ်ဆောင်သည့် ဂိုဏ်းအဖွဲ့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။
▪️ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဇွန် ၂၅ ရက် နံနက် ၇ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ တောင်စဉ်အေး စစ်ဆေးရေးစခန်းတွင် ပျဉ်းမနားဘက်မှ ရေနီဘက်သို့ ဇေယျာကျော် မောင်းနှင်ပြီး ဟိန်းကျော်မင်း လိုက်ပါလာ သည့် LIGHT TRUCK မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလ တန်ဖိုးငွေကျပ် ၂၀ ဒသမ ၁၆ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၁၃ ဒသမ ၄၄ သန်း သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
▪️ စစ်ဆေးဖော်ထုတ်ချက်များအရ စိတ်ကြွရူးသွပ်ဆေးပြားများ ကလောမှ ပျော်ဘွယ်သို့ သယ်ဆောင်ရာ၌ ပူးပေါင်း ပါဝင်သူများဖြစ်ကြသည့် မြတ်ပိုင်သူ၊ ဖြိုးစည်သူဟိန်းနှင့် အောင်အောင်(ခ)အောင်ကြီးတို့ ၃ ဦးကို ရ မည်းသင်းမြို့နယ်၊ တွင်းကျေးရွာအနီးတွင် သယ်ဆောင်ခဲ့သည့် NISSAN BOX မော်တော်ယာဉ်တစ်စီးနှင့် လည်းကောင်း၊ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သည့် နွယ်နီသင်း၊ ရဲဒွေးလှိုင် (ခ)ဗလနှင့် မြင့်အောင်တို့ ၃ ဦးအား ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်ရှိ မိုတယ်တွင် TOYOTA WILL မော် တော်ယာဉ်တစ်စီး၊ TOYOTA ESTIMA မော်တော်ယာဉ်တစ်စီးနှင့် လည်းကောင်း၊ မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် စီမံဆောင်ရွက်သူ ဝေမင်းဖြိုး(ခ)အုန်းအုန်းနိုင်အား ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁)ရပ်ကွက်တွင် လည်းကောင်း၊ အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
▪️ ဆက်လက်စစ်ဆေး ဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ ဂိုဏ်းဖွဲ့သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအ ရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင် ဆက်စပ်ပါဝင်သူများ၏ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#Yangon_Times/PP
Page 575 of 2207