#Local_News
Published 5 March 2025

▪️ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့အနီးမှာ ယနေ့ မတ်လ ၅ ရက် ယနေ့ မြန်မာစံတော်ချိန် နံနက် ၄ နာရီ၊ ၃၆ မိနစ်၊ (၄၇) စက္ကန့်အချိန်တွင် အင်အားရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ပြီးနောက် ငလျင်သုံးကြိမ်ထပ်မံလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

▪️ အဆိုပါမြေငလျင်သည်  ကမ္ဘာအေးမြေငလျင်စခန်းမှအနောက်-အနောက်မြောက်ဘက် (၃၃) မိုင်ခန့်ကွာဝေးသည့် မြန်မာနိုင်ငံပြည်တွင်း (ညောင်တုန်းမြို့၏ အရှေ့တောင်ဘက် (၆) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၆.၉၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၆၆) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ရှားသွားခဲ့ခြင်းဖြစ်ပြီး ယင်းမြေငလျင်လှုပ်ရှားမှုအပြီးတွင်  နောက်ဆက်တွဲမြေငလျင်များအဖြစ် ယနေ့ မနက် ၄ နာရီ ၅၄ မိနစ်အချိန်က အင်အားရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိသောမြေငလျင်တစ်ခုညောင်တုန်းမြို့၏  အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာတွင် ထပ်မံလှုပ်ရှားခဲ့ပြီး  မနက် ၅ နာရီ ၂၀ မိနစ်အချိန်က အင်အားရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိသည့် မြေငလျင်တစ်ခု ညောင်တုန်းမြို့၏  အနောက်တောင်ဘက် ၂၃ မိုင်ခန့်အကွာတွင် လှုပ်ရှားခဲ့ကြောင်း သိရသည်။

▪️ ထို့အပြင် မနက် ၅ နာရီ ၂၃ မိနစ်အချိန်က အင်အားရစ်(ခ်)တာစကေး (၃.၁) အဆင့်ရှိသည့်  မြေငလျင်တစ်ခုညောင်တုန်းမြို့၏ အရှေ့ဘက် ၂၅ မိုင်ခန့်အကွာတွင် ထပ်မံလှုပ်ရှားခဲ့ကြောင်း သိရသည်။

#YMG/NN #Yangon_Times