ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က ဧရာဝတီမြစ်ရေဟာ ဒီကနေ့ ဇူလိုင် ၂ ရက် မနက်အစောပိုင်းကစလို့ တဖြည်းဖြည်းကျဆင်းနေပြီး သက်ဆိုင်ရာကလည်း ရေဘေးရှောင်စခန်း ၃၀ဖွင့်လှစ်ပြီး ကူညီကယ်ဆယ်ပေးနေတယ်လို့ ပြည်နယ်အစိုးရအဖွဲ့နဲ့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုးဦးစီးဌာနက သိရပါတယ်။
#Local_News
Published 02 July 2024
#ရေဘေးရှောင်စခန်း၃၀ဖွင့်လှစ် #ဧရာဝတီမြစ်ရေပြန်ကျလာ
#tthl #Yangon_Times
အိန္ဒိယနိုင်ငံရဲ့အဓိက ဝယ်ယူနေတဲ့ ပို့ကုန်အမယ်တစ်ခုဖြစ်တဲ့ မတ်ပဲဈေးနှုန်းဟာ လက်ရှိမှာ ဈေးအမြင့်တန်းမှာရှိနေပြီး အတက်အကျဖြစ်နေတယ်လို့ ပဲဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published 02 July 2024
#မတ်ပဲဈေးအမြင့်တန်း #အတက်အကျဖြစ်နေ
#NN #Yangon_Times
မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ နန်နင်းမြိုကြား တိုက်ရိုက်ပြေးဆွဲတဲ့ ရန်ကုန် - နန်နင်း - ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ်ကို Ruili Airlines မှရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြန်လည်ပြေးဆွဲနေပြီဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 02 July 2024
#ရန်ကုန်-နန်နင်း #ကုန်ပစ္စည်းများလည်းတိုက်ရိုက်ပို့ဆောင်နိုင်
#tthl #Yangon_Times
ကချင်၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ဗန်းမော်က ရေဘေးသင့်ပြည်သူ ထောင်ချီကို ရေဘေးလွတ်ရာကို ရွေ့ပြောင်းပေးနေရတဲ့ ကယ်ဆယ်ရေးတွေလည်း မလုံလောက်သလို ရေသန့်နဲ့ စားနပ် ရိက္ခာတွေလည်း လိုအပ်နေတယ်လို သိရပါတယ်။
#Local_News
Published 02 July 2024
#ဖုန်းလိုင်းများပြတ်နေ #အကူအညီတောင်းခံရန်အခက်တွေ့
#tthl #Yangon_Times
#Local_News
Published 02 July 2024
▪️ စမ်းချောင်းမြို့နယ်ရှိ ဗဟိုလမ်းမကြီးနှင့်ကျွန်းတောလမ်းကို ယခင်တစ်လမ်းမောင်းလမ်းအဖြစ်သတ်မှတ်ထားရာမှ ဇူလိုင်(၂)ရက်မှစ၍ နှစ်လမ်းမောင်းအဖြစ်သတ်မှတ်လိုက်ကြောင်း စမ်းချောင်းမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်ထံမှ သိရသည်။
▪️ "ဗဟိုလမ်းမကြီးနှင့်ကျွန်းတောလမ်းရော နှစ်လမ်းလုံးကို နှစ်လမ်းမောင်းအဖြစ်သတ်မှတ်လိုက်ပြီ။ ဇူလိုင်(၂)ရက် ဒီမနက် ၁၀နာရီခွဲ ၁၂နာရီလောက်မှာပဲ ယာဉ်မောင်းတွေလည်းသိပြီး ကားတွေသွားနေကြပြီ။ နှစ်လမ်းမောင်းလို့ရပြီဆိုတာကို ကြေညာထားပြီးအားလုံးလည်း သိနေကြပြီ "ဟု စမ်းချောင်းအရန် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
▪️ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ကျွန်းတောလမ်းမကြီးအား (ဟံသာဝတီလမ်းထိပ်မှ ဗားကရာလမ်းထိပ်ထိ) ဗဟိုလမ်းမကြီးအား (ဗားကရာလမ်းထိပ်မှဟံသာဝတီလမ်းထိပ်ထိ)ယခင်က တလမ်းမောင်း သတ်မှတ်ထားရာမှအဆိုပါလမ်းမကြီး၂ခုလုံးအား ယခုနံနက်မှစ၍ ၂လမ်းမောင်းအဖြစ် ပြန်လည်သတ်မှတ်လိုက်ပြီဖြစ်ကြောင်းစမ်းချောင်း မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် ရဲသူရိန်မှ ယာဥ်မောင်းသူများ သိရှိနိုင်ပါရန်တင်ပြပေးထားသည်။
▪️ ယင်းအပြင် ကျွန်တောလမ်ကိုနှစ်လမ်းမောင်းအဖြစ် ပြောင်းလဲသတ်မှတ်လိုက်ပြီဖြစ်ကြောင်း ဟံသာဝတီဘက်မှ ဝင်လာနိုင်သလို ဗားကရာ ဘက်ကဝင်လာလို့လည်းရကြောင်း စမ်းချောင်းမြို့နယ်ရှိ Felix ( Car Audio )ဆိုင်၏ ဖော်ပြချက်အရ သိရသည်။
#tthl #Yangon_Times
#Local_News
Published 02 July 2024
▪️ ယခုဘဏ္ဍာနှစ် သုံးလနီးပါးတာကာလအတွင်း ပြည်ပကုန်သွယ်မှုမှ ကန်ဒေါ်လာခြောက်ဘီယံကျော်ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
▪️ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီ ၁ ရက်မှဇွန် ၂၁ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုဒေါ်လာ ၆ ဒသမ ၂၂၃ ဘီလျံရရှိခဲ့ကြောင်း သိရသည်။
▪️ ပြည်ပကုန်သွယ် မှုများမှယခင်နှစ်ကာလတူတွင် ကန်ဒေါ်လာ ၇ ဒသမ ၇၁၇ ဘီလျံအထိရှိခဲ့သည့်အတွက် ယခုဘဏ္ဍာနှစ် သုံးလအတွင်း ပြည်ပကုန်သွယ်မှု ယခင်နှစ်ကာလထက် ဒေါ်လာ ၁ ဒသမ ၄၉၃ ဘီလျံ လျော့ကျနေခြင်းဖြစ်ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများသို့ပင်လယ်ရေကြောင်းအပြင် နယ်စပ်ကုန်သွယ်မှုများမှပါ ကုန်သွယ်လေ့ရှိကြောင်း သိရသည်။
▪️ ထိုသို့နယ်စပ်များမှကုန်သွယ်ရာတွင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလာဒေ့ရှ်နှင့် လာအိုနိုင်ငံတို့ဖြင့် ကုန်သွယ်ရေးစခန်း ၁၅ ခုဖွင့်လှစ် ဆောင်ရွက်နေခြင်းဖြစ်ကာ ယင်းအနက် တရုတ်နယ်စပ်နှင့် ထိုင်းနယ်စပ်တို့တွင် ကုန်သွယ်ရေးစခန်း ၁၁ ခုထိဖွင့်လှစ်ကာ အဓိက ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
▪️ ပြီးခဲ့သည့်နှစ်မှစတင်၍ နယ်မြေအခြေအနေများကြောင့် နယ်စပ်ကုန်သွယ်ရေးများလျော့နည်းလာခြင်းဖြစ်ကြောင်း ကုန်သည်များထံမှ သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 2 July 2024
▪️ တောင်ကိုရီးယားနိုင်ငံသို့အလုပ်သွားရောက်လုပ်ကိုင်ရန် EPS-TOPIK ဖြေဆိုအောင်မြင်ပြီးသူများကို Skills Test စစ်ဆေးခြင်းယခုလအတွင်း၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ သိရသည်။
▪️ ၂၀၂၄ခုနှစ်အတွင်း ၁၆ကြိမ်မြောက် ကိုရီးယားအရည်အချင်းစစ် EPS-TOPIK စာမေးပွဲ (ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း အုပ်စု၂ )ဖြေဆိုအောင်မြင်ပြီးသူများအတွက် အခြေခံကျွမ်းကျင်မှုစစ်ဆေးခြင်း Skills Test ဖြေဆိုမည့်နေ့ရက်များမှာ ဇူလိုင်၂၈ ရက်မှ ဩဂုတ် ၁ ရက်နေ့အထိဖြစ်ကြောင်းသိရသည်။
▪️ ထို့အပြင် Skills Test ဖြေဆိုရမည့် အချိန်၊ နေရာများနှင့် ဝန်ဆောင်မှုလုပ်ငန်းအုပ်စု၁၏ ဖြေဆိုရမည့် နေ့ရက်၊အချိန်၊ နေရာများကိုလည်း ဆက်လက်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon-Times
Page 577 of 2207