Published 11 February 2024
တိုက်ကြီးခရိုင်၌ ၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါးရာသီအတွက် မျိုးစေ့ချကိရိယာ (Seeder) အလက် ၅၁၀ ဖြန့်ဝေထားကြောင်းတိုက်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ မှသိရသည်။
အဆိုပါ မျိုးစေ့ချကိရိယာ (Seeder)အလက် ၅၁၀ ကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယခု နွေစပါးရာသီအတွက် ခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ ဖြန့်ဝေထားခြင်းဖြစ်ကြောင်းသိရသည်။
မျိုးစေ့ချကိရိယာ (Seeder) များဖြင့် စပါး တိုက်ရိုက်အစေ့ချစိုက်ပျိုးနိုင်ပြီး Seeder အသုံးပြုခြင်းသည် အချိန်ကုန် သက်သာစေပြီး ကုန်ကျစရိတ် ကို လျှော့ချနိုင်ကာ တစ်ဧက အထွက်နှုန်းတိုး၍ တောင်သူများ ဝင်ငွေရလမ်း ပိုမိုရရှိနိုင်လာမည့် အကျိုးကျေးဇူးများပြားနိုင်ကြောင်းသိရသည်။
YMG/ NN
Yangon-Times
Yangon_Times/NN
#Local_News
#Published_ 11 February 2024
#YMG #Yangon_Media_Group #Yangon_Times
Published 11 February 2024
ကမ္ဘာ့ငြိမ်းချမ်းမှု ဖော်ဆောင်ရေးကိုယ်ကျင့်သီလ ဗဟုသုတပြိုင်ပွဲ (၂၀၂၃) ဆုချီး မြှင့်ပွဲကို ၂၀၂၄ခုနှစ်မတ်လ၌ ထိုင်းနိုင်ငံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပဉ္စမအကြိမ် မြောက် ကမ္ဘာ့ငြိမ်းချမ်းမှု ဖော်ဆောင်ရေး ကိုယ်ကျင့်သီလ ဗဟုသုတပြိုင်ပွဲ (၂၀၂၃) (The 5th Myanmar World Peace Ethic Contest 2023)ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်၊ နယ်စပ်တောင်တန်းဒေသ၊ ရန်ကုန်တိုင်း သာသနာ့နုဂ္ဂဟ အသင်းကြီးနှင့် ထိုင်းနိုင်ငံဓမ္မ ကာယကျောင်းတော်ကြီးတို့က ကျင်းပခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ် အမှတ် (၅) အခြေခံပညာအထက်တန်း ကျောင်းမှ မောင်ဘုန်းမော်ရွှေ က ပထမဆုကို ဆွတ်ခူးရရှိခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ ကမ္ဘာ့ငြိမ်းချမ်းမှု ဖော်ဆောင်ရေး ကိုယ်ကျင့်သီလ ဗဟုသုတပြိုင်ပွဲ (၂၀၂၃) တွင် ပထမဆုရ မောင်ဘုန်းမော်ရွှေ နှင့် နှစ်သိမ့်ဆုရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြု ဆုချီးမြှင့်ပွဲကို ပြီးခဲ့သည့်ရက်ပိုင်းက လည်း အ.ထ.က (၅) ကမာရွတ် (သပြေခန်းမဆောင်) ၌ ကျင်းပရာ G-10 to G-12 Level တန်းတွင် ပထမဆုရ မောင်ဘုန်းမော်ရွှေနှင့် ဆုရ ကျောင်းသား၊ ကျောင်းသူများ အား မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်၊ နယ်စပ်တောင်တန်းဒေသ၊ ရန်ကုန်တိုင်းသာသနာ့နုဂ္ဂဟ အသင်းဥက္ကဋ္ဌ သဒ္ဓမ္မဇောတိက ဓဇ၊ သုဓမ္မမဏိဇောတဓရ ဦးတင်မိုးအောင်၊ အမှတ် (၅) အခြေခံပညာ အထက်တန်း ကျောင်း ကျောင်းအုပ်ဆရာမ ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 11 February 2024
#YMG #Yangon_Media_Group #Yangon_Times
ချစ်သူများနေ့ Valentines Dayတွင် FAများအတွက် ''FA စျေးပွဲတော်'' ကျင်းပမည်
"FA စျေးပွဲတော်"မှာ ဖျော်ဖြေရေး အစီအစဥ် တွေ၊ Game Activities၊ Challenges၊Free Gift Vouchers၊ Free Gifts၊LuckyDraw၊ Tarot တွေပါဝင်မှာဖြစ်ပြီး ဈေးပွဲတော်မှာ ဈေးရောင်းချလိုသူတွေအနေနဲ့ One booth ကို30000ကျပ်မှ စပြီးယူလို့ရတယ် ပွဲစီစဉ်တဲ့Supreme Lounge က တာဝန်ရှိသူတစ်ဦး
Yangon Times/tthl
#Local_News
#Published_ 10 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_10 Feb 2024
ဆူးလေဆိပ်ကမ်း တံတား တွင် MV. VTC PHOE NIX သင်္ဘော ပေါ်သို့ အင်ဒိုနီးရှားနိုင်ငံသို့ ပို့မည့် ဆန်တန်ချိန် ၁၈,၀၀၀ ကျော် ကိုလည်းကောင်း၊ စပိန် နိုင်ငံနှင့် ပိုလန်နိုင်ငံတို့သို့ တင်ပို့မည့် အရန်ဆန်နှင့် ဆန်ထွက်ပစ္စည်း များကိုလည်းကောင်း တင်ဆောင်လျက် ရှိကြောင်း သိရသည်။
မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၏ ဆူးလေအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဝင်းအတွင်းရှိ ဆူးလေဆိပ်ကမ်း တံတား အမှတ်(၇)တွင် အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် ၁၈,၀၀၀ ကျော် တင်ပို့မည့် MV. VTC PHOE NIX သင်္ဘော ပေါ်သို့ ဆန်တင်လုပ်ငန်းများ ၊ ဆူးလေဆိပ်ကမ်း တံတား အမှတ်(၂)နှင့် အမှတ်(၅)တို့တွင် စပိန် နိုင်ငံနှင့် ပို လန်နိုင်ငံတို့သို့ တင်ပို့ အရန်ဆန်နှင့် ဆန်ထွက်ပစ္စည်းများ သင်္ဘောများပေါ်သို့ တင်ဆောင်ခြင်း လုပ်ငန်းများ တို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက် သွယ် ရေးဝန်ကြီးဌာ န၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး က ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်တွင် သွားရောက် ကြည့်ရှခဲ့ ကြောင်း သိရသည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြီးကြပ်စီမံခန့်ခွဲလျှက်ရှိသည့် ရန်ကုန်ခ ကုန်ဆိပ်ကမ်းအနေဖြင့် အထွေထွေ ကုန်စည်သင်္ဘောများကို အသုံးပြု၍ ဝမ်းပုံစနစ်ဖြင့် ပြည်ပသို့ ဆန်တင်ပို့လျက်ရှိသည့် အပြင် ကုန်သေတ္တာ သင်္ဘောများကိုပါ အသုံးပြု၍ ဥရောပ၊ အာဖရိကနှ ာနှင့် အာရှနိုင်ငံအသီးသီးသို သီးသို့ ဆန် နှင့်ဆန်ထွက် ပစ္စည်းများ၊ ပဲအမျိုးမျိုးနှင့် ပြောင်းစသည့် လယ်ယာထွက်ကုန်များကို တင်ပို့၍ ဌာန နှင့် နိုင်ငံတော်အတွက် နိုင်ငံခြားငွေကိုတစ်ဖက်တစ်လမ်းမှ ရှာဖွေပေးလျက်ရှိရာ၂၀၂၃၂၀၂၄ ဘဏ္ဍာရေးနှစ်(ဧပြီလမှ ဇန်နဝါရီလအထိ) စုစုပေါင်း ဆန်တန်ချိန် ၁,၀၈၁,၃၈၈ တန်၊ ပဲတန်ချိန် ၁,၁၃၅,၈၁၆ တန်နှင့် ပြောင်းတန်ချိန် ၅၂၅,၅၆၆ တန် တင်ပို့ခဲ့ပြီးကြောင်း သိရသည်။
ဆူးလေဆိပ်ကမ်းဝင်းအတွင်းတွင် သိုလှောင်ရုံ (၇)လုံးရှိပြီး သိုလှောင်ရုံ အမှတ်(၁၊ ၂၊ ၃၊ ၄)ကို၁၉၁၂ ခုနှစ်နှင့် သိုလှောင်ရုံအမှတ်(၅၊ ၆၊ ၇)ကို ၁၉၆၃ ခုနှစ်တွင်တည်ဆောက်ခဲ့ကြောင်း၊ သိုလှောင်ရုံအမှတ် (၁၊ ၂၊ ၃၊ ၄)၏ အမိုးနှင့် ရေတံလျှောက်များအား ပြုပြင်မွမ်းမံ၍ ပြည်ပသို့ တင်ပို့မည့် ဆန်နှင့် ကောက်ပဲသီးနှံများ သိုလှောင်ခြင်း ၊ ပြည်ပမှတင်သွင်းလာမည့် ဓါတ်မြေဩဇာများ သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ် ကြောင်း၊ လက်ရှိ သိုလှောင်ရုံ(၄)လုံး ပြုပြင်မွမ်းမံခြင်း ဆောင်ရွက်နေပြီး ပြုပြင်မွမ်းမံနေသော သိုလှောင်ရုံ(၄) လုံး အနက် သိုလှောင်ရုံ(၂)လုံးမှာ ၂၀၂၄ ခုနှစ်၊ မတ်လတွင် ပြီးစီးမည်ဖြစ်ကာ ကျန်သိုလှောင်ရုံ(၂)လုံးမှာ ၂၀၂၄ ခုနှစ်၊ မေလကုန်ခန့်တွင် ပြီးစီးမည်ဖြစ်ကြောင်းသိရသည်။
ဆူးလေသိုလှောင်ရုံများသည် နိုင်ငံတော်၏ ဆန်နှင့် လယ်ယာထွက်ကုန်များ သိုလှောင်ဖြန့်ဖြူး ခြင်းအတွက် အလွန်အရေး ပါသော သိုလှောင်ရုံများဖြစ်ခြင်းကြောင့် ပြုပြင်မွမ်းမံရာတွင် ရေရှည် အသုံးပြုနိုင်ရေး စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် လုပ်ငန်းများ အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်ရန် နိုင်ငံတော်စီမံ အုပ် ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင် စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက လမ်းညွှန်ခဲ့ကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#Published_ 10 February 2024
#YMG #Yangon_Media_Group #Yangon_Times
၁၀ ဖေဖော်ဝါရီ ၂၀၂၄
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်းသည့် အကြောင်းအရာများနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါတယ်။ အဆိုပါ ပြောကြားချက်အပြည့်အစုံ ကို ဖော်ပြပေးအပ်ပါတယ်။
@ymg/knl
Published_10 Feb 2024
ကန် ဒေါ်လာ ၂၀ ဒသမ ၆၇သန်း အကုန်အကျခံတည်ဆောက်ခဲ့သော ဘက်စုံသုံး ဗော်ယာ မ ၊ ချ ရေ ယာဉ် ၆၀ မီတာ (60M Multipurpose Buoy Handling Vessel) ("ဂန္ဓ"ရေယာဉ်) (၁)စီး၊ မြေတူး မြေခံ ရေ ယာဉ် (၂)စုံနှင့် ဆိပ်ကမ်းလုပ်ငန်းသုံး ရေ ယာဉ် (Habour Launch) (၃)စီး၊ စုစုပေါင်း ရေယာဉ်(၈)စီး ယနေ့ ဖေဖော် ဝါရီလ ၁၀ ရက် တွင် လုပ်ငန်းခွင် စတင်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ယင်းလုပ်ငန်း ခွင် စတင်ဝင်ရောက်ခြင်း အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက် နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး၊ ကျောက်တံတားမြို့ နယ်၊ ပန်းဆိုးတန်း ကျန်းမာရေး ဆိပ်ခံ တံတား၌ ပို့ဆောင်ရေး နှင့်ဆက် သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ကုန်သွယ်မှု နည်း လမ်း များအနက် ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှုသည် ကမ္ဘာ့ကုန်သွယ်မှု တန်ဖိုး၏ ၇၀ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ကုန်သွယ်မှု ပမာဏ၏ ၈၀ရာခိုင်နှုန်း ရှိကြောင်း United Nation Conference on Trade and Development (UNCTAD) က နှစ်စဉ် ထုတ်ပြန်သည့် Review of Maritime Transport အရ သိရှိရ ကြောင်း ယင်း အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင် ရေးနှင့်ဆက် သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားခဲ့သည်။
ဆိပ်ကမ်းလုပ်ငန်းကဏ္ဍတွင် Stakeholder များ ဖြစ်ကြသော မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် ပုဂ္ဂလိက ဆိပ် ကမ်းတံတားများက မိမိတို့၏ ဝန်ဆောင်မှုစနစ်နှင့် စွမ်းဆောင်ရည်ကို နိုင်ငံတကာကုန်သွယ်မှုအတွက် လိုအပ် ချက် စံချိန်စံညွှန်း များနှင့် လိုက်လျောညီထွေ အဆင်သင့်ဖြစ်စေရန် အဆင့်မြှင့်တင်ခြင်း၊ စဉ်ဆက်မပြတ် ပြောင်းလဲ တိုးတက်နေသည့် နည်းပညာ နှင့်စက် ကိရိယာများကို တပ်ဆင်အသုံးချခြင်း၊ ဒေသတွင်း ခေတ်မီ ဆိပ်ကမ်းများနည်းတူ ဒစ်ဂျစ်တယ်အသွင် ကူး ပြောင်းခြင်း (Digital Transformation) နည်းလမ်းဖြင့် Electronic Port(e-Port) မှ Smart Port အဆင့် သို့ တက်လှမ်းနိုင်စေရေး အတွက် နိုင်ငံတော်နှင့် ဝန်ကြီး ဌာန၏ ဦးဆောင်ပံ့ပိုးမှုများနှင့်အတူ အားလုံး ဝိုင်းဝန်း ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လည်း ယင်းက ပြောကြားခဲ့ကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#Published_ 10 February 2024
#YMG #Yangon_Media_Group #Yangon_Times
၁၀ ဖေဖော်ဝါရီ ၂၀၂၄
တပ်မတော်က ကောလင်းမြို့အား ယနေ့(ဖေဖော်ဝါရီ ၁၀ရက်)တွင် အပြီးတိုင် ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ပြီဟု သတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။
တပ်မတော်စစ်ကြောင်းများသည် ကောလင်းနယ်မြေအတွင်းသို့ စနစ်တကျဖြင့် အဆင့်ဆင့်ခြေကုတ်ယူ၍ လေကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် ချီတက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲ ၁၈ ကြိမ် ဖြစ် ပွားခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၀ရက်နေ့တွင် အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့ သတင်းကဆိုပါတယ်။
စစ်ကိုင်းတိုင်း ဒေသကြီး၊ ကောလင်းမြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်တွင် KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သမား များက အင်အားအလုံးအရင်းဖြင့်ဝင်ရောက်၍ မြို့လုံခြုံရေး ထုတ်နှုတ်အဖွဲ့နှင့် မြို့နယ်အဆင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စခန်းတို့အား တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့လည်း နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ိ
ထိုသို့တိုက်ခိုက်ခဲ့ပြီးနောက် ကောလင်းမြို့ကို ထိန်းချုပ်ထားနိုင်ခဲ့ပြီလို့လည်း အဆိုပါအဖွဲ့များက ကြေညာခဲ့ပါတယ်။
အဲဒီအတွက်ကောလင်းမြို့ခံ ဝန်ထမ်းများ၊ အရပ်သားများအနေဖြင့် အကြောင်းမဲ့ နေရပ်စွန့်ခွာထွက်ပြေးရမှု၊ အနိုင်ကျင့် ခံရမှုအပေါ် တုန့်ပြန်နိုင်ရေးနှင့် နှိပ်စက်မှုများကို လက်မခံနိုင်သည့် ကျေးရွာများမှ လူငယ်များ၊ လူလတ်ပိုင်းများ အနေ ဖြင့်လည်း ဝန်းသို၊ ကန့်ဘလူ မြို့နယ်ရှိ နီးစပ်ရာ တပ်ဌာနချုပ်များမှ လှုပ်ရှားလုံခြုံရေးအဖွဲ့နှင့် ပူးပေါင်း၍ မြို့၊ ရွာ ကာကွယ်ရေးအတွက် ကူညီဆောင်ရွက်ပေးရန်တောင်း ဆိုမှုများအရ ရပ်ရွာလုံခြုံရေး၊ မြို့ရွာကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်း၍လည်းကောင်း၊ တပ်မတော်မှလည်း လိုအပ်သည့် စစ်ကူ၊ ပစ်ကူ အင်အားများ ဖြည့်တင်းခြင်းအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထအပတ်မှ ၂၀၂၄ ဇန်နဝါရီလ တတိယအပတ်အထိ လည်းကောင်း ပြင်ဆင်လေ့ကျင့်ခြင်းနှင့် လိုအပ်သည့် စုဖွဲ့မှုများကိုဆောင်ရွက်ခဲ့တယ်လို့ နစက,က သတင်းထုတ်ပြန်ထားပါတယ်။
ယင်းကဲ့သို့ အင်အားစုဖွဲ့ပြီးနောက် တပ်မတော်စစ်ကူစစ်ကြောင်းများအနေဖြင့် ကောလင်းမြို့အတွင်းနှင့် အနီး ပတ်ဝန်းကျင်တွင် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter– Terrorism Operation) ဆောင်ရွက်ရန်အတွက် ဇန်နဝါရီ ၂၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့သို့ရောက်ရှိကြရာ မြို့မိ၊ မြို့ဖများ၊ ဒေသခံပြည်သူများက သောင်းသောင်းဖြဖြကြိုဆိုအားပေးခဲ့ကြကာ ယင်းမှ စစ်ဆင်ရေးစတင်ခဲ့ပြီး ယခုကောလင်းမြို့ကို အပြီးတိုင်ပြန်လည် ထိန်းချုပ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။
အကြမ်းဖက်သမားများအနေဖြင့် ကောလင်းမြို့အတွင်းသို့ ရောက်ရှိနေစဉ် အတွင်း ဘာသာရေးဆိုင်ရာ အဆောက် အဦများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ လူနေအိမ်များတွင် တာယာကွင်းများ၊ သဲအိတ်များစီ၍ ဘန်ကာများဆောက်လုပ်ပြီး တပ်မတော် စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်၊အဆောက်အဦများအကြားနှင့် အများပြည်သူ သွားလာအသုံးပြုသည့် ဆက်သွယ်ရေးလမ်းကြောင်းများ ပေါ်၌ မိုင်းထောင်ခြင်းများ၊ ဒေသခံပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက် ခြင်း များကို လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထုတ်ပြန်ထားသည့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE)နှင့်အညီ ဆောင်ရွက်ခဲ့ရတယ်လို့လည်း နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စနစ်တကျစုဖွဲ့၍ ချီတက်တိုက်ခိုက်ချေမှုန်းခဲ့မှုများ ကြောင့် အကြမ်းဖက်သမားများသည် လူနေအိမ်များနှင့် ဌာနဆိုင်ရာ အဆောက်အဦ များအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း စသည့် အဖျက် အမှောင့်လုပ်ရပ် များ လုပ်ဆောင်၍ ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့သိရပါတယ်။
ထိတွေ့မှုများဖြစ်ပွားစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး အကြမ်းဖက်သမားများထံမှ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်း၊ ဗုံးသီးများ၊ အကြမ်းဖက်သမား ရုပ်အလောင်းအချို့နှင့် အကြမ်းဖက် လုပ်ငန်းများလုပ်ဆောင်ရာတွင် အသုံးပြုသည့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။
အဆိုပါအဖွဲ့များထောင်ထားခဲ့သည့် မိုင်းများကြောင့် အများပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိစေရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းခြင်းလုပ်ငန်းများကို နေရာအလိုက်၊ လမ်းများအလိုက် စနစ်တကျ ဆက်လက် ဆောင်ရွက်လျက်ရှိနေတယ်လို့သိရပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကောလင်းမြို့မှ နေရပ်စွန့်ခွာဒေသခံ ပြည် သူများ ပြန်လည်ဝင်ရောက်နေထိုင်နိုင် ရေးနှင့် အကြမ်းဖက်သမားများကြောင့် ယိုယွင်း ပျက်စီးခဲ့ရသည့် အပျက်အစီးများ ဖယ်ရှားရှင်းလင်းပေးခြင်း၊ မိုင်း ရှင်းလင်းပေးခြင်း စသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံး ဆက်လက် ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
@ymg/knl
Page 578 of 1981