#Local_News
Published 2 March 2025

▪️ စိုက်ပျိုးသူ တောင်သူများအဓိကသုံးစွဲနေသည့် မြေသြဇာ ၄ မျိုး၏ မတ်လအတွက်ရည်ညွန်းဈေးများ ကို ယူရီးယားမြေသြဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီကထုတ်ပြန်လိုက်ကြောင်း သိရသည်။

▪️ အဆိုပါ  တောင်သူများ အဓိကသုံးစွဲနေသည့် မြေသြဇာ ၄ မျိုးအတွက် မတ်လ ၁ ရက်မှ ၃၁ ရက်အထိ ရန်ကုန်အထိုင်ဈေးတွေကို သတ်မှတ်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

▪️ ထိုသို့ ထုတ်ပြန်ရာတွင်ယူရီးယားမြေသြဇာ (အလုံးကြီး) ၅၀ ကီလိုတစ်အိတ် ၉၅,၀၀၀ ကျပ်၊ Rock Phosphate အခြေခံ ၁၅ ပတ်လည် ကီလိုတစ်အိတ် ၁၂၄,၀၀၀ ကျပ်၊ Di Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ကီလိုတစ်အိတ် ၁၃၅,၀၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

▪️ ထို့အပြင်ဒေသအလိုက် သယ်ယူစရိတ်များ အပေါ်မူတည်ပြီး ဈေးနှုန်းအနည်းငယ်ပြောင်းလဲနိုင်ပြီး ရည်ညွှန်းဈေးနှုန်းများအတိုင်း မရောင်းချပါက တိုင်ကြာင်းနိုင်ကြောင်း အသိပေးထားသည်။

#YMG/NN #Yangon_Times