#Local_News
Published 2 March 2025
▪️ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် အနီးကိုဗဟိုပြု၍ မြေငလျင်လှုပ်ခတ်ခဲ့ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
▪️ ၂၀၂၅ ခုနှစ်၊ မတ်လ (၃) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀)နာရီ၊ (၀၃)မိနစ်၊ (၁၃)စက္ကန့် အချိန် တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၂၇)မိုင်ခန့် ကွာဝေးသော မြန်မာ နိုင်ငံပြည်တွင်း (တိုက်ကြီးမြို့၏ အရှေ့တောင်ဘက် (၇) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၇.၂၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၆)ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိသည်ဟု ဆိုထားသည်။
▪️ အဆိုပါမြေငလျင်၏ အရှိန်ကြောင့် ရန်ကုန်မြို့ရှိ ရွှေပြည်သာမြို့နယ်အပါအဝင် မြို့နယ်အချို့၌ပါ ငလျင်အနည်းငယ်လှုတ်ခတ်သွားကြောင်းသိရသည်။
#YMG/NN #Yangon_Times