#Local_News
Published 11 March 2025

▪️ ကလေးများအတွက် နွေရာသီကျောင်းပိတ်ရက် စတင်သည့်ကာလအထိမ်းအမှတ်အနေဖြင့် ရန်ကုန်တိရစ္ဆာန်ဥယျာဥ်တွင်  Children Party ကို လေးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

▪️ "မိသားစုနဲ့ ဒါမှမဟုတ် သူငယ်ချင်းအပေါင်းအသင်းများနဲ့ ပျော်ပျော်ပါးပါး အပန်းဖြေအနားယူချင်လို့ပဲဖြစ်ဖြစ်၊ တိရစ္ဆာန်‌လေး‌တွေကို ချစ်မြတ်နိုးလို့ပဲဖြစ်ဖြစ်၊ ဗဟုသုတရချင်လို့ပဲဖြစ်ဖြစ် လည်ပတ်ချင်တယ်ဆိုရင်တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) သို့ အရောက်လှမ်းခဲ့ပြီး Children Party Event ကို လာရောက်ဆင်နွှဲဖို့ ဖိတ်ခေါ်ပါတယ် " ဟု ရန်ကုန်တိရစ္ဆာန်ဥယျာဥ်မှ ဖိတ်ခေါ်ထားသည်။

▪️ "Children Party" ကို မတ်လ ၁၃ ရက်မှ  ၁၆ရက်နေ့ထိ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ကလေးများအကြိုက် Kid's talent show ၊Megic Show၊ Game activity အပြင် စိတ်၀င်စားဖွယ်ရာ Entertainment များစွာပါ၀င်မည်ဖြစ်ကာ မိဘများအတွက် လူသုံးကုန်ပစ္စည်းအစုံအလင်‌ရောင်းချပေးမည့်စျေးရောင်းပွဲတော်ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times