#Local_News
Published 14 March 2025

▪️ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ခရီးသည်တင်ယဥ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဥ်ပေါ်ပါ ခရီးသည် ၁၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။

▪️ ဖြစ်စဥ်မှာ ယမန်နေ့ မတ်လ ၁၃ရက် ည၆နာရီ ၅၀မိနစ်အချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၁၇/၃) ဖာလုံကြားတွင် ယာဉ် မတော်တဆမှုဖြစ်ပွား‌ကြောင်းသတင်းရ ဖြူးအမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် ဖြူးအမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များ ကူညီကယ်ဆယ်ရေးလုပ်ငန်းသွားရောက် ဆောင်ရွက်ခဲ့ရာနေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော၊ YUTONG အမျိုးစား၊ အပြာရောင် Express ခရီးသည်တင်ယာဉ်သည် အခင်းဖြစ်မိုင်တိုင်အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်မြေသားလမ်းပေါ်တွင်တိမ်းမှောက်ရပ်တန့်သွားခဲ့ကြောင်း၊ ယာဥ်မတော်တဆမှုကြောင့် ယာဉ်ပေါ်တွင်၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အပါ ကျား(၇ဦး၊ မ(၅)ဦး၊ ကလေးကျား(၁)ဦး၊ ပေါင်း(၁၃)ဦးအနက်၊ ကျား(၅)ဦး၊ မ(၄)ဦး၊ ကလေးကျား(၁)ဦး ပေါင်း(၁၀)ဦး၊ မစိုးရိမ်ရထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

▪️ အဆိုပါ ဒဏ်ရာရရှိသူများအား ဖြူးမြို့နယ်ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့‌ကြောင်း သိရသည်။

#YMG/SW #Yangon_Times