၂၅ မတ် ၂၀၂၄
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကို တစ်ပြိုင်တည်းမလုပ်နိုင်ရင် လုပ်နိုင်တဲ့ အပိုင်းလိုက်ကို လုပ်ဆောင်သွားမယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားပါတယ်။ နစက ဥက္ကဋ္ဌဟာ ရုရှားနိုင်ငံမှ ITAR-TASS Media နှင့် သီးသန့် အင်တာဗျူးတစ်ခုမှာ ယခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
Published_ 25 March 2024
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏ မြန်မာငွေကျပ်သန်းပေါင်း ၈,၀၃၆ ကျော်နှင့် ကန် ဒေါ်လာ ၉သန်း ကျော်ပမမာဏရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၁၀ ခုအတည်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ရင်းနှီးမြှုပ်နှံမှုကော်မတီမှသိရသည် ။
မတ်လ ၂၂ ရက် မနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး၊ ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးမှာ ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်း အဝေး၌ အတည်ပြုပေးလိုက်ခြင်း ဖြစ်သည် ။
အဆိုကဏ္ဍများမှာဟိုတယ်ဝန်ဆောင်မှုကဏ္ဍ၌ ရာနှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခု၊ စက်မှုကဏ္ဍမှာ ရာနှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃ ခုနှင့် စက်မှုကဏ္ဍ၌ ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄ ခု၊ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခုတို့ကို အတည်ပြုပေးခဲ့ခြင်းဖြစ်သည် ။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏသည် မြန်မာငွေကျပ် ၈,၀၃၆ ဒသမ ၆၅၉ သန်းနှင့် အမေရိကန် ဒေါ်လာ ၉ ဒသမ ၀၄၆ သန်းဖြစ်ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 25 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
မကွေးတိုင်းဒေသကြီး အတွင်း ရေသွင်း မိုးကြိုနှမ်း စိုက်ပျိုးတဲ့ တောင်သူ တွေ ကို တစ်ဦးလျှင် ချေးငွေ ကျပ်၃သိန်း စီ ထုတ်ချေးပေးတယ်လို့ မကွေးတိုင်းတောင်သူဖွံဖြိုးရေးအဖွဲ့ထံ က သိရပါတယ်။
Yangon Times/LW
#Local_News
#Published_ 25 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
နယ်စုံမှာ အခြေခံစားကုန်လှိုင်လှိုင်ထွက်ချိန် ဘုရင့်နောင်ဈေးကွက်သို့ အဝင်များပြီး ဈေးနှုန်းတွေ ကျဆင်းနေတယ်လို့ မြန်မာနိုင်ငံကြက်သွန်နီ၊ ကြက်သွန်ဖြူ စားဖို့ဆောင်သီးနှံစိုက်ပျိုး တင်ပို့ရောင်းချသူများအသင်းက သိရပါတယ်။
Yangon Times/NN
#Local_News
#Published_ 25 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရန်ကုန်-မော်လမြိုင်ခရီးစဉ် ပြေးဆွဲနေပါတယ်။ ရန်ကုန်-ပြည်ရထား နေ့စဉ်ရှိတယ်။ ရန်ကုန်ကနေ ပုဂံကို သောကြာနေ့ ညနေ ၄နာရီ ၁၅မိနစ်တိုင်း ရထားနဲ့ သွားရောက်နိုင်မယ်။ ရန်ကုန်-မန္တလေးရထားလည်း အပတ်စဉ် ရှိပါတယ်။ မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦး
Yangon Times/LW
#Local_News
#Published_ 25 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 25 March 2024
ရန်ကုန်မြို့ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာ အိမ်ခန်းငှားရမ်းနေထိုင်ခွင့်ကို တတိယအကြိမ်အဖြစ်ယနေ့ စတင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အိမ်ခန်းနေရာအငှားချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည် ။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂)လမ်းမကြီးနှင့် ရန်ကုန်မြို့ပတ်လမ်းမကြီး လမ်းဆုံ အနီး သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများကို ရန်ကုန်၌ နေထိုင်ပြီး နေရေးအခက်အခဲရှိသည့် ပြည်သူများ ၊ အငြိမ်းစားဝန်ထမ်းများနှင့် လက်ရှိတာဝန်ထမ်းဆောင်နေဆဲ နိုင်ငံ့ဝန်ထမ်းများကို ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း ဆိုသည် ။
ထို့အပြင် ထပ်မံပြီးစီးမည့် တိုက်ခန်းများအတွက် တိုက်ခန်းငှားရမ်းခွင့်လျှောက်လွှာများကို ကြိုတင်ရောင်းချသွားမည် ဖြစ်သည်။
အဆိုပါ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာသို့ ဘတ်စ်ကားလိုင်း ၄ လိုင်း ပြေးဆွဲသွားရန်လျာထားပြီးလက်ရှိတွင် စတင်နေထိုင်သူများ အဆင်ပြေစေရန် အမှတ် ၁၁၈ နှင့် ၉၇ ယာဉ်လိုင်းများ စတင်ဝင်ရောက် ပြေးဆွဲနေပြီလို့လည်း သိရသည်။
ထို့အပြင် စုစုပေါင်းအခန်း ၄၀၀ ကျော်ကို ၂၀၂၄ ခုနှစ်၊ မေလတွင် ငှားရမ်းနေထိုင်ခွင့်ရရှိနိုင်ရေး ဆောင်ရွက် ပေးသွားရန်လျာထားကြောင်း၊ နေရေးအခက်အခဲရှိသူများအနေဖြင့် မိမိတို့နေထိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး များတွင် လျှောက်လွှာများ ဝယ်ယူလျှောက်ထား တင်ပြနိုင် ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 25 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 25 March 2024
မြန်မာ့စာတိုက်လုပ်ငန်းမှ မြန်မာနိုင်ငံ၌ တွေ့ရှိသော လိပ်ပြာမျိုးစိတ်အဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မှတ်တမ်းတင် သဘောထားမှတ်ချက်ပြုထားသည့် "Common Bluebottle" လိပ်ပြာပုံ (၂၀၀) ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ် (၁)မျိုးကို ထုတ်ဝေသွားမည်ဖြစ်ကာ အဆိုပါ စာပို့တံဆိပ်ခေါင်းအသစ်အား၂၀၂၄ ခုနှစ် မတ်လ (၂၇) ရက်တွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေး စာတိုက်ကြီး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စာတိုက်များမှ နံနက် ၉ နာရီခွဲမှစတင်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတွင် ဝယ်ယူသူများကို စာပို့တံဆိပ်ခေါင်းများအပေါ်မှ နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 25 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 562 of 2042