#Local_News
Published 17  March  2025

▪️ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ယမန်နေ့က တစ်ရက်ထဲ ယာဉ်မတော်တဆမှုသုံးကြိမ်ဖြစ်ပွားခဲ့ပြီးစေတနာ့ဝန်ထမ်း အမျိုးသမီးငယ်တစ်ဦးအပါအဝင်သုံးဦး ‌ေ_သဆုံးပြီး ၁၃ဦးဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။

▪️ မတ်လ ၁၆ရက်နေ့အတွင်း ယာဉ်မတော်တဆမှု (၃)ကြိမ်ဖြစ်ပွားခဲ့ပြီး၊ ကျား(၁)ဦး၊ မ(၂)ဦးသေဆုံးကာ၊ကျား(၇)ဦး၊ မ(၆)ဦးထိခိုက်ဒဏ်ရာရရှိ‌ခဲ့ကြောင်း သိရသည်။

▪️ အဆိုပါ ဖြစ်စဉ်များအတွင်း၌ မတ်လ၁၆ရက်နေ့ မနက်၉နာရီအချိန်က
ရန်ကုန်-မန္တလေးအမြန်လမ်း (၉၇)မိုင် (၆)ဖာလုံတွင် ရန် ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ လူမှုကူညီရေးအသင်း လူနာတင်ယာဉ်တစ်စီး သည် ရန်ကုန်မြို့မှ နေပြည်တော်သို့ လူနာပို့ဆောင်စဉ် ယာဉ်မတော်တဆဖြစ်ပွားခဲ့ခြင်းလည်းပါဝင်ပြီး  ယင်းယာဥ်မတော်ဆမူကြောင့် လူနာ၊ လူနာရှင်နှင့် စေတနာ့ဝန်ထမ်းအမျိုးသမီးငယ်တစ်ဦးသေဆုံးခဲ့ပြီး စေတနာဝန်ထမ်း ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

▪️ အမြန်လမ်းမကြီးပေါ်တွင် သွားလာနေကြသော မိဘပြည်သူခရီးသွားများ အဆင်ပြေစေရန် အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ(၂၄)နာရီကူညီဆောင်ရွက်ပေးရန်အသင့်ရှိ‌နေပြီး အကူအညီလိုအပ်ပါက 'အမြန်လမ်းမီးသတ်တပ်ဖွဲ့' (09 444 111 150)(09 256 544 591)(09 428 956 191) စသည့် ဖုန်းနံပါတ်များသို့ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

#YMG/NN #Yangon_Times