#Local_News
Published_17 March 2025
▪️ လာမည့်ဧပြီလမှစတင်၍ တည်ဆောက်ဆဲ ဒလ တံတားအောက်မှခုတ်မောင်းဖြတ်သန်းရမည့် ရေယာဉ်များ၏ Air Draft သည် ၄၁ မီတာအထိသာ ဖြတ်သန်းခုတ်မောင်းနိုင်မည်ဖြစ်သောကြောင့် လိုအပ်ပါက Round Turn Arichorage (RTA)တွင် ကျောက်ချရပ်နားပြီး ရေစစ်ချိန်ထိစောင့်ဆိုင်းဖြတ်သန်းခြင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ထုတ်ပြန်ထားသည်။
▪️ သံမဏိဆိုင်းကြိုးတပ်ဆင်ခြင်းလုပ်ငန်း ဆိုင်းကြိုး ၁၂/၁၃ မှ ဆိုင်းကြိုး ၂၀ အထိလုပ်ငန်း ဆောင်ရွက်နေစဉ် တံ တားအောက်မှဖြတ်သန်းခုတ်မောင်းရမည့် ရေယာဉ်ကြီးများ၏ ရေလမ်း ကင်းလွတ်အမြင့်သည် ရေထရက် ရေ အမြင့်ဆုံးအချိန် ရေပြင်မှ Form Traveller အောက်ခြေအထိ ၄၀ ဒသမ ၈ မီတာရှိပြီး မြေပြင်တိုင်းတာတွေ့ ရှိ ချက်များအရ ၄၃ ဒသမ ၁၃ မီတာရှိသောကြောင့် အထက်ပါအတိုင်း သတိပေးထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရ သည်။
▪️ လက်ရှိတွင် ကိုရီးယား-မြန်မာချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်း၏ ရေလယ်ပင်မတံတား သံမဏိ ဆိုင်းကြိုးများ တပ်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ဧပြီလတွင် ဒလဘက်အခြမ်း၌ ဆိုင်းကြိုး ၁၃ နှင့် ရန်ကုန်ဘက်အခြမ်း၌ ဆိုင်းကြိုး ၁၂ တပ်ဆင်ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
▪️ ယင်းကြောင့်ရေလမ်းကင်းလွတ်အကျယ် ၁၃၃ မီတာသာ ကျန်ရှိတော့မည်ဖြစ်သည့်အတွက် ကိုရီးယား-မြန်မာ ချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်း၏ ရေလည်ပင်မတံတား သံမဏိဆိုင်းကြိုးများ တပ်ဆင်ခြင်း လုပ်ငန်း ဆောင် ရွက်နေစဉ်အတွင်း ပင်မတံတားအောက်မှ ဖြတ်သန်းသွားလာမည့် ရေယာဉ်ကြီးများဘေးအန္တရာယ် ကင်းရှင်းစွာဖြတ်သန်းသွားလာနိုင်ရေး အတွက် ရေကြောင်းသတိပေးချက် (Notice To Mariners) ကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ယင်းကြောင့် တံတားတိုင်ခြေများ၏ မြစ်ညှာနှင့်မြစ်ခြေ ၂ ဖက်၊ ကမ်းနှစ်ဖက်လုံးတွင် Radar Reflecdor တပ်ဆင်ထားသော မီးအချက်ပြ Buoy များကို ရေဒါစနစ်ဖြင့် အလွယ်တကူဖမ်းယူရရှိနိုင်ပြီး ဘေးအန္တရာယ်ကင်းစွာ ဖြတ်သန်းဝင်ရောက်နိုင်ရန် Coordinate ၈ ခုကိုလည်း ချထားပေးထားကြောင်းလည်း သိရသည်။
#YangonTimes/PP