#Local_News
Published 22 March 2025
▪️ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ တွင် အောင်မြင်စွာဖြင့် ကျင်းပပြီးစီးပြီဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ စာမေးပွဲကိုမတ်လ (၁၇)ရက်မှ စတင်၍ မြန်မာဘာသာရပ်ကို စတင်ဖြေဆိုခဲ့ခြင်းဖြစ်သည်။
▪️ ထိုသို့ဖြေဆိုရာတွင် မတ်လ (၂၂) ရက်အထိ ပိတ်ရက်မရှိ ဆက်တိုက်ဖြေဆိုရခြင်းဖြစ်ပြီး ယနေ့တွင် သိပ္ပံဘာသာတွဲ နောက်ဆုံးနေ့အဖြစ် ဇီဝဗေဒဘာသာကိုလည်းကောင်း၊ ဝိပ္ပံနှင့် ဝိဇ္ဇာဘာသာအတွဲ(၂) နောက်ဆုံးနေ့အဖြစ် ဘောဂဗေဒဘာသာကိုလည်းကောင်း ဖြေဆိုခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
▪️ ယခုနှစ်တွင် စာစစ်ဌာနပေါင်း ၈၁၇ ခုဖွင့်လှစ် ဆောင်ရွက်ထားပြီး ဝင်ရောက်ဖြေဆိုရန်စာရင်းပေးသွင်းထားသူ ၂၂၀,၀၀၀ ကျော်ရှိခဲ့ကာ
(၂၀၈,၈၈၉) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times