#Local_News
Published_2 April 2025
▪️ ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် လွှတ်တော်အဆောက်အဦများကို စနစ်တကျ ပြန်လည်ပြုပြင် တည်ဆောက် ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
▪️ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦများတွင် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အခြေအနေများကို ဧပြီလ ၁ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးပြီး အထက်ပါ အတိုင်းမှာကြားခဲ့ခြင်းလည်းဖြစ်သည်။
▪️ နစက ဥက္ကဌက ပျက်စီးသွားသောပြည်သူ့လွှတ်တော်အဆောက်အဦ၊ ပြည်ထောင်စုလွှတ်တော်အဆောက်အဦ၊ အမှတ်(၁)ဂိတ်အဝင်တံတားနှင့်မုခ်ဦး၊အမျိုးသားလွှတ်တော်အဆောက်အဦနေရာများသို့ ရောက်ရှိစဉ် ထိခိုက် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် စနစ်တကျဖြင့် ပြန်လည်ပြုပြင်တည်ဆောက်သွားရန်၊ ပြုပြင်မှုများကို အဆင့်အလိုက် စနစ်တကျဖြင့် ဆောင်ရွက်သွားရန်၊ ရေရှည်တည်တံ့စေရေးနှင့် ခိုင်ခိုင်မာမာဖြစ်စေရေး ဆောင်ရွက်သွားရန်၊ ထိခိုက်ပျက်စီးခဲ့မှုများနှင့် ပြန်လည်ပြုပြင်တည်ဆောက်မှုအခြေအနေများကိုလည်း စနစ်တကျဖြင့် မှတ်တမ်းထားရှိသွားရန် ပြောကြားခဲ့ကြောင်း သိရသည်။
#Yangon_Times/PP